ထိုင်းအစိုးရရဲ့ ဆန်ရောင်းချမှုနဲ့ ပတ်သက်လို့ ဆန်တင်ပို့သူများမှ ယုံကြည်မှုမရှိ
မမျှော်မှန်းနိုင်တဲ့စားနပ်ရိက္ခာအကျပ်အတည်း သို့မဟုတ် ဆန်ဈေးအလွန်အမင်းပြန်တက်လာခြင်းမရှိခဲ့ဘူးဆိုရင် စီးပွား ကူးသန်းဝန်ကြီးေြ ပာသလိုအစိုးရအချင်းချင်းအစီအစဉ်နဲ့ ဆန်တန်ချိန် ၂ သန်းအထိ ရောင်းချ နိုင်မယ်ဆိုတဲ့အပေါ် ဆန်တင် ပို့သူများမှသံသယဖြစ်နေ ပါတယ်။ထိုင်းဆန်ဈေးက ယှဉ်ပြိုင်ဖက်နိုင်ငံတွေရဲ့ ဈေးထက် များစွာ မြင့်တက်နေဆဲဖြစ်လို့ အစိုးရ အချင်းချင်း ကုန်သွယ်မှုအရ ဆန်ပမာဏ များစွာ ရောင်းချဖို့ ဝန်ကြီးဌာနအတွက် ခက်ခဲလိမ့်မယ်လို့ ထိုင်းဆန်တင်ပို့သူများ အသင်း ယခင်ဥက္ကဌ Chookiat Ophaswongse မှ ပြောကြားပါတယ်။ အစိုးရကဘင်္ဂလားဒေ့ရှ်ကိုဆန်တန်ချိန် တစ်သန်းရောင်းချဖို့ နားလည်မှုစာချွန်လွှာ တစ်စောင်ကို အစောပိုင်း က လက်မှတ်ရေးထိုးခဲ့ပေမယ့် ထိုင်းပေါင်းဆန်ဈေးက တစ်တန် ကန်ဒေါ်လာ ၆၀၀ နဲ့ အမြင့်မှာရှိနေဆဲမို့ ယခင် တစ်ပတ် ရောင်းဝယ်ရေးစာချုပ်မှာ စီးပွားကူးသန်းဝန်ကြီး Boonsong Teriyapirom မှ အောင်မြင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ အိန္ဒိယရဲ့ ပေါင်းဆန်ဈေးမှာ တစ်တန် ကန်ဒေါ်လာ ၄၄၀-၄၅၀ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့နဲ့လည်း ဆန်တန်တစ်သန်းစီရောင်းချရေး နားလည်မှုစာချွန်လွှာရေးထိုး ခဲ့ပေမယ့် အဲဒီဈေးကွက်များက ထိုင်းဆန်တင်ပို့သူများရဲ့ ဆန်များရောက်ရှိနေပြီးဖြစ်သလို ဗီယက်နမ်ကလည်း အဲဒီဈေးကွက် နှစ်ခုလုံးမှာ ၅ မှတ်ဆန်တွေ ကောင်းေ ကာင်းရောင်းနေပါတယ်။ ဗီယက်နမ်ဆန်က တစ်တန် ကန်ဒေါ်လာ ၄၃၀ ရှိချိန်မှာ ထိုင်းဆန်ဈေးက ကန်ဒေါ်လာ ၆၂၀ ရှိနေပါတယ်။ ထိုင်းဆန်ရောင်းချနိုင်ဖို့ ဖြစ်နိုင်ဆုံးတစ်ခုကတော့ ပြိုင်ဖက်နိုင်ငံ တွေနဲ့အညီ ဆန်ဈေးလျှော့ချဖို့ပါဘဲလို့ Mr Chookiat မှ ဆိုပါတယ်။ အကယ်လု့ိသာ အစိုးရက တစ်တန် ကန်ဒေါ်လာ ၄၀၀ ထက် လျှော့ပြီး ရောင်းချမယ်ဆိုရင် ဆုံးရှုံးမှုကြီးမားစွာ ဖြစ်လာနိုင်သလို ပုဂ္ဂလိကဈေးကွက် ဝေစုနဲ့လည်း ပြိုင်ဆိုင်ရလိမ့် မယ်လို့ ဆိုပါတယ်။ အစိုးရက သူရဲ့ ရည်မှန်းချက်အောင်မြင်နိုင်ခြင်းရှိ၊ မရှိကို အချိန်က စကားပြောသွားမှာဖြစ်ပေမယ့် ဈေးနှုန်း မြင့်တက်မှုကြောင့် ဒုတိယနှစ်ဝက်အတွင်း ဆန်တင်ပို့မှုကို အရှိန်မြှင့်တင်ဖို့အတွက်တော့ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။ အသင်းရဲ့ စာရင်းများအရ အိန္ဒိယရဲ့ ဆန်တင်ပို့မှုက မေလ ၈ ရက်မှာ တန်ချိန် ၂ ဒသမ ၁ သန်းပြည့်ပြီးတဲ့ နောက် ဆန်တင်ပို့ဖို့ ဆက်လက်ေ ဆာင်ရွက်ဖွယ်ရှိနေပါတယ်။ ဒုတိယနှစ်ဝက် ထိုင်းဆန်တင်ပို့မှုက တစ်လကို ပျမ်းမျှတင်ပို့မှု တန် ငါးသိန်းဝန်းကျင်နဲ့ ပထမနှစ်ဝက် လိုပဲဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗီယက်နမ်ကတော့ ထုတ်လုပ်မှု ပိုမိုတဲ့အတွက် တတိယသုံးလအတွင်း ပိုမိုတင်ပို့နိုင်မှာဖြစ်ပါတယ်။ ပုဂ္ဂလိက ကဏ္ဍလောက်အစိုးရရဲ့ စီမံခန့်ခွဲမှု ထင်သာမြင်သာမရှိတဲ့အတွက် ဆန်တင်ပို့သူအကြီးဆုံးဖြစ်ဖို့ အတွက် အစိုးရဆောင်ရွက်မှု မှားယွင်းနေပါတယ်။ အဆက်အသွယ်ကောင်းတဲ့ကုမ္ပဏီများသာ ရှင်သန်နေပြီး၊ ငွေကြေးမပံ့ပိုးနိုင်သူများ ကတော့ အောင်မြင်မှုမရှိဘူးလို့ ၎င်းကဆိုပါတယ်။ အဲဒီလို ဆောင်ရွက်နေခြင်းက ရှေ့ဆက်ရမယ့် ဆန်လုပ်ငန်းအတွက် အန္တရယ်ဖြစ်စေသလို ဆန်စပါးကဏ္ဍ အတွက် လွတ်လပ် တဲ့ကုန်သွယ်မှုလုပ်တဲ့အခါ အဆုံးသတ်သွားနိုင်တယ်လို့ Mr Chookiat မှ ဆိုပါတယ်။ လမင်း၊Source: riceonline
