စင်ကာပူနိုင်ငံအတွက် ရွှေ့ပြောင်းလုပ်သားများ ပိုမိုလိုအပ်
အသက်အရွယ်ကြီးရင့်နေတဲ့ လူဦးရေများလာတာနဲ့အမျှ လူဦးရေကျဆင်းလာနေတဲ့ ဂယက်ရိုက်ခတ်မှုကို ကျဆင်းသွား စေဖို့အတွက် စင်ကာပူနိုင်ငံက ရွှေ့ပြောင်းလုပ်သား အသစ် တွေကို ဆွဲဆောင်သင့်တယ်လို့ လေ့လာချက်စစ်တမ်း တစ် စောင်မှာ ဖော်ပြထားပါတယ်။ အမြဲတမ်းနေထိုင်သူ (Non-resident) လူဦးရေ ကိစ္စကို မူဝါဒများလေ့လာရေးအဖွဲ Institute of Policy Studies ( IPS ) ရဲ့ အစီ ရင်ခံစာမှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းစဉ်းစားလာပါတယ်။ ဒီလူ တွေထဲမှာ Work Permit ၊ ရက်ရှည် လူမှုရေး အလည် အပတ်ဗီဇာနဲ့ နိုင်ငံခြားကျောင်းသားများ ပါဝင်ပါတယ်။ အစီရင်ခံစာထဲမှာ အဖွဲ့က အလားအလာသုံးခုကို တွက်ချက် ခန့်မှန်းပြသ ခဲ့ပါတယ်။ ပထမအလားအလာက ဒီလူဦးရေ အချိုးအစားကို စုစုပေါင်းလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း၊ ဒုတိယ အလားအလာမှ ဒီလူဦးရေကို စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ တတိယအလားအလာမှာ ဒီလူဦးရေကိုစုစုပေါင်း လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းထားပြီး ခန့်မှန်းတွက်ချက်ပါတယ်။ အလားအလာ သုံးခုစလုံးအရ စင်ကာပူနိုင်ငံက နိုင်ငံသား သို့မဟုတ်အမြဲနေထိုင်ခွင့်ရသူ(ပီအာ)လူဦးရေနှစ်စဉ် ၃၀၀၀၀ လိုအပ်မှာဖြစ်ပါတယ်။ စင်ကာပူရဲ့ နှစ်စဉ် မွေးဖွားနှုန်းက ၁ ဒသမ ၂၄ ရာခိုင်နှုန်းဖြစ်ပါမယ်။ အမြဲတမ်း နေထိုင်သူ မဟုတ်တဲ့ လူဦးရေများလာတာ ကြောင့်စုစုပေါင်းလူဦးရေပိုမိုများပြားလာမဲ့ သဘောရှိတယ်။ တကယ်လို့ စုစုပေါင်းလူဦးရေမှာ နိုင်ငံခြားသား ဦးရေ အချိုးအစား ၃၃ ရာခိုင်နှုန်းထိတက်လာရင် လက်ရှိလူဦးရေ ၅ သန်းက ၂၀၃၀ ပြည့်နှစ်မှာ ၆ ဒသမ ၈ သန်းထိရှိလာ နိုင်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့ လူဦးရေ အချိုး အစားက ကြီးထွားလျက်ရှိနေဆဲဖြစ်ပေမဲ့ အမြဲတမ်းနေထိုင်သူ မဟုတ်တဲ့ လူဦးရေ အချိုးအစားများလာရင် အသက်အရွယ် ကြီးရင့်သူ အရေအတွက်ရဲ့ အချိုးအစားက ကျဆင်းသွားနိုင် ပါတယ်။ လာမဲ့နှစ် ၂၀ အတွင်းမှာ နိုင်ငံခြားသားအချိုးအစားက ၃၃ ရာခိုင်နှုန်းရှိမယ်ဆိုရင် အသက် ၆၅ နှစ်အထက် ရှိသူ ဦးရေနဲ့ အလုပ်လုပ်နေသူဦးရေအချိုးက ၁း၅ အထိရှိလာ နိုင်ပါတယ်။အကယ်၍ စင်ကာပူနိုင်ငံက ရွှေ့ပြောင်းလုပ်သား တွေကိုလက်မခံရင်အသက်အရွယ်ကြီးရင့်သူတစ်ဦးကို အလုပ် လုပ်နေသူနှစ်ဦးက ထောက်ပံ့သွားရမဲ့ အခြေအနေရှိနေတယ် လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။Source.CNA
