ကမ္ဘာ့စီးပွားရေးအလားအလာနဲ့ ငွေကြေးဈေးကွက် အတက်အကျတို့က ဆန်ဈေးကိုအားပျော့စေနိုင်

    ယူရိုဒေါ်လာ တန်ဖိုးဟာ ဧပြီလကုန်ကတည်းကစပြီး၊ ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ရာ ၄ လအတွင်း အနိမ့်ဆုံးနီးပါးဖြစ်တဲ့ ၁ ဒသမ ၂၇ဒေါ်လာဖြစ်လာခဲ့ပါတယ်။ အကယ်လို့သာ ဆက်လက်ကျဆင်းနေဦးမယ်ဆိုရင် ၂၀၀၆ ခုနှစ်နောက်ပိုင်း အနိမ့် ဆုံးဖြစ်ခဲ့တဲ့ ၂၀၁၀ ဇွန်လမှာဖြစ်ပေါ်ခဲ့တဲ့ ၁ဒသမ ၁၈၇၇ ဒေါ်လာထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ယူရိုတန်ဖိုးရဲ့ ကာလရှည် အတွင်းဖြစ်ပေါ်ခဲ့တာကြည့်ရင် ၂၀၀၈ခုနှစ်မှာ ၁ဒသမ ၆၀ဒေါ်လာထိ အမြင့်ဆုံးဖြစ်ရာမှ ပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။    ယူရိုတန်ဖိုးအားလျော့လာခြင်းက တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာတန်ဖိုး တက်လာတာဖြစ်လို့ ဆန်အပါအဝင် အမေရိကန်ပို့ကုန်များ၊ ကမ္ဘာ့ဈေးကွက်မှာ ဈေးပိုမိုလာစေတာဖြစ်ပါတယ်။ ပို့ကုန်ဈေးတွေမြင့်နေတဲ့ အတွက် အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်မှုအားနည်းလာကာဆန်အပါအဝင်ကုန်စည်ဈေးများ ကျဆင်းဖို့လည်း ပိုမိုဖိအားဖြစ်စေနိုင်ပါတယ်။ ဝယ်လိုအား ခိုင်မာ နေမယ်ဆိုရင် ငွေကြေးတန်ဖိုးအားပျော့ခြင်းက အဲဒီနိုင်ငံအတွက် ပြည်ပတင်ပို့မှုကို တိုးတက်စေနိုင်ပါတယ်။    ဥပမာအနေနဲ့ ဘရာဇီးငွေကြေးဟာ မတ်လ အစပိုင်းအကတည်းက ၁၈ ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့ပြီး၊ ယခင်နှစ် ဇူလိုင်လနောက်ပိုင်း ၃၁ ရာခိုင်နှုန်း လျော့ကျခဲ့တာကြောင့် အမေရိကန်မှာ ဘရာဇီးဆန်ဈေးက သိသိသာသာဈေး သက်သာ နေတယ်လို့ သိရပါတယ်။ဒါကြောင့် အမေရိကန်နဲ့ တောင်အမေရိကားမှာ အမေရိကန် ဒေါ်လာတန်ဖိုး ခိုင်မာနေတဲ့ အတွက် ဆန်တင်ပို့သူများ အကျိုးအမြတ်နည်းခြင်းနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။    ကမ္ဘာ့စီးပွားရေးအခြေအနေ ကျဆင်းခဲ့ရင် အမေရိကန် လယ်သမားများဟာ ၎င်းင်းတို့ဆန်တွေကို ပုံမှန်ထက် ပိုမိုရောင်းထုတ် လိုတဲ့ ဆန္ဒရှိလာနိုင်တယ်လို့ ဆိုပါတယ်။ လယ်သမားများ ရောင်းချမှုများလာရင် ဆန်တင်ပို့သူများကလည်း တောင်အမေရိကနဲ့ အာရှတို့ကို ပိုမိုယှဉ်ပြိုင်အောင် ဆန်ဈေးကိုလျှော့ချကမ်းလှမ်းမှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။    ငွေကြေးတန်ဖိုးကျဆင်းခြင်းကြောင့် ဆန်တင်ပို့မှု ပိုမိုတိုးတက်နေခြင်းဟာ ဘရာဇီး တစ်နိုင်ငံထဲသာ မဟုတ်ပါဘူး။ အိန္ဒိယရူပီးတန်ဖိုးကလည်း တစ်ဒေါ်လာကို ၅၄ ဒသမ ၅၀ ရူပီးထိ အနိမ့်ဆုံးကျဆင်းခဲ့လို့ ဖေဖော်ဝါရီလလယ်နောက်ပိုင်း ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အကယ်လို့သာ ရူပီးတန်ဖိုး ဆက်ကျဆင်းနေမယ် ဆိုရင် ဒေါ်လာတန်ဖိုးနဲ့ တွက်ချက်တဲ့ အိန္ဒိယဆန်ဈေးဟာလည်း ဆက်လက်ကျဆင်းလာအုံးမှာဖြစ်ပါတယ်။ အိန္ဒိယဆန်ဈေး လျှော့ချနေခြင်းက ကမ္ဘာ့ဆန်ဈေးကျဖို့ ပိုမိုဖိအားဖြစ်စေပါတယ်။ ရူပီးတန်ဖိုးကြောင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ် နိုင်ဖို့တော့ အစိုးရက ရူပီးများကို ဝယ်ယူလာနိုင် တယ်လို့သိရပါတယ်။ အလားတူ ပါကစ္စတန် ရူပီးကလည်း တစ်ဒေါ်လာ ၉၀ ရူပီးထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ယခင်နှစ် ထက် ၆ ရာခိုင်နှုန်းခန့်သာ လျော့ကျခဲ့တဲ့အတွက် ပြည်ပတင်ပို့သူတွေအတွက် အကျိုးအမြတ်က နည်းတယ်လို့ သိရပါတယ်။ ဘရာဇီးနဲ့ အိန္ဒိယဆန်တင်ပို့သူများက ငွေကြေးတန်ဖိုးအားပျော့လို့ ထူးထူးခြားခြားယှဉ်ပြိုင်ရောင်းချ နိုင်ပေမယ့် ရူပီးတန်ဖိုး ကျဆင်းခြင်းကြောင့် အိန္ဒိယလယ်သမားတွေအတွက်တော့ ရေနံဈေး ပိုမိုကြီးမြင့်လာမှာ ဖြစ်ပါတယ်။    ရူပီးတန်ဖိုးကျဆင်းလို့ အိန္ဒိယလောင်စာဆီဈေးမြင့်တက်ပေမယ့် ယူရိုတန်ဖိုးကျဆင်းခြင်းနဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းခြင်း တို့ကြောင့် ကမ္ဘာ့ရေနံဈေးကတော့ ယခင်လအတွင်း ၁၅ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပါတယ်။ အမေရိကန် အလုပ်အကိုင်ရရှိမှု ဆက်လက်နှေးကွေးနေဆဲဖြစ်ပြီး၊ ဥရောပ ေ<ကးမြီး အကျပ်အတည်းမြင့်တက်ခြင်းနဲ့ တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးကဲ့သို့သော ကြီးမားတဲ့ဈေးကွက်များရဲ့တိုးတက်မှုကလည်းနှေးကွေးနေဆဲဖြစ်တယ်လို့သိရပါတယ်။အကယ်လု့ိ ငွေကြေးဈေးကွက် ဆက်လက် ကျဆင်းမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူများမှ ငွေကြေး အကျပ်အတည်းကြောင့် ဆန်ဝယ်ယူမှုလည်း ကျဆင်းနိုင်တယ်လို့ သိရပါ တယ်။                                                                            လမင်း၊Source: oryza.com