တောင်ကြီးဈေးကွက်သို့ မြဝတီဒူးရင်းဈေးကွက်ဝင်လာ

    တောင်ကြီးဈေးကွက်ကို  မြဝတီ- မဲဆောက်ဘက်မှ ဒူးရင်းသီးများ လှိုင် လှိုင်ဝင်နေပါတယ်။ တစ်ပတ် အလုံးရေ ၅၀၀ ကျော် ၆၀၀ ဆံ့  ကားတစ်စီး အဝင်ရှိပါတယ်။ မြဝတီမှတစ်ဆင့် ပဲခူး-မိတ္ထီလာဘက်မှ ဝင်လာတယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းကတော့ အလုံး အကြီးအသေးပေါ်မူတည်ပြီး ရောင်းပါ တယ်။ အလုံးသေး ၃၀၀၀ ကျပ်-၄၀၀၀ ကျပ်မှ အလုံးကြီး ၈၀၀၀ ကျပ်ထိဈေး ရှိပါတယ်။ မုဒုံဘက်ကထွက်တဲ့ အသီး မှာ အနည်းငယ်သေး သဖြင့် လူကြိုက် နည်းပြီး ယိုးဒယား၊ မွန်ထောင်းဒေသမှ ထွက်တဲ့အသီးမှာ ပိုကောင်းပြီး အသီး လှအရွယ်ကြီးသဖြင့်  လူကြိုက်များ တယ်လို့ သိရပါတယ်။ ဒေသရောင်း အားကိုကြည့်ပြီး  အသီးကို  လိုသ လောက် မှာယူရပါတယ်။ မှာယူမှသာ အသီးခူးဆွတ်ပေးပြီး ရက် ၂၀-၂၅ ရက် အတွင်း  စားသုံးသူလက်ထဲရောက် အောင်  သွက်သွက်ရောင်းရပါတယ်။ အသီးမှာ ရက်ကြာပြီး မိုးထိရင်လည်း အသီးပျက်သဖြင့် ရောင်းဝယ်မှုစနစ်ကို သွက်သွက်လုပ်ရတယ်လို့လဲ သိရှိရပါ တယ်။ပဲခူး-မိတ္ထီလာဈေးကွက်မှာ ထက်  တောင်ကြီးေ ဈးကွက်က  ပိုအရောင်း သွက်တယ်လို့သိရပါတယ်။စောယုထွေး