ဗီယက်နမ် ဆန်တင်ပို့ အော်ဒါရရှိမှု စံချိန်သစ်တင်

    ယခုနှစ်ယခုအချိန်ထိ ဗီယက်နမ်က ဆန်တင်ပို့ဖို့ စာချုပ် ချုပ်ဆိုပြီး ပမာဏဟာ တန်ချိန် ၄ ဒသမ ၅ သန်း ကျော်ပြီ ဖြစ်လို့ မကြာသေးခင်က စံချိန်တင်မြင့်တက်မှုထက် တန်ချိန် ၃သိန်းတိုးလာကြောင်းဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) မှ ပြောကြားပါတယ်။ အဲဒီလို တိုးတက်လာတဲ့ ပမာဏဟာ အင်ဒိုနီးရှားနိုင်ငံကို တစ်တန် ကန်ဒေါ်လာ ၄၂၅ ဈေးနဲ့ ၁၅ မှတ်ဆန်တန် ၃ သိန်းတင်ပို့ရမှာ ဖြစ်ပါတယ်။    လက်မှတ်ရေးထိုးထားတဲ့ စာချုပ်များထဲမှာ ၅ မှတ်ဆန် တစ်သန်းမှာ တစ်တန်ကန်ဒေါ်လာ ၄၂၀ ဈေးနဲ့ တင်ပို့ထား ပြီး၊ တစ်တန် ကန်ဒေါ်လာ ၃၈၀ ဈေးနဲ့ ၂၅ မှတ်ဆန် တန် ၇ သိန်း စာချုပ်ထားကြောင်း သိရပါတယ်။ဆန်တန် ၄ သိန်း ခန့်မှာ တစ်တန်ကန်ဒေါ်လာ ၄၆၀ ကျော်နဲ့ တင်ပို့ဖို့ စာချုပ် ထားတယ်လို့ သိရပါတယ်။ ဆန်ရောင်းဝယ်တဲ့ ကုမ္ပဏီများ ပြောကြားချက်အရ ပြည်ပနိုင်ငံများရဲ့ တင်သွင်းဝယ်လိုအား သိသိသာသာမြင့်တက်နေတယ်လို့သိရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံမှ ဝယ်လိုအား ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး၊ ယခုနှစ်မှာ တန်ချိန် ၄ သန်း-၅သန်းအထိရှိနိုင်တယ်လို့ သိရပါတယ်။    Cai  Be ခရိုင်မှ  Ba  Doc လက်ကားဈေးကွက်အတွင်းမှ ကြားပွဲစားကုန်သည်များ ပြောကြားရာမှာ ရုံးပိတ်ရက်အပြီးမှာ ပြည်တွင်းဆန်ဈေး တစ်ဖန်ပြန်မြင့်လာတယ်လို့ ဆိုပါတယ်။ IR 50404  စပါးစိုဈေးဟာတစ်ကီလိုဒေါင် ၄၉၀၀ (တစ်တန် ကန် ဒေါ်လာ ၂၃၅) ရှိပြီး၊ စပါးအခြောက်ဈေးမှာ တစ်ကီလို ဒေါင် ၅၆၀၀(တစ်တန် ကန်ဒေါ်လာ ၂၆၉)ရှိပါတယ်။ လုံး သွယ်စပါးဈေးမှာ တစ်ကီလို ဒေါင် ၅၀၀၀-၆၀၀၀ (တစ်တန် ကန်ဒေါ်လာ ၂၄၀-၂၈၈) ဈေးရှိတယ်လို့ သိရပါတယ်။    ပြည်တွင်း ဆန်တင်ပို့သူများဟာ ယခုနှစ် ပထမ ၃ လ အတွင်း အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်းသိရပါတယ်။ဗီယက်နမ်တောင်ပိုင်းစားနပ်ရိက္ခာကော်ပိုရေးရှင်း(Vinafood2) မှာပါဝင်တဲ့   Foodstaff  Joint  Stock ကုမ္ပဏီဟာ ကာလတူ ထက် ၅၀ ရာခိုင်နှုန်း ပိုမိုပြီး၊ အခွန်နုတ်ပြီး အကျိုးအမြတ်ဟာ ဒေါင် ၇ဒသမ ၈ ဘီလီယံ(ကန်ဒေါ်လာသုည ဒသမ ၃၇သန်း) ရရှိပြီလို့ သိရပါတယ်။ Vinh   Long  Food  Joint  Stock   ကုမ္ပဏီကလည်း ပထမ ၃ လအတွင်း ဆန်တန်ချိန် ၅၆၀၀၀ သာ ရောင်းချထားပေမယ့် အခွန်နုတ်ပြီး၊ အကျိုးအမြတ် ဟာ ဒေါင် ၃ ဒသမ ၇ဘီလီယံ(ကန်ဒေါ်လာသုညဒသမ၁၈ သန်း) ရရှိလို့ ယခင်နှစ်ထက် ၇၄ ရာခိုင်နှုန်း တိုတက်ရရှိတယ်လို့ ဆိုပါ တယ်။    VFA  မှ ပြောကြားချက်အရ ဧပြီလအတွင်း ပြည်တွင်း ဆန်တင်ပို့သူများမှ ဆန်တန်ချိန် ၆၇၀၀၀၀ တင်ပို့ပြီး ပထမ ၄ လအတွင်း စုစုပေါင်းတန်ချိန် ၁ ဒသမ ၈ သန်းတင်ပို့ခြင်းမှ FOBတန်ဖိုးနဲ့ ကန်ဒေါ်လာ ၈၄၀ သန်းရရှိထားကြောင်း သိရပါတယ်။လဝန်း၊Source: The  Saigon Times