တရုတ်ကုန်သည်များ၏ ဆုံးဖြတ်ချက်ကြောင့် ဒုက္ခရောက်ကြသည့် ဗီယက်နမ်မဲခေါင်မြစ်ဝှမ်းဒေသမှ ကန်စွန်းဥစိုက်ပျိုးသူများ

    တရုတ်ကုန်သည်တွေက ဗီယက်နမ်လယ်ယာထွက်ကုန်တွေကို ဝယ်ယူဖို့ ရုတ်တရက်ငြင်းဆန်လိုက်မှုကြောင့် ဈေးနှုန်းတွေက ၇၀ ရာခိုင်နှုန်းထိုးဆင်းသွားရာ ဗီယက်နမ် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ ဂျပန်ကန်စွန်းဥ  (apanese sweet potato)  စိုက်ပျိုးသူတွေက ဒုက္ခ ရောက်နေကြကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ လက မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားများစွာ (အထူး သဖြင့် Vinh Long  ပြည်နယ်မှလယ်သမားများ)က ဆောင်း-နွေဦး စပါးစိုက်ပျိုးဖို့ အသင့်တော်ဆုံးအချိန်ဖြစ်သော်လည်း ဂျပန်ကန်စွန်းဥ အမျိုးအစားစိုက်ပျိုးဖို့ တစ်ဟက်တာကို ကန်ဒေါ်လာ ၁၉၂၀ မှ ၂၈၈၀ ကြားနဲ့ အငှားချထားတယ်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာ ဂျပန်ကန်စွန်းဥဈေးနှုန်းတွေ ကျဆင်းသွားတဲ့အတွက် လယ်သမား တွေကစိတ်ဓာတ်ကျဆင်းလျက်ရှိတယ်။ တစ်နှစ်အတွင်းမှာ ကန်စွန်းဥ စိုက်ပျိုးမှုဧရိယာက တစ်ဟက်တာမှ ၃၀ ဟက်တာအတွင်း သိသိသာ သာ တိုးတက်သွားခဲ့ကြောင်း သိရှိရတယ်။ယခင်နှစ်စက်တင်ဘာလက ကန်စွန်းဥ တစ်ကွမ်တယ်ကို ဗီယက်နမ် ဒေါင် ၁ သန်းရှိခဲ့ရာမှ ယခုအခါ တစ်ကွမ်တယ်ကို ဗီယက် နမ် ဒေါင် ၃သိန်းနီးပါး (တစ်တန်ကို ကန်ဒေါ်လာ ၁၄၃ ဒသမ၁၆) နဲ့သာ လယ်သမားတွေကရောင်းချလျက်ရှိတယ်။ ယခုအခါ ကန်စွန်း ဥတွေ မှည့်ရင့်ပြီဖြစ်သော်လည်း လယ်သမားတွေက ဈေးနှုန်းနိမ့် လွန်းရာ ရိတ်သိမ်းဖို့ငြင်းဆိုလျက်ရှိတယ်။ ကန်စွန်းဥဈေးနှုန်းတွေက ရုတ်တရုတ်ကျဆင်းခြင်းက တရုတ်ရဲ့ ဈေးနှုန်းကျစေဖို့ ဆောင်ရွက် ချက်ကြောင့်ဖြစ်ကြောင်း သိရှိရတယ်။ တရုတ်ကုန်သည်တွေက ဂျပန် ကန်စွန်းဥကို ဈေးနှုန်းအမြင့်ပေးဝယ်ယူမှုကြောင့် လယ်သမားများစွာ က ဆန်စိုက်ပျိုးတဲ့ဧရိယာတွေကို ကန်စွန်းဥစိုက်ပျိုးဖို့အသုံးပြုခဲ့ကြတယ်။ လယ်ယာစိုက်ပျိုးရေးအရာရှိတွေက ဗီယက်နမ်လယ် သမား တွေကို မသေချာမရေရာ မမှန်းဆနိုင်သေးတဲ့ ကုန်စည်အသစ်ကို မလိုက်ဖို့ သတိပေးခဲ့သော်လည်း လယ်သမားတွေက လက်မခံခဲ့ ကြောင်း၊ Co Do  ပြည်နယ်လယ်ကွင်းတွေမှာ ခရမ်းရောင် ဂျပန် ကန်စွန်းဥစိုက်ပျိုးမှုကို တရုတ်ကုန်သည်တွေကို ရောင်းချဖို့ အသင့် ဖြစ်နေပြီဖြစ်တယ်။ ဂျပန်ကန်စွန်းဥ စိုက်ပျိုးမှုဧရိယာ တိုးတက် လာမှုကြောင့် ပြည်တွင်းစိုက်ပျိုးမှုလုပ်ငန်းစဉ်တွေ ပျက်စီးခဲ့ရမှုအပေါ် အာဏာပိုင်တွေက လွန်စွာစိုးရိမ်လျက်ရှိကြောင်း Co Do   ပြည်နယ် လယ်ယာ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ခေါင်းဆောင် Ngo Thanh Son  က ပြောကြားလိုက်တယ်။ ဆန်စိုက်ပျိုးတဲ့ ဟက်တာ ၆၀၀ ကျော်ကကန်စွန်းဥစိုက်ပျိုးတဲ့ လယ်မြေတွေအဖြစ် ကူးပြောင်းသွားပြီဖြစ်ကြောင်း Ngo Thanh  San က ဖြည့်စွက်ပြောကြားလိုက်တယ်။  လယ်ယာစိုက်ပျိုးရေး အရာရှိတွေက တရုတ်ကုန်သည်တွေအပေါ်မှာ အပြည့်အဝမီခိုနေ ရ တဲ့ လမ်းကြောင်းအသစ်ကိုမလိုက်ဖို့ ပြောကြားလိုက်တယ်။ဗီယက်နမ်ပြည်သူတွေကတော့ ဂျပန်ကန်စွန်းဥထက် အဖြူ ရောင်ကန်စွန်းဥ ဒါမှမဟုတ် သနပ်ခါးရောင်ကန်စွန်းဥအမျိုးအစားကို ပိုမိုနှစ်သက်ကြတယ်။ ပုံမှန်အနေနဲ့ ဗီယက်နမ်လယ်သမားတွေမှာ ခရမ်းရောင်ဂျပန်ကန်စွန်းဥအမျိုးအစားကိုသိပ်မစိုက်ကြသော် လည်း တရုတ်ကုန်သည်တွေရဲ့ ဝယ်ယူမှုကြောင့် ဈေးနှုန်းတွေမြင့်တက်ခဲ့ရာ လယ်သမားတွေက ကန်စွန်းဥစိုက်ပျိုးမှု စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်း ကျော်ကို ဂျပန်ကန်စွန်းဥပြောင်းလဲစိုက်ပျိုးခဲ့ကြတယ်။မကြာခင် ကန်စွန်းဥရိတ်သိမ်းချိန်ရောက်လာတဲ့အခါ တရုတ် ကုန်သည်တွေရဲ့ မရိုးမသားလုပ်ဆောင်မှုကြောင့် ဈေးနှုန်းအပေါ် ဖိအားသက်ရောက်မှုကို လယ်သမားတွေက ပြစ်တင်လျက်ရှိတယ်။ ၎င်းဂျပန်ကန်စွန်းဥကို ပြည်တွင်းဈေးကွက်မှာ အနည်းငယ် သာ စားသုံးကြတယ်။ ၎င်းကန်စွန်းဥအမျိုးအစားကို တရုတ်ကုန်သည်တွေက လွဲပြီး ဗီယက်နမ်အင်တာပရိုက်စ်တွေက ဝယ်ယူခြင်းနဲ့ တင်ပို့ခြင်း မလုပ်ဆောင်ကြကြောင်း Binh Tan  ဒေသ ဗီယက်နမ်လယ်ယာ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဗျူရို ညွှန်ကြား ရေးမှူး Vo Van Theo က ပြောကြားလိုက်တယ်။မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ကန်စွန်းဥစိုက်ပျိုးမှုအခြေ အနေကို တရုတ်ကုန်သည်များက ပြည့်ပြည့်စုံစုံ နားလည်လျက် ရှိတာ ကြောင့် ဥပဒေနဲ့သတ်မှတ်ချက်တွေ လုပ်ဆောင်လျက်ရှိရာ ဗီယက် နမ်ရဲ့ ဟာကွက်ကို ညွှန်ပြလျက်ရှိတယ်။ဗီယက်နမ် Tan Thanh   ကော်ပိုရေးရှင်းခေါင်းဆောင် Son Van Luan  က လယ်ယာစိုက်ပျိုးရေးအေဂျင်စီတွေကို ကန်စွန်းဥ စိုက်ပျိုးဖို့အတွက် ဧရိယာကိုစီမံချက်ချပေးသွားဖို့ တောင်းဆိုထား ကြောင်း သတင်းရရှိပါတယ်။Source:english.vietnamnet.vn, အေးမွန်မွန်လှိုင်