ရှမ်းပြည်နယ် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အောင်မြင်စွာဖွဲ့စည်း
ရှမ်းပြည်နယ်အတွင်း အာဆီယံ စံချိန်စံညွှန်းများနဲ့အညီ လမ်းတံတား များ ရေရှည်တည်တံ့ရေး၊ ကုန်တင် ယာဉ်များ ခိုင်ခံ့ကောင်းမွန်ရေး၊ ပြည် နယ်အတွင်းမှ ဒေသထွက်များ သယ်ယူ ပို့ဆောင်စရိတ် လျော့နည်းစေရေးနဲ့ ကုန်စည်များ သယ်ယူပို့ဆောင်ရာမှာ မြန်ဆန်သွက်လက်စေရေး စတဲ့ ရည် ရွယ်ချက်များနဲ့ ရှမ်းပြည်နယ် အဝေး ပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းကို ၂၀၁၂ခုနှစ် မေ ၂၉ ရက်က တောင်ကြီး မြို့မှာ ပြုလုပ်ခဲ့ပါတယ်။အခမ်းအနားမှာ ရှမ်းပြည်နယ်အစိုး ရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်း နော်ခမ်းမှ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ နေပြည်တော်(ရုံးချုပ်)မှ အထွေ ထွေမန်နေဂျာများ၊ ရှမ်းပြည်နယ်လယ် ယာထွက်ကုန် ပြည်နယ်မန်နေဂျာနဲ့ ရန်ကုန်အခြေစိုက် အဝေးပြေး ကုန် စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌနဲ့ တွဲဖက် အတွင်းရေးမှူး ဦးကိုကိုနိုင်တု့ိမှ အသင်းရဲ့ရည်ရွယ်ချက်၊ လုပ်ငန်းတာ ဝန်များနဲ့ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ အချက်အလက်များကို ကဏ္ဍ အလိုက် ရှင်းလင်းပြောကြားခဲ့ပါတယ်။ရှမ်းပြည်နယ်အသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ရန်ကုန်အခြေစိုက် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး အသင်းချုပ်မှ အလုပ်အမှုဆောင်များ၊ ရှမ်းပြည်နယ်ခွဲအသင်းများမှ အလုပ် အမှုဆောင်များ၊ ကုန်တင်ယာဉ်ပိုင်ရှင် များနဲ့ ကုန်စည်ပို့ဆောင်ရေး ဂိတ်ပိုင် ရှင်များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌနဲ့ အလုပ်အမှု ဆောင်များ စုစုပေါင်း ၈၅ ဦး တက် ရောက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အဝေး ပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို ဦးစိန်ကျော်ဝင်း (လသာကုန်စည်ပို့ဆောင်ရေး) ဥက္ကဋ္ဌ အဖြစ်ပါဝင်တဲ့ အဖွဲ့ဝင် ၃၁ ဦးနဲ့ ဖွဲ့စည်းကြောင်း သိရပါတယ်။ရှမ်းပြည်နယ် အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ ၂၀၁၂ ခုနှစ် မေ ၃၀ ရက်က တောင်ကြီးမြို့ TPIS ရုံးခန်းမှာ အသင်း အဖွဲ့စည်းမျဉ်းများနဲ့ အသင်းအဖွဲ့မှတ် တမ်းများရေးဆွဲရေးတို့အတွက် ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။အောင်ကျော်
