အင်ဒိုနီးရှားနိုင်ငံ Inacraft 2012 ချစ်ကြည်ရေးကုန်စည်ပြပွဲတွင် မြန်မာ့ထွက်ကုန်များ ပါသမျှကုန်အောင်ရောင်းချခဲ့ရ

    အာဆီယံ-ဂျပန် စင်တာမှ  ဦးစီး ပြီး အင်ဒိုနီးရှားနိုင်ငံ Inacraft  2012  ချစ်ကြည်ရေးကုန်စည်ပြပွဲမှာ မြန်မာ့ ထွက်ကုန်များကို ဧပြီ ၂၃ ရက်မှ ၂၉ ရက်အတွင်း သွားရောက်ပြသရောင်းချ ခဲ့ရာ ပါသမျှပစ္စည်းကုန်အောင် ရောင်း ချခဲ့ရတယ်လို့ သိရပါတယ်။Inacraft  2012  ကို ရန်ကုန်မြို့  မှ  ကျောက်မျက်လုပ်ငန်းရှင်  တစ်ဦး၊ မန္တလေးမြို့မှ ကျောက်မျက်လုပ်ငန်းရှင် လေးဦး၊ ပုဂံမှ ယွန်းထည်လုပ်ငန်းရှင် သုံးဦး၊ Bella Co  မှ ကြိမ်ထည်လုပ်ငန်းရှင် တစ်ဦးနဲ့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနမှ ကြီးကြပ်သူ တစ် ဦး၊ စုစုပေါင်း ၁၀ ဦး သွားရောက်ခဲ့ ကြောင်း သိရပါတယ်။"အန်တီတို့ ချစ်ကြည်ရေးအနေနဲ့ မနှစ်က ဂျပန်ကိုသွားပြီး ရောင်းခဲ့ပေ မယ့် ခုပွဲလောက်မရောင်းရဘူး။ ခုပွဲမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက် နမ်က ဒေသထွက် လက်မှုပစ္စည်းတွေ ပြသရောင်းချတဲ့အထဲမှာ မြန်မာနိုင်ငံက ပစ္စည်းက အရောင်းရဆုံးပဲ။ ကြိမ်ထည် ဆိုလဲ အင်ဒိုနီးရှားမှာ ထွက်ရှိပေမယ့် ဒီဇိုင်းကြိုက်လို့ဝယ်ယူကြတယ်။ အန်တီ တို့တော့ ကျောက်စိမ်းအကာသားနဲ့ ပြု လုပ်ထားတဲ့ ဆွဲကြိုးတွေရောင်းရတယ်။ ယွန်းထည်ပစ္စည်းတွေလည်း  ရောင်းရ တယ်။ ချစ်ကြည်ရေးအနေနဲ့ တစ်ဦးကို ဒေါ်လာ ၄၀၀ တန်ဖိုးပဲ ယူဆောင်သွား ရတာ။ ပါတဲ့ပစ္စည်း အကုန်ရောင်းရ တယ်။ သူတို့နိုင်ငံက ပူတဲ့နိုင်ငံဖြစ်တော့ ဃသိူ  ေ်နခအ ဖြစ်တဲ့ ကျောက်စိမ်းကို ကြိုက်ကြတာ။  ဈေးလည်းနည်းတော့ ဈေးသက်သာတယ်ဆိုပြီး ဝယ်ယူကြ တာ"လို့ မန္တလေးမြို့ ကျောက်မျက်လုပ် ငန်းရှင်တစ်ဦးက ပြောပါတယ်။Inacraft  2012   ပွဲမှာ နိုင်ငံ လေး နိုင်ငံမှ ဆိုင်ခန်းပေါင်း ၂၅၀၀ နဲ့ ပြသ ရောင်းချရာ နေ့စဉ် လူဦးရေ ၂ သိန်း ဝန်းကျင် ဝင်ရောက်ကြည့်ရှုဝယ်ယူကြ ကြောင်း သိရပါတယ်။         ဇူးဇူး