ကယားပြည်နယ်ရဲ့ ပထမဆုံးတန်းမြင့်ဆန်စက် စတင်စမ်းသပ်လည်ပတ်
မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး ကယားပြည်နယ် မန်နေဂျာရုံးမှ လွိုင်ကော်ခရိုင်တာဝန်ခံ ဝန်ထမ်းများဟာ လွိုင်ကော်မြို့နယ် ဆန်စပါးလုပ်ငန်းအသင်းခွဲ ဥက္ကဋ္ဌနဲ့ အတူ ကယားပြည်နယ် ဆန်စပါးကြိတ် ခွဲထုတ်လုပ်မှု တိုးတက်ရေးနဲ့ အရည် အသွေးကောင်း တန်းမြင့်ဆန်ရရှိရေး လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ လွိုင်ကော် မြို့ မိုင်းလုံးရပ်ကွက်ရှိ ၂၅ တန်ကျ ဆွေ မျိုးဆန်စက်ရဲ့ ခေတ်မီ စက်ယူနစ် အစိတ်အပိုင်းများ ပြောင်းလဲတပ်ဆင် တည်ဆောက်ထားရှိမှုနဲ့ စမ်းသပ်လည် ပတ်ကြိတ်ခွဲနေမှုကို ၂၀၁၂ ခုနှစ်၊ မေ ၁၈ ရက်က သွားရောက်ကြည့်ရှုခဲ့ပြီး ဆန်စက်တာဝန်ခံနဲ့ လိုအပ်ချက်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။လွိုင်ကော်ခရိုင် တာဝန်ခံက ဆွေး နွေးရာမှာ လက်ရှိနိုင်ငံတကာမှ ရင်းနှီးမြှုပ်နံှမှုများ ဝင်လာနေတဲ့အတွက် စိုက်ပျိုးထုတ်လုပ်သူ အပိုင်းကဈေးကွက်ဝင် အထွက်တိုး စပါးမျိုးကောင်းများ စိုက် ပျိုးရမှာဖြစ်သလို ကြိတ်ခွဲထုတ်လုပ်မှု အနေနဲ့ အရည်အသွေးကောင်း တန်း မြင့်ဆန်ရရှိဖို့ ခေတ်မီဆန်စက်များ တည်ဆောက်ခြင်းနဲ့ အဆင့်မမီတဲ့ စက် ယူနစ်အစိတ်အပိုင်းများ ပြောင်းလဲခြင်း များ ဆောင်ရွက်သွားကြရန် လိုအပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဆန်စက် တာဝန်ခံက ယခုလိုခေတ်မီစက်ယူနစ် အစိတ်အပိုင်းများ ပြောင်းလဲတည် ဆောက်ခြင်းမှာ ကယားပြည်နယ်ရှိ စားသုံးသူများ အရည်အသွေးကောင်း သောဆန်ကို ဝယ်ယူစားသုံးနိုင်ဖို့ ရည်ရွယ်ပါကြောင်း၊ ဆန်စက် တည်ဆောက် မှုအပိုင်းမှာ လိုအပ်ချက်များ ရှိနေတာ ကြောင့် ငွေကြေးအဆင်ပြေပါက ဆန် အရောင်တင်ခြင်းဆိုင်ရာ စက်အစိတ် အပိုင်းများ ထပ်မံတပ်ဆင်ပြီး၊ ပြည်ပ တင်ပို့နိုင်တဲ့ ဆန်အရည်အသွေးရရှိနိုင် တဲ့အထိဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။အဆိုပါ ''ဆွေမျိုးဆန်စက် "မှာ ယခင်က ငါးပုံး၊ ဘိလပ်စကာ အသုံးပြု ကာ အချိုးအစားညီ စက်တပ်ဆင် ထားတဲ့ ၂၅ တန်ကျ ဆန်စက်ဖြစ်ပြီး ၂၅ မှတ်ဆန်ကိုသာ ကြိတ်ခွဲနိုင်သော် လည်း ယခု ခေတ်မီစက်ယူနစ်များ ပြောင်းလဲတည်ဆောက်ခဲ့ခြင်းကြောင့် ၅ မှတ်အဆင့် တန်းမြင့်ဆန်ကြိတ်ခွဲ နိုင်တဲ့အပြင် ဆန်လတ်နဲ့ (1,2) (3,4)အဆင့် ဆန်ကွဲကို ခွဲခြားထွက်ရှိခဲ့ပြီး၊ ကယားပြည်နယ်ရဲ့ ပထမဦးဆုံး ခေတ်မီ ၂၅ တန်ကျ ဆန်စက်တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရပါတယ်။မင်းအောင်
