ဘာစမာတီ ဆန်အမှတ်တံဆိပ် သတ်မှတ်မှုနဲ့ ပတ်သက်လို့ ပါကစ္စတန်က အိန္ဒိယနဲ့ ဖက်စပ်မှတ်ပုံတင်ရေး ပူးပေါင်း

    ၂၀၁၃ ခုနှစ်မှစတင်ပြီး ဖိလစ်ပိုင်က ဘာစမာတီဆန် တင်ပို့ဖို့ စီစဉ်နေတဲ့သတင်းများထွက်လာတဲ့နောက် ဘာစမာ တီဆန်စပါး အမှတ်တံဆိပ်အရ အခြားနိုင်ငံများရဲ့ စိုက်ပျိုး တင်ပို့မှုများကို အဟန့်အတားဖြစ်စေဖို့ နိုင်ငံတကာ ဆန်ဈေး ကွက်မှာ ဘာစမာတီဆန်မွှေး အမှတ်တံဆိပ်ကို ဖက်စပ်မှတ်ပုံ တင်သွားဖို့ ပါကစ္စတန်နိုင်ငံအနေနဲ့ အိန္ဒိယနဲ့ လက်တွဲဆောင် ရွက်လိုနေပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရ အရာရှိများနဲ့ ဆွေးနွေးစီစဉ်နေတယ်လို့ ပါကစ္စတန် စီးပွားရေး ဝန်ကြီးမှ မေလ ၂၁ ရက် မှာ ပြောကြားပါတယ်။    ဘာစမာတီဆန်စပါးဟာ ပါကစ္စတန်နဲ့ အိန္ဒိယတို့ရဲ့ ဘုံဆိုင်အမွေအနှစ်ဖြစ်လို့ နိုင်ငံတကာ ဈေးကွက်အတွင်း ဘာစမာတီမှတ်ပုံတင်ရေး ပူးပေါင်းဗျူဟာတစ်ခု ချမှတ်သင့် တယ်လို့လည်း၎င်းင်းကဆိုပါတယ်။နှစ်စဉ် ဘာစမာတီ ဆန် ကုန် သွယ်မှု တန်ချိန် ၄ ဒသမ ၂ သန်းဝန်းကျင်ရှိတဲ့အနက် အိန္ဒိယ က တန်ချိန် ၂ ဒသမ ၅ သန်းဝန်းကျင်နဲ့ ၆၀ ရာခိုင် နှုန်းနဲ့ ပါကစ္စတန်က ကျန် ၄၀ ရာခိုင်နှုန်းကို တင်ပို့လျက် ရှိပါတယ်။    လွန်ခဲ့တဲ့လက ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ်မှာ အရှေ့ အလယ်ပိုင်းနိုင်ငံတွေကိုတင်ပို့ဖို့ ဘာစမာတီ စိုက်ပျိုးရေး စံပြ လယ်ကွင်းများ စတင်နေတဲ့ ကြေညာချက်တွေက ပါကစ္စတန် နဲ့အိန္ဒိယအရာရှိများအတွက် အံ့အားသင့်စေခဲ့ပါတယ်။ ပန်ဂျပ် ဒေသမှာစတင်ထုတ်လုပ်တဲ့ ဘာစမာတီဆန်စပါးကို ပါကစ္စတန် နဲ့ အိန္ဒိယ ပြင်ပမှာ စိုက်ပျိုးမှုကို တားဆီးတဲ့ ဘာစမာတီဆန် စိုက်ပျိုးတင်ပို့မှုကို အကာအကွယ်ပေးတဲ့ မူပိုင်ခွင့်  (IPRS) နဲ့ ကာကွယ်ဖို့ လည်း ဆွေးနွေးကြောင်းသိရပါတယ်။    ယင်းကိစ္စနဲ့ ပတ်သက်လို့ ပါကစ္စတန် ဆန်တင်ပို့သူများ အသင်းနဲ့ ဘာစမာတီဆန်စိုက်ပျိုးသူများအသင်း ၂ ခုလုံးမှ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ တရားမဝင်ဆောင်ရွက်မှုအနေနဲ့ အငြင်း ပွားလျက်ရှိပြီး၊ယင်းကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယဟာ ပါကစ္စတန် ရဲ့ မိတ်ဖက်အဖြစ်ရှိနေတယ်လို့လည်း သိရပါတယ်။လမင်း၊Source: oryza.com