နိုင်ငံစုံမှ ကွန်ပေါင်းမြေသြဇာများတင်သွင်း

နိုင်ငံစုံမှ ကွန်ပေါင်းမြေသြဇာများတင်သွင်းပြည်တွင်းကို မေ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မြေသြဇာတန်ချိန် ၉၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ  သုံးသိန်း ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ကွန်ပေါင်းမြေသြဇာများသာ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့ တဲ့နိုင်ငံနဲ့ တန်ချိန်တွေကတော့ ထိုင်းနိုင်ငံမှ တန်ချိန် ၁၈၀၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၅၄၀ နဲ့ အင်ဒိုနီးရှားနိုင်ငံမှ ကွန်ပေါင်း မြေသြဇာတန်ချိန် ၂၀၀ တို့ဖြစ်ပါတယ်။ ယခင်တစ်ပတ်ထက်စာရင်တော့ ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ဆယ်ေ လာက်လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရ ပါတယ်။                                                 MIRT(DOT)နယ်စပ်မှ ဓာတ်မြေသြဇာအသွင်းလျော့မူဆယ်၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၂၆၂ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၆၃၃၄ တန်ကို မေ ၉ ရက်မှ ၁၅ ရက်ထိကာလ အတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၆၀၀ ကျော် အသွင်း လျော့ခဲ့တာတွေ့ရပါတယ်။ မူဆယ်နဲ့ကော့သောင်းမှ အသွင်းလျော့ခြင်း၊ မြဝတီမှ အသွင်းမရှိခြင်းတို့ကြောင့် တင်သွင်းမှုပမာဏလျော့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ် မှာ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ နိုက်တြိတ်ပိုတက်ရှ်၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ တီစူပါဖော့စဖိတ် တို့ဖြစ်ပါတယ်။                                                     MIRT(DOBT)မြေသြဇာဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်လေးရှိနေမော်လမြိုင်ဈေးကွက်မှာ မြေသြဇာကအရောင်းသွက်လာတာနဲ့အမျှ ဈေးက လည်း လိုက်လာတယ်လို့ သိရပါတယ်။ ပုလဲအသေး ၄၆%က ယခင်တစ်ပတ် ဈေးအတိုင်း မပြောင်းလဲပေမဲ့ ကွန်ပေါင်း ၁၅ ပတ်လည် (အစိမ်း) နဲ့ ကွန်ပေါင်း ၁၆း၁၆း၈ က ၁၀၀၀ ကျပ်ဈေးမြင့်လာပြီး ကွန်ပေါင်း ၁၅း၁၅း၁၅ (ပန်းရောင်)နဲ့ တီစူပါ (၄၆%) သံကွင်း-တရုတ်က ၅၀၀ ကျပ်ဈေးမြင့်လာပါတယ်။ တီစူပါ ၄၆% (မြား-တရုတ်)ကတော့ ဈေးကွက်ထဲမှာ  ပစ္စည်းပြတ်နေပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) က ၂၄၀၀၀ ကျပ်၊ ကွန်ပေါင်း အစိမ်း ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) က ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)က ၃၀၀၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၄၀၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်မှာ ပုံမှန်အရောင်းရှိတယ်လို့လဲ သိရ ပါတယ်။ ယူရီးယားပုလဲ(တရုတ်)က ဈေး မပြောင်းပေမဲ့ တီစူပါ ၁၂%(တရုတ်)၊ တီစူပါ ၁၆%တရုတ်၊ ယူရီးယား(ယူအေအီး) နဲ့ မြားကမ္ဘာမြေသြဇာက ၁၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်)၊ တီစူပါ ၁၀း၁၀း၅ နဲ့ပိုတက်(တရုတ်)က ၅၀၀ ကျပ်ဈေးကျလာပြီး ဓာတ်ဆားက ၅၀၀ ကျပ် ဈေးမြင့်လာပါတယ်။ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား-ပုလဲ (ကမ္ဘာလုံးနဲ့ ရွှေတောင်)(တရုတ်) က ၂၂၅၀၀ ကျပ်၊ (ပန်းဖူး-တရုတ်) ၂၃၀၀၀ ကျပ်၊ တီစူပါ ၁၂% က ၉၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၉၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) က ၁၅၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၇၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၀၀၀ ကျပ်နဲ့ မြှားကမ္ဘာ ၁၆၅၀၀ ကျပ် တို့ဖြစ်နေကြောင်း သိရှိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက  အရောင်းပုံမှန်ရှိနေပြီး မြေသြဇာဈေး တွေကတော့ ယူရီးယားနဲ့ တီစူပါ ၁၆% က ဈေးနည်းနည်းမြင့်ပြီး အရောင်းအဝယ် ဖြစ်ပါတယ်။ ကျန်တဲ့မြေသြဇာကဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ အရောင်း ဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဒီတစ်ပတ်မှာတော့ ယူရီးယား(ရွှေတောင်-တရုတ်) ၂၁၅၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၂၂၃၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ(GSSP ၁၆%- တရုတ်) ၉၂၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) ၈၄၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၇၅၀၀ ကျပ်၊ အာမို(ဒိုင်းမွန်းစတား) ၃၇၅၀၀ ကျပ်နဲ့ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၄၄၀၀ ကျပ်ဈေးတွေနဲ့ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါတယ်။ပဲခူးမြေသြဇာဈေးကွက်မှာ မြေသြဇာအရောင်း အနည်းငယ်လိုက်လာပြီး အသုံးရှိလာတာကြောင့် မြေသြဇာဈေးကလည်း နည်းနည်းမြင့် လာပါတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။  ယူရီးယား-ပုလဲက ယခင်ဈေး အတိုင်းရှိေ ပမဲ့ ရွှေတောင်နဲ့ ကမ္ဘာလုံးကတော့ ငါးရာ ကျပ်ဈေးမြင့်လာပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား-ပုလဲ (ပန်းဖူး)က ၂၂၀၀၀ ကျပ်၊ ယူရီးယား(ရွှေတောင်-တရုတ်)က ၂၁၀၀၀ ကျပ်နဲ့ ယူရီးယား (ကမ္ဘာလုံး-တရုတ်) က ၂၁၅၀၀ ကျပ်ဖြစ်ပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက ပုံမှန်အရောင်းရှိတယ်လို့ သိရပါတယ်။ အရောင်းပုံမှန်ရှိပေမဲ့ ဈေးကမပြောင်းလဲဘဲ ငြိမ်နေတယ်လို့ ပြောပါတယ်။ ဒီတစ် ပတ်မြေသြဇာဈေးတွေက မြားကမ္ဘာ-တရုတ် ၁၂း၁၃(အပြာ) ၁၇၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၇၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၇၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၆၇၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၄၈၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၅၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်- တရုတ်) ၂၃၅၀၀ ကျပ်၊ တီစူပါ(မြှားနီ-တရုတ်) ၂၅၀၀၀ ကျပ်၊ တောင်သူမ ၁၆၅၀၀ ကျပ်၊ ပိုတက် ၂၅၀၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၈၅၀၀ ကျပ်ဖြစ်တယ်လို့ သိရှိရပါတယ်။   MIRT(DOT)