ဘာစမာတီဆန် ပထဝီဝင်ဆိုင်ရာ ညွှန်ပြချက် ကာကွယ်ရေးဥပဒေ အမြန်အတည်ပြုဖို့ ပါကစ္စတန် ဆန်တင်ပို့သူများမှ တောင်းဆို
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း(WTO)ရဲ့ ကုန်သွယ်မှုဆိုင်ရာ မူပိုင်ခွင့် (TRIPS)မှာ ပထဝီဝင်ဆိုင်ရာ ညွှန်ပြချက် (ွှု)ဥပဒေအရ ဘာစမာတီဆန်ကို ကာကွယ်မယ့် ဥပဒေပြန်ရေးဆွဲမှုကို ပါကစ္စတန်အစိုးရရဲ့ ဆိုင်းငံ့နေခြင်းအပေါ် ဘာစမာတီ ဆန် တင်ပို့သူများမှ အမြန်ဆောင်ရွက်ဖို့ တောင်းဆိုကြောင်းသိရပါတယ်။ ဘာစမာတီဆန်အတွက် လက်ရှိကုန်သွယ်မှု အမှတ် အသားပြန်တမ်းမှာ မပြည့်စုံတဲ့အတွက် အကယ်လို့သာ တိကျတဲ့ ဥပဒေကို ချက်ချင်းပြန်လည် ပြဋ္ဌာန်းခြင်းမရှိရင် ဘာစမာတီ ဆန် တင်ပို့ဖို့ ရေရှည်မှာ အန္တရာယ်ဖြစ်နိုင်တယ်လို့ ပါကစ္စတန် ဆန်တင်ပို့သူများမှ ဆိုပါတယ်။ ဒါပေမယ့် ပါကစ္စတန် ကုန်သွယ်မှုဖွံ့ဖြိုးရေးအာဏာပိုင်(TDAP)ရဲ့ (GI) အတွက် မူကြမ်းတစ်ခုကို ဆန်တင်ပို့သူများက ထပ်မံတောင်းဆိုနေတဲ့တိုင် ဥပဒေဝန်ကြီးဌာနမှာ ဆောင်ရွက်မှုမပြီးသေးဘူးလို့ ဆိုပါတယ်။ တင်ပြတဲ့ ဥပဒေကို အစိုးရအဖွဲ့ ဝန်ကြီးများမှ စဉ်းစားဆုံးဖြတ်ခြင်း မပြုမီ ဥပဒေဝန်ကြီးဌာနက အတည်ပြုရကြောင်း၊ ပါကစ္စတန် ဆန်တင်ပို့သူများအသင်း (REAP) ဥက္ကဌမှ ပြောကြားပါတယ်။ အခြားနိုင်ငံတွေမှာ ဘာစမာတီဆန်စပါးစိုက်ပျိုးခြင်းဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၃ ဘီလီယံဖိုး တင်ပို့နေရတဲ့ ပါကစ္စတန် ဘာစမာတီဆန် တင်ပို့မှုကို အများကြီး ထိခိုက်နိုင်တဲ့အတွက် ပါကစ္စတန် ဆန်လုပ်ငန်းကို ကာကွယ်ဖို့ ဥပဒေအရ အတားအဆီး များ ဆောင်ရွက်ဖို့ တောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းမှဆိုပါတယ်။ ဘာစမာတီဆန် ထုတ်လုပ်တဲ့ အခြားနိုင်ငံတစ်ခုဖြစ်တဲ့ ပါကစ္စတန်ရဲ့ ယှဉ်ပြိုင်ဖက် အိန္ဒိယမှ GI ဥပဒေကို ချမှတ် ထားပြီးဖြစ်ကြောင်း ၎င်းမှဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှ ယခုလိုအရေးပေါ်ကာကွယ်မှု ပြုလုပ်ရခြင်းဟာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်း၂ ခုကြောင့်လို့ဆိုပါတယ်။ပထမသတင်းမှာ ဖိလစ် ပိုင်နိုင်ငံကမကြာမီ ဘာစမာတီဆန်စပါးစိုက်ပျိုးဖို့ စတင် တော့မှာဖြစ်ပြီး ၂၀၁၃ မှာ တင်ပို့ဖို့ ကြေငြာခြင်း ဖြစ် ပါတယ်။ ဒုတိယတစ်ချက်ကတော့ ဘင်္ဂလားဒေ့ရှ် ဆန် တင်ပို့သူများကလည်း ဘာစမာတီစပါးဟာ ၎င်းင်း တို့နိုင်ငံ မှာ ၁၀ စုနှစ်များစွာအတွင်း စိုက်ပျိုးလျက်ရှိတာကြောင့် ပထဝီဝင်ဆိုင်ရာ ညွှန်ပြချက် (GI )အတွက် ၎င်းနိုင်ငံက လည်း မှတ်ပုံတင်ရမယ်လို့ ပြောကြားခဲ့ခြင်းပဲဖြစ်ပါတယ်။လဝန်းSource: oryza.com
