သရက်သီးအပြင် သရက်ပြားခြောက်လည်း အပို့ရှိ
မေ ၁၆ ရက်မှ ၂၂ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၉၂၀ သန်းတန်ဖိုးရှိ သရက်သီးမှည့် ၅၀၈၀ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၁၇၆ သန်းတန်ဖိုးရှိ သရက်ပြားခြောက် ၁၉၆ တန်ကျော်ကိုလည်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ် စပ်ကုန်သွယ်ရေးစခန်းမှလည်း ကန် ဒေါ်လာ သုည ဒသမ ၀၀၈ သန်း တန်ဖိုးရှိ သရက်သီးမှည့် တန် ၂၀ လည်း တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှာတော့ အိတ်စွပ် သရက်သီး ၁၅ ကီလိုပါ တစ်ဖာကို ယွမ် ၃၀ မှ ၃၅ ထိရရှိနေသော်လည်း အိတ် စွပ်သရက်သီးမဟုတ်ပါက ၁၅ ကီလိုပါ တစ်ဖာကို ၁၀ မှ ၁၅ ယွမ်ထိသာ ဈေး ရနေတယ်လို့ သိရပါတယ်။ MIRT(DOBT)
