မြေသြဇာ တန်နှစ်ထောင်ကျော်ဝင်

မြေသြဇာ တန်နှစ်ထောင်ကျော်ဝင်ပြည်တွင်းကို မေ ၁၃ ရက်မှ ၁၉ ရက်တာကာလအတွင်း မြေသြဇာတန်ချိန် ၂၄၆၈၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကိုးသောင်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်မှာ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ  တန်ချိန် ၆၄၃၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၁၀၇၁နဲ့ မလေးရှားနိုင်ငံမှ ပိုတက်ရှ်မြေသြဇာ ၃၂၅ တန်၊ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန် ၃၉၀နဲ့  အမိုးနီးယားဆာလဖိတ်၃၉ တန်တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန် ကိုးရာကျော်သာ တင်သွင်းခဲ့တဲ့မြေသြ ဇာက ဒီတစ်ပတ်မှာ အဝင်ပိုခဲ့ပါတယ်။                         MIRT (DOT)မြိတ်နယ်စပ်မှ ဓာတ်မြေသြဇာအသွင်းရှိမေ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၃၂ တန်ကျော်အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကတော့ မြိတ်နယ်စပ်မှအသွင်းမရှိခဲ့ပဲ ယခုအပတ်မှာ အသွင်းရှိလာတာ တွေ့ရပါတယ်။ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၂၂၁ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၇၁၁၀ တန်ကို ယခုအပတ်မှအသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ၇၇၆ တန်တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်ယခုအပတ်တင်သွင်းမှုများမှာ  မူဆယ်မှ ၁၆၆၉၀ တန်၊ မြဝတီမှတန် ၅၀ ခန့်၊ ရိဒ်မှ ၂၃၇ တန်ကျော်၊ မြိတ်မှ ၁၃၂ တန်ကျော် အသီးသီးဖြစ်ပါတယ်။                      MIRT (DOBT)မြေသြဇာဈေးကွက် တည်ငြိမ်စွာရှိနေဆဲ မော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ သိရ ပါတယ်။ စိုက်ပျိုးရာသီ  ရောက်လာတာကြောင့် ပုံမှန်အရောင်းရှိနေ တယ်လို့ အရောင်းဆိုင်မှဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ရာသီချိန်ရောက်လာပေမဲ့  ဈေးကွက် မှာ အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးတွေက ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေတယ် လို့သိရပါတယ်။ ဒါကြောင့် မြေသြဇာဈေးတွေက ယခင်ဈေးအတိုင်း ပုလဲအသေး ၄၆%(ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်)က ၂၄၀၀၀ ကျပ်၊ ကွန်ပေါင်း အစိမ်း ၁၅း၁၅း၁၅ က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်)က ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)က ၃၁၀၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၄၀၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက ယခင်တစ်ပတ်ထက်စာရင် ဒီတစ်ပတ် မှာနည်းနည်းအရောင်းတက်လာတယ်လို့  အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ရောင်းအားတက်ပေမဲ့ မြေသြဇာဈေးက ငြိမ်နေတယ်လို့ ပြောပါတယ်။ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၅၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၂၂၃၀၀ ကျပ်၊ တီစူပါ(GTSP ၄၆%-တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ(GSSP  ၁၆%- တရုတ်) ၉၂၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) ၈၄၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၇၅၀၀ ကျပ်၊ အာမို(ဒိုင်းမွန်းစတား) ၃၇၅၀၀ ကျပ်နဲ့ အာမို ၁၀း၁၀း၅ က ၁၄၄၀၀ ကျပ်ဈေးတွေနဲ့ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိသလို ဈေးကလည်း ပုံမှန်နဲ့ ငြိမ်နေတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ် မြေသြဇာဈေးက ယခင်တစ်ပတ်ဈေးအတိုင်း ရှိနေပါတယ်။ ယူရီးယား-ပုလဲ (ပန်းဖူး) က ၂၂၀၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) က ၂၁၀၀၀ ကျပ်နဲ့ ယူရီးယား (ကမ္ဘာလုံး-တရုတ်) က ၂၁၅၀၀ ကျပ်ဈေးအသီးသီးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ  ဓာတ်မြေသြဇာက အရောင်းနည်း နည်းတက်လာတယ်လို့ အရောင်းဆိုင်မှဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ် မှာတော့ ယူရီးယားနဲ့ တီစူပါမြေသြဇာများက နှစ်ရာဝန်းကျင် ဈေးတက်လာပါ တယ်။ အသုံးနည်းတဲ့ ကွန်ပေါင်းမြေသြဇာဈေး ကတော့ ငြိမ်နေပါတယ်။ ပိုတက် ကတော့ ငါးရာကျပ်ဈေးကျလာပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေမှာ ယူရီးယား(ကြာဖူး-တရုတ်) ၂၁၁၀၀ ကျပ်၊ ယူရီးယား (ကမ္ဘာလုံး-တရုတ်) က ၂၁၂၀၀ ကျပ်၊ ယူရီးယား(ရွှေတောင်-တရုတ်)က ၂၁၄၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၆% ၉၂၀၀ ကျပ်၊ တီစူပါ ၁၂% က ၈၆၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၂၅၀၀ ကျပ်၊ ကွန် ပေါင်း ၁၅း၁၅း၁၅ ၂၃၇၀၀ ကျပ်၊ ကွန်ပေါင်း ၁၃း၅း၇ ၁၃၅၀၀ ကျပ်၊ ကွန် ပေါင်း ၁၀း၁၀း၅ ၁၄၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၅း၅ ၁၄၆၀၀ ကျပ်၊ မြားကမ္ဘာ ၁၂း၁၃ ၁၅၀၀၀ ကျပ်တို့ဖြစ်ပါ တယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအဝယ်ပုံမှန်ဖြစ်တယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာေ တာ့ မြေသြဇာက ရောင်းတော့ရောင်းရတယ်။ ဒါပေမဲ့ လှိုင်လှိုင်တော့ မရောင်းရသေးဘူးလို့ အဆိုပါ တာဝန်ရှိသူမှ ပြောပြပါတယ်။ ပုံမှန်ရောင်းနေရတဲ့ မြေသြဇာတွေထဲမှ မြားကမ္ဘာ ၁၂း၁၃ က ယခင်တစ်ပတ်ဈေးထက် ၉၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၃၀၀ ကျပ်ဈေးကျလာပြီး ကျန်မြေသြဇာတွေကတော့ ပုံမှန် ဈေးအတိုင်းပဲရှိနေတယ်လို့  ပြောပါတယ်။ ဒီတစ်ပတ်မြေသြဇာေ ဈးတွေက မြား ကမ္ဘာ ၁၂း၁၃ ၁၆၆၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၇၂၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၆၇၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၄၈၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၅၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်- တရုတ်) ၂၃၅၀၀ ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၂၅၀၀၀ ကျပ်၊ တောင်သူမက ၁၆၅၀၀ ကျပ်၊ ပိုတက် ၂၅၀၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၅၀၀ ကျပ်ဖြစ်တယ်လို့ သိရှိရပါတယ်။                              MIRT (DOT)