ယခုနှစ် သီရိလင်္ကာနိုင်ငံက ဆန်တန်ချိန် ငါးသောင်း တင်ပို့ဖို့ စီစဉ်

    သီရိလင်္ကာနိုင်ငံမှ ယခုနှစ်မှာ ပထမခြေလှမ်းအနေနဲ့ ဆန်တန်ချိန် ငါးသောင်းတင်ပို့ခြင်းဖြင့် ဆန်တင်ပို့နိုင်ငံ များ အတွင်းကို ဝင်ရောက်တော့မှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တန်ချိန် နှစ်သိန်းအထိ တိုးမြှင့် တင်ပို့ဖို့လည်း မျှော်လင့်ထား ကြောင်း သိရပါတယ်။    သီရိလင်္ကာနိုင်ငံဟာ ဆန်စပါးစိုက်ပျိုးမှုမှာ အားပေး ဆောင်ရွက်မှုများနဲ့အတူ စားနပ်ရိက္ခာသီးနှံနဲ့ မျိုးစေ့ ထုတ် လုပ်မှုတို့မှာ ထောက်ပံ့မှုတွေ ဆောင်ရွက်ခြင်းအားဖြင့် ယခု အခါ ဆန်အပြင် ပဲပုပ်၊ ပဲတီစိမ်း၊ ပြောင်းနဲ့ ကြက်သွန်နီများ လည်း ပြည်တွင်း ဖူလုံနေပြီလို့ စိုက်ပျိုးရေးဝန်ကြီး Mahinda  Yapa  Abeywardena  မှ ပြောကြားပါတယ်။    ပြည်တွင်း ထုတ်လုပ်မှုမြင့်တက်ဖို့ စပါးမျိုးစေ့များစွာကို သုတေသနပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေး သီးနှံ ဝန်ဆောင်မှုဌာနမှ အရာရှိများရဲ့ ပြောကြားချက်အရ ကာဗွန် နစ် ဓာတ်မြေသြဇာအသုံးပြုခြင်းဖြင့် ယင်းစပါး မျိုးများမှ အထွက်နှုန်းတိုးမြင့်နိုင်ကြောင်းသိရပါတယ်။လမင်းSource: riceonline