မြေသြဇာအဝင်လျော့

မြေသြဇာအဝင်လျော့မေ ၂၀ ရက်မှ ၂၆ ရက်တာကာလအတွင်း မြေသြဇာတန်ချိန် ၃၆၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့ တဲ့ မြေသြဇာ တွေက အစ္စရေးနိုင်ငံမှ ၆၃ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံမှ တန် ၃၀၀ တို့ဖြစ် ပါတယ်။ ယခင်သီတင်း ပတ် မြေသြဇာ အဝင်က တန်ချိန်နှစ်ထောင့်လေးရာကျော် ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မြေသြဇာ တန်ချိန်နဲ့ယှဉ်ရင် ရှစ်ဆလောက် အဝင်လျော့ နည်းတာ တွေ့ရပါတယ်။ မေလထဲမှာတော့ ဒီတစ်ပတ်မှာ မြေသြဇာအဝင် အနည်းဆုံး ဖြစ်ပါတယ်။                                                 MIRT(DOT)ဓာတ်မြေသြဇာ တန် ၁၃၀၀၀ နီးပါး နယ်စပ်စခန်းများမှ အသွင်းရှိမူဆယ်၊ တာချီလိတ်၊ မြဝတီ၊ မောင်တောနဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်း များမှတစ်ဆင့် တစ်ဖက် အိမ်နီးချင်းနိုင်ငံများမှ စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေ သြဇာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဒသမ ၃၅၃ သန်း၊ တန်ချိန်အားဖြင့်  ၁၂၈၇၂ တန်ကျော်ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှုတွေကတော့ မူဆယ်မှ ၁၁၉၇၉ တန်၊ တာချီလိတ်မှ တန် ၂၀၊ မြဝတီမှ တန် ၉၀၊ မောင်တောမှ ၂၉၂ တန်ခန့်နဲ့ ရိဒ်မှ ၄၉၂ တန်ခန့် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၃၈၀၀ ကျော် တင်သွင်း မှုလျော့နည်းခဲ့တာ တွေ့ရပါတယ်။ မေလမှ ဓာတ်မြေသြဇာ ၆၄၂၅၉ တန်ခန့် နယ်စပ်စခန်းများမှတင်သွင်းခဲ့ပြီး ဧပြီလကထက် တန် ၅၅၉၀၀ ခန့် ပိုမိုတင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ် မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်း (၁၅း၅း၅) နဲ့ နိုက်တြိတ်ပိုတက်ရှ်တို့ဖြစ်ပါတယ်။  MIRT(DOBT)အရောင်းသွက်ပေမဲ့ ဈေးနှုန်းငြိမ်တဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်တွင် ဓာတ်မြေသြဇာက ဒီတစ်ပတ်မှာလည်းအရောင်း သွက်နေတယ်လို့ ဆိုပါတယ်။ ရာသီချိန်ရောက်လာလို့ အရောင်းက ပိုပြီးကောင်း လာတယ်လို့ အရောင်းဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်း သွက်လာပေမဲ့ ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တန်းနေတယ်လို့ သိရပါတယ်။ အရောင်းသွက်တဲ့ မြေသြဇာတွေထဲမှ ပိုပြီးအရောင်းသွက်တဲ့ မြေသြဇာက တီစူပါ ၄၆%(သံကွင်း) ဖြစ်တယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်ဈေးတွေကတော့ ယခင်တစ်ပတ်ဈေးအတိုင်း ပုလဲအသေး၄၆%(ရွှေတုံး၊ရွှေပျား၊ ရွှေတောင်)(တရုတ်)က ၂၄၀၀၀ ကျပ်၊ ကွန်ပေါင်း အစိမ်း ၁၅း၁၅း၁၅ က ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) က ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၃၁၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၄၀၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ်ဈေးဘဲ ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာက အရောင်းအေးတယ်လို့ သိရပါတယ်။ အရောင်းအေး တာကြောင့် မြေသြဇာဈေးကလည်း အနည်းငယ်ကျ လာပါတယ်။ ဒီတစ်ပတ်မှာတော့ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ရွှေတောင်) ၅၀၀ ကျပ်၊ (ပန်းဖူး-တရုတ်) ၂၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅နဲ့ တီစူပါ ၁၀း၁၀း၅ က ၅၀၀ ကျပ်နဲ့ ပိုတက် ၂၀၀၀ ကျပ်ဈေးကျလာပါတယ်။ တီစူပါ ၁၆%၊တီစူပါ ၁၂%နဲ့ ဓာတ်ဆားက ယခင်တစ် ပတ်ဈေးထက် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မြေသြဇာရောင်းဈေးတွေကတော့ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ရွှေတောင်)တရုတ် ၂၂၀၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၂၀၅၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်)က ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၅၀၀၀ ကျပ်၊ ဓါတ်ဆား(တရုတ်) ၁၈၀၀၀ ကျပ်၊ ပိုတက် (တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၀၀၀ ကျပ်နဲ့ မြားကမ္ဘာ ၁၆၀၀၀ ကျပ်တို့ဖြစ်ပါတယ်။ပဲခူးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းသွက်တယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ယခင်ဈေးငြိမ်နေ တဲ့ မြေသြဇာဈေးများက အနည်းငယ်လှုပ်လာပါတယ်။ ဒီတစ်ပတ်မြေသြဇာဈေးနှုန်းများမှာ ယခင်တစ်ပတ် ဈေးထက် ယူရီးယား(ပန်းဖူးနဲ့ ရွှေတောင်)တို့က ကျပ် ၁၀၀၀ ဈေးမြင့်လာပြီး ကမ္ဘာလုံးတရုတ်က ယခင်ဈေးအတိုင်းငြိမ်နေတယ်လို့သိရပါတယ်။ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက ယူရီးယား-ပုလဲ (ပန်းဖူး) တရုတ်က ၂၃၀၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) က ၂၂၀၀၀ ကျပ်နဲ့ ယူရီးယား (ကမ္ဘာလုံး-တရုတ်) က ၂၁၅၀၀ ကျပ်ဈေးဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာက ဒီတစ်ပတ်မှာတော့ အရောင်းပါး နေတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ တစ်ပတ်နဲ့ တစ်ပတ် ရောင်းအားက မတူပါဘူး။ ရောင်းအားတက်တဲ့ အပတ်လည်းတက်ပါတယ်။ ဒီတစ် ပတ်က အရောင်းပါးနေတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်မှာ မြေသြဇာဈေးက တစ်အိတ်ကို နှစ်ရာမှ ငါးရာကျပ်ကြားဈေးကျ လာပါတယ်။ မြေသြဇာဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ မြေသြဇာဈေးတွေက ယူရီးယား(ရွှေတောင်-တရုတ်) ၂၁၄၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်)က ၂၂၀၀၀ ကျပ်၊ တီစူပါ (GTSP ၄၆% တရုတ်) ၂၀၇၀၀ ကျပ်၊ တီစူပါ (GSSP ၁၆% တရုတ်)က ၉၂၀၀ ကျပ်၊ တီစူပါ (GTSP ၁၂% တရုတ်) ၈၆၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) က ၂၇၅၀၀ ကျပ်နဲ့ အာမိုဒိုင်းမွန်းစတားက ၃၈၀၀၀ ကျပ်ရောင်းဈေး အသီးသီးရှိ တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းသွက်တယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ရာသီချိန်ရောက်လာတာကြောင့် ရောင်းအား လည်းကောင်းလာတယ်။ ဒါပေမဲ့ ဈေးကအတက်မရှိဘဲ ငြိမ်နေတယ်လို့ ပြောပါ တယ်။ မြေသြဇာဈေးက ယခင်တစ်ပတ်ဈေးအတိုင်း မြားကမ္ဘာ-တရုတ်(၁၂း၁၃) ၁၆၆၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၇၂၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၆၇၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၄၈၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၅၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်- တရုတ်) ၂၃၅၀၀ ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၂၅၀၀၀ ကျပ်၊ တောင်သူမက ၁၆၅၀၀ ကျပ်၊ ပိုတက် ၂၅၀၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၅၀၀ ကျပ်ဈေးဖြစ်တယ်လို့ သိရပါ တယ်။                                                                               MIRT(DOT)