Commerce က ပေးသော စီးပွားရေး အလင်းရောင်

                တောင်ကြီးမြို့နယ်  နမ့်ဟောင်း ကျေးရွာအုပ်စု   ဘန့်ကွဲကျေးရွာက ဦးထွန်းရွှေ၊ ဦးပေါက်စီတို့နဲ့ စာရေးသူ ဆွေးနွေးဖြစ်ပါတယ်။ ဘန့်ကွဲကျေးရွာ ဟာ တောင်ကြီးမြို့ကနေပြီး ၁၉ မိုင် လောက်ပဲ အရှေ့မြောက် ဆက်သွားရ တာပါ။ ယခင်က နယ်မြေအခြေအနေ ကလည်း သိပ်မကောင်း၊ ဒေသခံတွေ ကလည်း  အခြားဒေသကို အရောက် အပေါက်နည်းတော့ ပြောင်း၊ ပဲစင်းငုံ လောက်ပဲ စိုက်ဖြစ်ကြတယ်။ တောင် ကြီးမြို့ကိုရောက်တဲ့အခါမှာ ဂျာနယ် တိုက်ကို   မှာထားပြီး    Commerce ဂျာနယ်ကို ဖတ်မှတ်၊ လေ့လာ၊ ရွာသူ ရွာသားတွေကိုချပြပေါ့။ တစ်ခါ ဖိုးသာ အောင်ရေးတဲ့ တရုတ်ကသွင်းလာတဲ့ အာလူးမျိုးတွေလိုချင်တော့ Commerce ကနေတစ်ဆင့် ချိတ်ဆက်ဖြစ်တယ်။ စာရေးသူနဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရလို့ အာလူးမျိုးအပြင်၊ ကြက်သွန်ဖြူ၊  ချင်း မျိုးများပါ ဝယ်ယူရရှိခဲ့ပါတယ်။  ဟဲဟိုး ဝါးရုံပင်ရှိ သီးနှံစုံအခြောက်ခံစက်လေ့ လာပြီး  ဂေါ်ဖီထုပ်စိုက်ပျိုးရေးကိုပါ စက်ရုံက  တာဝန်ရှိသူတွေနဲ့ မြန်မာ့ လယ်ယာထွက်ကုန်က TPIS   ဝန်ထမ်း တွေ ရွာကိုရောက်လာပြီး တောင်သူ တွေ ပညာပေးဖြစ်တယ်။ အခုလည်း ပြည်နယ်သစ်သီးဝလံ ပန်းမန်နှင့် ဟင်း သီးဟင်းရွက်  စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနဲ့  ချိတ်ဆက် မိပြီး ၂၀၁၂ ခုနှစ် မေ ၁၂ ရက်မှာ သြ ဂဲနစ်သစ်သီးဝလံပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်ခြင်း နည်း ပညာသင်တန်းဖွင့်ဖို့ စီမံနေပြီတဲ့။ ဒါ့ အပြင်  အသင်းအဖွဲ့နဲ့  ချိတ်ဆက်ပြီး၊ သြဂဲနစ်သီးနှံတွေစိုက်၊   မလေးရှား၊ စင်ကာပူ၊ ဂျပန်ထိချိတ်ဆက်ပေးပို့ဖို့ ပြင် ဆင်နေပြီတဲ့။ နောက်ဆုံး ဦးထွန်းရွှေက ပြောသွားသေးတယ်။  ဒီလိုတိုးတက်မှု တွေဟာ Commerce  ကပေးတဲ့ စီးပွား ရေးအလင်းရောင်တွေပါပဲတဲ့ဗျာ။ ဒီလို ပဲ   ကျန်တဲ့တစ်နိုင်ငံလုံးမှာ  ရှိကြတဲ့ ကျေးရွာတွေမှာလည်း ဦးထွန်းရွှေတို့၊ ဦးပေါက်စီတို့လို စာပေဗဟုသုတ လေ့ လာပြီး  ကိုယ့်ဒေသ၊   ကိုယ့်ကျေးရွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ထုတ်လုပ် သူတောင်သူတွေ  တွက်ခြေကိုက်သီးနှံ တွေစိုက်ပျိုးပြီး စီးပွားရေးအလင်းရောင် တွေ ရရှိကြပါစေလို့ဆန္ဒဖြင့် ...။ခွန်မောင်း