ပိုမိုတိုးတက် မြန်မာ့ရေထွက်
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရေထွက်ကုန်ပစ္စည်း တင်ပို့နိုင်မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၇ သန်းကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၄၅၁ သန်းကျော် တင်ပို့နိုင်ခဲ့သဖြင့် ကာလတူထက် တန်ဖိုး ၁၆၄ သန်းကျော် ပိုမိုတိုးမြှင့်တင်ပို့ခဲ့သည်ကို တွေ့ရှိရပါသည်။ ငါးတင်ပို့မှုမှနေ၍ ၁၃၈ သန်းကျော်၊ ပုစွန်တင်ပို့မှုမှ ကိုးသန်းကျော်၊ အခြားရေထွက် ပစ္စည်းတင်ပို့မှုမှ ၁၆ သန်းကျော် အသီးသီးတိုးမြှင့်တင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ငါးတင်ပို့မှု ဈေးကွက်အနေဖြင့် ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ၅၃ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် ပထမ အများဆုံး၊ ကူဝိတ်နိုင်ငံသို့ ၁၄ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး၊ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ၇ ဒသမ ၇ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး၊ စင်ကာပူနိုင်ငံသို့ ၆ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့် စတုတ္ထ အများဆုံး၊ ယူအေအီးနိုင်ငံသို့ ၅ ဒသမ ၆၇ရာခိုင်နှုန်းဖြင့် ပÍ္စမအများဆုံး၊ မလေးရှားနိုင်ငံသို့ ၅ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ဆဋ္ဌမအများဆုံး အသီးသီးတင်ပို့နိုင် ခဲ့သည်ကို တွေ့ရှိရပါသည်။ ရေချိုငါး တင်ပို့မှု အနေဖြင့် ယခင်နှစ်ကာလတူထက် ပိုမိုတိုးမြှင့်တင်ပို့နိုင် ခဲ့ပြီး ရေချိုငါးအမျိုးအစား များတွင် အဓိကအများ ဆုံးတင်ပို့နေသော ငါးမြစ်ချင်းအား အရှေ့အလယ်ပိုင်းဈေးကွ က်ဖြစ်သည့် ကူဝိတ်နှင့် ဆော်ဒီအာရေး ဗီးယားနိုင်ငံများသို့ အများဆုံးတင်ပို့လျက်ရှိပါသည်။ ယခုအချိန်တွင် အရှေ့အလယ် ပိုင်း နိုင်ငံများ ၌ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေပြီး ဝယ်လိုအားကျဆင်းလျက်ရှိနေခြင်း၊ ပြည်တွင်းငါးမွေးမြူရေးကန်များမှထွက် ရှိသည့် ငါးများဈေးကွက်အတွင်း ဝင် ရောက်လာမှုများပြားနေသောကြောင့် ရောင်းလိုအားများပြီး ဝယ်လို အားနည်းနေ သဖြင့် ဈေးကွက် ငြိမ်သက်ပြီး ရေချိုငါး တင်ပို့မှု အနည်းငယ်လျော့ကျလာနိုင်ပါသည်။ ရေချို ငါးမွေးမြူရေးအနေဖြင့် အရှေ့အလယ်ပိုင်းဈေး ကွက် တစ်ခုတည်းကိုသာ တင်ပို့နိုင်ပြီး ကာလ ရှည်မွေးမြူ ရသည့် ငါးမြစ်ချင်း တစ်မျိုးတည်းကိုသာ အဓိကထား မွေးမြူခဲ့ကြသဖြင့် အရှေ့ အလယ်ပိုင်းေ ဈးကွက်မှ ဝယ်လိုအားလျော့နည်းလာချိန်တွင် ငါးမွေးမြူသူများ အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ယခုအချိန်တွင် ရေချို ငါးထုတ်လုပ်တင် ပို့ရောင်းချသူ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအသင်း အဖွဲ့များပူးပေါင်း၍ ဈေး ကွက်အမျိုးမျိုးမှ ကြိုက်နှစ်သက်ပြီး ကာလတိုမွေးမြူနိုင်၍ ဈေးကောင်းရရှိသော ကကတစ်၊ တီလားဗီး ယားနှင့် ငါးရံ့တို့အား ပြောင်းလဲမွေးမြူ၍ ခိုင်မာသည့်ဈေးကွက်တစ်ခု တည်ဆောက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ရေငန်ငါးတင်ပို့မှုအနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ အဓိကထားတင်ပို့လျက်ရှိပါသည်။ ရေလုပ်ငန်းကဏ္ဍအတွက် တိုးတက် ဆောင်ရွက် နိုင် မည့် အလားအလာများရှိနေပြီး ငါးတင်ပို့မှုဈေးကွက်ကြီးဖြစ်သည့် ဥရောပဈေးကွက်အား ထိုးဖောက် ယှဉ်ပြိုင်နိုင် ရန်အတွက်အားသာ ချက်နှင့်အလားအလာကောင်းများ ရှိနေပြီးဖြစ်သဖြင့် ရှေ့ဆက် ၍ မြန်မာ့ ရေထွက်ပစ္စည်းတင်ပို့နိုင်မှုကဏ္ဍမှနေ၍ နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေများ ပိုမိုတိုးမြှင့်ရှာဖွေပေး လာ နိုင်မည်ဖြစ်ပါသည်။ Exp Mg Mg Lwin
