မုံရွာ-ရန်ကုန် တန်ဆာခ မျှတသင့်တင့်လာ
မုံရွာကုန်စည်ဒိုင်ဟာ စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ သီးနှံထွက်ကုန် ၅၀ ရာခိုင် နှုန်းခန့် ရောင်းဝယ်စုဝေးရာ အရပ်ဖြစ် တာနဲ့အညီ ပြည်တွင်း ပြည်ပ ကုန်စည် စီးဆင်းနိုင်ဖို့ အဓိကမဏ္ဍိုင်တစ်ရပ် အဖြစ် "သယ်ယူပို့ဆောင်ရေး ဈေး ကွက်" ကြီးတစ်ခု အဖြစ် ရပ်တည်လျက် ရှိပါတယ်။ ပြည်တွင်းရှိ ကုန်သည်နဲ့ လုပ်ငန်းရှင်တွေ Exporter တွေဟာ မိမိတို့ဝယ်ယူထားတဲ့ သီးနှံတွေကို မုံရွာစုရပ်ကနေ အဆင်ပြေရာလမ်း ကြောင်းများနဲ့ သယ်ယူခဲ့ကြရပါတယ်။ ယခင်ကာလတွေက မုံရွာကနေ သီးနှံတွေကို ကုန်းလမ်း (မော်တော် ကား)ဖြင့် သယ်ယူမှုကများပြားခဲ့သော် လည်း တန်ပိုဂိတ်တွေ ဖွင့်ကာ ကုန်တင် ဆောင်မှုပမာဏသတ်မှတ်ပြီးတဲ့နောက် ကုန်တင်မော်တော်ယာဉ်တွေ တန်ချိန် လျှော့တင်ခဲ့ရလို့ တွက်ခြေကိုက်ေ အာင် တန်ဆာခတွေ မြှင့်တင်ခဲ့ကြတဲ့အတွက် ကုန်သည်အများစုက ကုန်ကျစရိတ် သက်သာတဲ့ ရေလမ်းကြောင်းကို ရွေး ချယ်အားပြု အသုံးချလာခဲ့ကြတာ တွေ့ ရပါတယ်။ဒီအခါမှာ ေ ရယာဉ်သမားတွေ အနေနဲ့ ကုန်းလမ်းတန်ဆာခ တိုးမြှင့် နှုန်းထားကိုမှီပြီး ရေယာဉ်တန်ဆာခ ကိုလည်း မြှင့်တင် ခဲ့ကြတာ တွေ့ရပါတယ်။ ကုန်သည်တွေအနေနဲ့ကတော့ သက်သာနေဆဲဖြစ်တဲ့ ရေယာဉ်တန် ဆာခကြောင့် အပြင် တစ်ကြိမ်တည်း နဲ့ ကုန်ပစ္စည်းပမာဏများစွာ တင်ပို့နိုင်လို့ ဆက်လက် အားထားနေရတဲ့အတွက် ယခုလိုရေလမ်းက စီးဆင်းမှုဟာ ပိုမို မြင့်မားလာတာဖြစ်ပါတယ်။ဘယ်လိုပဲဆိုဆို စီးပွားရေးလုပ်ငန်း ရဲ့ သဘောသဘာဝအတိုင်း လုပ်ငန်းကို ရပ်တန့်ဖို့မလုပ်နိုင်သရွေ့ ဈေးကွက်နဲ့ လိုက်လျောညီထွေဖြစ်အောင် နှုန်းထား ခတွေကိုပြုပြင်ခဲ့ကြတဲ့အတွက် ယခုဆို ရင် ကုန်းလမ်းရေလမ်းတွေက သယ်ယူ မှုအခြေအနေဟာ ကုန်သည်တွေရဲ့ ရွေးချယ်မှုနဲ့အတူ စီးဆင်းမှုပမာဏ မျှတနေပြီး တန်ဆာခအနေနဲ့လည်း သင့်လျော်တဲ့ခြားနား မှုသာရှိတဲ့အတွက် ကုန်သည်တွေ အတွက်ရော၊ သယ်ယူ ပို့ဆောင်ရေးသမားတွေပါ လုပ်ငန်း အဆင်ပြေသွက်လက်နေပါကြောင်းနဲ့ တန်ဆာခ ပြောင်းရွှေ့မှုဖြစ်စဉ်ကို အောက်ပါဇယားနဲ့ တင်ပြလိုက်ရပါ တယ် - (ကျပ်)
