ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

    နိုင်ငံအစိုးရများအနေဖြင့် ဆင်းရဲနွမ်းပါးမှုနှင့် မညီမမျှဖြစ်မှုတို့ကို  အခွန်စည်းကြပ် ကောက်ခံ ခြင်း၊ ငွေကြေးအကူအညီပေးခြင်း နည်းလမ်းများ ဖြင့်   လျှော့ချနိုင်ပါသည်။   မက္ကစီကိုနိုင်ငံတွင် တိုးတက်မှုနှင့်  အခွင့်အလမ်း  ဖန်တီးပေးရေး (Progresa-Oportunidades)  နှင့် ဘရာဇီးလ် နိုင်ငံတွင် ဘိုစာဖင်မလီယာ(Bolsa Família) အစီ အစဉ်တို့သည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဆင်းရဲနွမ်းပါးမှုနှင့် မညီမမျှဖြစ်မှုတု့ိ လျှော့ချရေး တို့တွင် အောင်မြင်စွာ  အထောက်အကူပြုနိုင်ခဲ့ ကြသည်။ သို့သော်လည်း  ချမ်းသာနိုင်ငံများနှ င့် နှိုင်းယှဉ်ကြည့်လျှင်  ထိုလက်တင်အမေရိကနိုင်ငံ များမှာ ယနေ့အထိ မအောင်မြင်နိုင်ကြသေးပေ။ ချမ်းသာနိုင်ငံအများစုပါဝင်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ၏ အစီရင်ခံစာသစ်အရ ချီလီနိုင်ငံသည် မညီမမျှ ဖြစ်မှု အကြီးမားဆုံးနိုင်ငံဖြစ်သည်။  ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးအာမခံ ပေါ်လစီများ အတွက် အစိုးရ၏အသုံးစရိတ်မှာ တိုင်းပြည်ထုတ် လုပ်မှုတန်ဖိုး(ဂျီဒီပီ)၏ ၁၆ ရာခိုင်နှုန်းသာရှိသည်။ OECD နိုင်ငံများတွင် အဆိုပါကဏ္ဍများအတွက် အသုံးစရိတ်မှာ ပျမ်းမျှအနေဖြင့် ဂျီဒီပီ၏၂၇ ရာ ခိုင်နှုန်းဝန်းကျင်တွင်ရှိသည်။ ချီလီအစိုးရ၏ ငွေ ကြေး  အကူအညီပေးရေး    (Ingreso Ético Familiar) အစီအစဉ်သစ်သည် အလွန်အမင်း ဆင်းရဲသူများ (Extreme poor) အတွက် ဦးတည် ခဲ့သည်။ ထို့ပြင် အခွန်နှုန်းတိုးမြှင့်၍ ပိုမိုထိရောက် စွာကောက်ခံခြင်းဖြင့်  အစိုးရဘဏ္ဍာငွေ တိုးတက် လာသည့်အပြင် မညီမမျှဖြစ်မှုကို  လျှော့ချနိုင်ခဲ့ သည်။ ကုမ္ပဏီများနှင့်  တစ်ဦးချင်းပုဂ္ဂိုလ်များက အခွန်ရှောင်တိမ်းကြသဖြင့် အစိုးရတွင် ဂျီဒီပီ၏ ၂ဒသမ ၅ ရာခိုင်နှုန်းအထိ နစ်နာဆုံးရှုံးလျက်ရှိ သည်ဟု ခန့်မှန်းရသည်။ ချီလီနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ယမန်နှစ်က ၆ ဒသမ ၆ ရာခိုင် နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ၄ ရာခိုင်နှုန်း ဝန်းကျင် အထိ ကျဆင်းသွားနိုင်သည်။ အလုပ်သမားများ၏ ကုန်ထုတ်လုပ်မှုစွမ်းရည်  တိုးတက်လာစေရန်နှင့် တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ပေးနိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုဖန်တီးပေးရန်နှင့် ပညာရေးအရည် အသွေး ပိုမိုတိုးတက်ကောင်းမွန်အောင်   ဆောင်ရွက်ပေး ရမည်ဖြစ်သည်။လွန်ခဲ့သော လေးနှစ်က ကမ္ဘာ့စီးပွားရေး အကျပ်အတည်းသည် စီးပွားပျက်ကပ်ကြုံခဲ့ရသည့် ၁၉၃၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် အဆိုးဝါး ဆုံးဖြစ်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ နောက် ပိုင်းတွင် စားနပ်ရိက္ခာဈေးနှုန်း အမြင့်မားဆုံးအခြေ အနေကိုလည်း ကြုံတွေ့ခဲ့ရသည်။  ယင်းအခြေ အနေများအတိုင်းဆိုလျှင် တစ်ကမ္ဘာလုံးတွင် ဆင်း ရဲနွမ်းပါးသူဦးရေ  ပိုမိုတိုးပွားလာဖို့သာ ရှိသည်။ သို့သော်လည်း  ဘဏ္ဍာရေးနှင့်  စားနပ်ရိက္ခာ အကျပ် အတည်းကြုံတွေ့ခဲ့ရသော ပထမဆုံးနှစ် ဖြစ်သည့် ၂၀၀၈ ခုနှစ်မှာပင် တစ်နေ့ဝင်ငွေ တစ် ဒေါ်လာ ၂၅ ဆင့်အောက်ဖြင့်  အသက်မွေးဝမ်း ကျောင်းနေရသည့် လူဦးရေသည် ကမ္ဘာ့နေရာဒေ သအားလုံးမှာပင် လျော့နည်းကျဆင်းသွားခဲ့သည် ဟု ကမ္ဘာ့ဘဏ်၏  ဖွံ့ဖြိုးရေးသုတေသနအဖွဲ့က ခန့်မှန်းခဲ့သည်။ (ဝင်ငွေတစ်ဒေါ်လာ ၂၅ ဆင့် ဆို သည်မှာ ၂၀၀၅ ခုနှစ်ဈေးနှုန်းများအရ သတ်မှတ် ခြင်းဖြစ်ပြီး၊ ဆင်းရဲနွမ်းပါးမှုစံသတ်မှတ်ချက်အဖြစ် နိုင်ငံအများစုက လက်ခံထားပြီးဖြစ်သည်)၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာ့ဘဏ်၏ ခန့် မှန်းချက်မှာ အပြည့်အစုံမဟုတ်သေးသော်လည်း တစ်ကမ္ဘာလုံးဆင်းရဲနွမ်းပါးမှုသည် ၁၉၉၀ ပြည့်နှစ် ကရောက်ခဲ့သည့်အဆင့်၏  ထက်ဝက်အထိလျော့ ကျခဲ့ပြီဟု  ဆိုပါသည်။   ကုလသမဂ္ဂအဖွဲ့ကြီး၏ ထောင်စုနှစ် ဖွံ့ဖြိုးရေးပန်းတိုင် (MDG) တွင် ၁၉၉၀မှ ၂၀၁၅ ခုနှစ်အတွင်း ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်လျှော့ချရန် ရည်မှန်းခဲ့ခြင်းဖြစ်ရာ ထိုရည် မှန်းချက်ကို ၅ နှစ်စော၍ ပြည့်မြောက် ခဲ့ခြင်းဖြစ် သည်။ ဤဖြစ်စဉ်မှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ပြည့် နှစ်အတွင်း ဘဏ္ဍာရေးနှင့် စားနပ်ရိက္ခာ အကျပ် အတည်းနှစ်မျိုး ပြိုင်တူတွဲ လျက်ကြုံတွေ့ခဲ့ရသော် လည်း ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာ နှစ်စဉ် တစ်ရာခိုင်နှုန်းသာသာ လျှော့ချနိုင်ခဲ့ခြင်းဖြစ်သည် ဟု ကမ္ဘာ့ဘဏ်ကဆိုပါသည်။ ဤသို့လျော့ကျလာ ခြင်းမှာ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းက ၁၉၈၁ ခုနှစ်နောက်ပိုင်းတွင် လူဦးရေသန်း ၆၆၀ ကို ဆင်း ရဲနွမ်းပါးမှုမှ ဆွဲထုတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။၁၉၈၀ ပြည့်လွန်  အစောပိုင်းနှစ်များတွင် အရှေ့အာရှဒေသသည် တစ်နေ့ တစ်ဒေါ်လာ ၂၅ ဆင့်အောက်သာ ဝင်ငွေရရှိသည့် လူဦးရေ ၇၇ ရာခိုင်နှုန်းရှိခဲ့သဖြင့် ကမ္ဘာတွင်ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်ဆုံးသို့ရောက်ခဲ့သည်။ ၂၀၀၈ ခုနှစ်သို့ရောက် ချိန်တွင် ထိုအချိုးအစားမှာ  ၁၄ ရာခိုင်နှုန်းအထိ လျော့ကျသွားသည်။ အကြမ်းဖျင်းပြောရလျှင် တစ် နေ့ဝင်ငွေ တစ်ဒေါ်လာ ၂၅ ဆင့်အောက်သာရ ရှိသူ သန်း ၁၃၀၀ အနက် သန်း ၁၁၀၀ သည် တရုတ်နိုင်ငံ၏ ပြင်ပနိုင်ငံများမှဖြစ်သည်။ ထိုအရေအတွက်သည် ၁၉၈၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း မှာသာ ပြောင်းလဲသွားခြင်းဖြစ်သည်။ဆင်းရဲနွမ်းပါးမှု လျော့ကျသွားသည့် အခြေ အနေသည် စားနပ်ရိက္ခာမလောက်ငသူ လျော့ကျ မှုနှင့် ကိုက်ညီလျက်ရှိသည်ဟုဆိုသည်။ ကမ္ဘာ့စား နပ်ရိက္ခာအဖွဲ့ (FAO) က ၂၀၀၅ခုနှစ်တွင် စားနပ် ရိက္ခာမလောက်ငသူ ၈၇၅ သန်းရှိခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် သန်းတစ်ထောင်အထိ တိုးလာသည်ဟု ခန့်မှန်းချက်မှာ  လွဲမှားနေသည်ဟု နိုင်ငံတကာ စားနပ်ရိက္ခာ မူဝါဒသုတေသနသိပ္ပံအဖွဲ့မှ ဒါရိုက် တာဒဲရစ်ဟက်ဒီကထောက်ပြ သည်။  ကမ္ဘာ့စားနပ် ရိက္ခာဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ဆင်းရဲ နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်သာရရှိသည့် နိုင်ငံများ မှ ပြည်သူပြည်သားများ၏ ၂၀၀၈ ခုနှစ် တွင် စားနပ်ရိက္ခာရရှိနိုင်မှုအခြေအနေမှာ ၂၀၀၆ ခုနှစ်ကထက် ပိုမိုအဆင်ပြေခဲ့သည်ဟု ဆိုပါသည်။ သို့တိုင်အောင် အဆင်းရဲဆုံးအခြေအနေမှ လွန် မြောက်လာပြီးနောက် ထိုဆင်းရဲသားများကို လုံး၀ လွတ်မြောက်အောင်ကယ်တင်ရမည့်  တာဝန် အများအပြား ကျန်ရှိနေဦးမည်ဖြစ်ပေသည်။Ref; The Economist.