ကမ္ဘောဒီးယားဆန်ကို တရုတ်က တင်သွင်းခွင့်ပြုလိုက်ပြီ

    တရုတ်နိုင်ငံကို ကမ္ဘောဒီးယားဆန်တင်ပို့မှုနဲ့ ပတ်သက်လို့ တစ်နှစ်ကျော်ကြာ အပြန်အလှန် သုံးသပ်ပြီး နောက် တရုတ်က ကမ္ဘောဒီးယားဆန်တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယခုတစ်ပတ်မှာ ဆန်တင်ပို့သူတစ်ဦးက ဆိုပါတယ်။ တရုတ်နိုင်ငံက တင်သွင်းခွင့်နဲ့ ပတ်သက်လို့ မီးစိမ်းပြလိုက်ခြင်းက ဆန်စပါးကဏ္ဍလာမယ့်နှစ်အတွက် သတင်းကောင်းပဲဖြစ်ပါတယ်။ စီမံခန့်ခွဲ မှု ပြဿနာ အားလုံးဖယ်ရှား လိုက်ပြီဖြစ်လို့ သတင်းကောင်းပါပဲလု့ိ ကမ္ဘောဒီးယား ရွှေရောင်ဆန်စပါးကုမ္ပဏီ ဥက္ကဋ္ဌ  Sok  Hach   မှ ပြောကြားပါတယ်။    ဒါပေမယ့် ဘယ်လို သဘောတူညီမှုရရှိတယ်၊ ဘယ်အချိန်စပြီးတင်ပို့မယ်ဆိုတာတော့ ပြောကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ယင်းကုမ္ပဏီက ယခုနှစ်အစပိုင်းမှာ တရုတ်ကို ဆန် ၄၈ တန်တင်ပို့ခဲ့ပေမယ့် တရုတ်နိုင်ငံတောင်ပိုင်း Shenzhen ဆိပ်ကမ်းမှ လက်မခံခဲ့ဘူးလို့  Sok  Hach  မှ ဆိုပါတယ်။ အဲဒီငြင်းပယ်ခံရမှုက တရုတ်ဘက်က စာရွက်စာတမ်းပြဿနာ ကြောင့်သာဖြစ်ပြီး၊ ကမ္ဘောဒီးယားဆန်ရဲ့ အရည်အေ သွးပြဿနာ မဟုတ်ဘူးလို့ ၎င်းကဆိုပါတယ်။ ယခင်နှစ်က ကမ္ဘောဒီးယား ဆန်ကို အဓိကဝယ်ယူခဲ့တဲ့ ဥရောပဈေးကွက်ပြီးတဲ့နောက် တရုတ်နဲ့ ဖိလစ်ပိုင်နဲ့ ကုန်သွယ်မှုပြုရေး အလျင်အမြန်ဖြစ်ပေါ် လာခဲ့ပါတယ်။၂၀၁၂ အစပိုင်းမှာ ထိုင်းနဲ့ ဗီယက်နမ်တို့ထက် ဈေးနှုန်း နိမ့်ကျတဲ့ အိန္ဒိယဆန်ဟာ ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုး ခဲ့ခြင်းနဲ့အတူ ကမ္ဘောဒီးယားဆန်ကို အဝေးအော်ဒါများ ကြီးမားစွာကျဆင်းခဲ့လို့ ကမ္ဘောဒီးယား ဆန်စက်လုပ်ငန်းရှင်များက တုန်လှုပ်ခဲ့ကြပါတယ်။    ဥရောပကို တင်ပို့တဲ့ဆန်ဈေးဟာ ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ၅၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ရေနံဈေးနှုန်း ဆက်လက်မြင့်တက်ခြင်းကြောင့် သယ်ယူပို့ဆောင်မှု စရိတ်ထပ်မံမြင့်တက်လာဖွယ်ရှိနေပါတယ်။ ကမ္ဘောဒီးယားဆန်ဟာ ဈေးနှုန်း ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရဆဲလို့ ၎င်းကဆိုပါတယ်။ အကယ်လို့ ကမ္ဘောဒီးယား စက်ကြိတ်ခွဲမှုနဲ့ သယ်ယူပို့ဆောင်မှု စရိတ်များက အဓိကဆန်တင်ပို့သူများဖြစ်တဲ့ထိုင်းနဲ့ဗီယက်နမ်တို့ ထက် လျော့ကျခဲ့ မယ်ဆိုရင်တောင်တရုတ်နိုင်ငံက ယခုနှစ်မှာ ကမ္ဘောဒီးယား ဆန်တန်တစ်သိန်း ထက် ပိုမသွင်းဘူးလို့ ဆိုပါတယ်။ တရုတ်ေ လ့လာရေးအဖွဲ့ဟာ ယခင်သီတင်းပတ်က ဝန်ကြီးချုပ်ရဲ့ ၂၀၁၅ မှာ ဆန်တင်ပို့ဖို့ ရည်မှန်းပမာဏရဲ့ထက်ဝက်ဖြစ်တဲ့ ဆန်တန်ချိန် ၅ သိန်းအတွက် ကမ္ဘောဒီးယား Power  Partner  Profit  Group  နဲ့ နားလည်မှု စာချွန်လွှာရေးထိုးခဲ့ကြောင်း သိရပါတယ်။ ယခု MOU  ဟာ အမှန်တကယ်တင်ပို့မှုမရှိဘဲ သဘောတူညီမှု များထဲက တစ်ခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယား ဆန်တင်ပို့ဖို့အတွက် တရုတ်ဈေးကွက်ဟာ ကြီးမား တဲ့ ဈေးကွက် ဖြစ်ကြောင်းကျွမ်းကျင်သူများကဆိုပါတယ်။တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယား ဆန်အတွက် ရေရှည်ဈေးကွက်တစ်ခုအဖြစ် ရည်ရွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းယှဉ်ပြိုင်နိုင်ဖို့အတွက် ပိုမိုကြိုးစားဖို့လိုအပ်တယ်လို့ မဲခေါင် အော်ရေးစ ကုန်သွယ်ရေး ကုမ္ပဏီမှ မန်နေဂျာ David  Van  မှ ဆိုပါတယ်။                          လဝန်း၊Source:  oryza.com