နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၂၃၀၀ ကျော်အသွင်းရှိ

မြေသြဇာ တန်ခုနစ်ရာကျော်ဝင်ပင်လယ်ရေကြောင်းမှ မေ ၂၇ ရက်မှ ဇွန် ၂ ရက်နေ့တာ ကာလအတွင်း မြေသြဇာတန်ချိန် ၇၆၈ ဒသမ ၃၈ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းတစ် သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ ကွန်ပေါင်း မြေသြဇာတန်ချိန် ၇၀၀ နဲ့ အခြားမြေသြဇာတန်ချိန် ၅ ဒသမ ၃၈၊ အစ္စရေးနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၂၁ တန်နဲ့ အခြားမြေသြဇာ ၄၂ တန်တို့ကို တင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ် မြေသြဇာတင်သွင်းမှုက တန်ချိန်သုံးရာ့ ခြောက်ဆယ် ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်လေးရာ နီးပါးပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလအတွင်း မြေသြဇာတင်သွင်းမှုက တန်ချိန် ငါးထောင့်ငါးရာကျော်ရှိခဲ့ပြီး မေလတင်သွင်းမှုက တန်ချိန် လေးထောင့် ငါးရာကျော်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန် တစ်ထောင်နီးပါးလျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။                                MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၂၃၀၀ ကျော်အသွင်းရှိကန်ဒေါ်လာ ၂ ဒသမ ၂၉၃ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၃၂၇ တန်ခန့် ကို မေ ၃၀ ရက်မှ ဇွန် ၅ ရက်အတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင် သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်တင်သွင်းမှုထက် တန် ၅၀၀ ကျော် လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ မြဝတီနဲ့ တာချီလိတ်မှအသွင်းပိုပြီး ယခင်အပတ်ကအသွင်း မရှိခဲ့တဲ့ ကော့သောင်းနဲ့ မောင်တောနယ်စပ်များမှ ယခုအပတ်မှာ အသွင်းရှိသော် လည်း မူဆယ်နှင့် ရိဒ်နယ်စပ်တို့မှ အသွင်းလျော့ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ နယ်စပ် အလိုက် ယခုအပတ်ဓာတ်မြေသြဇာတင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၁၃၄၉ တန်ကျော်၊ မြဝတီမှ ၂၂၈ တန်ကျော်၊ ကော့သောင်းမှ ၂၅၅ တန်၊ တာချီလိတ်မှ တန် ၈၀ နဲ့ ရိဒ်မှ ၄၁၃ တန်ကျော် အသီးသီးဖြစ်ပါတယ်။  Urea, Single Super Phosphate, Compound 10:10:5, Nitrate Potagh နဲ့ T Super Phosphate  တို့ ဖြစ်ကြပါတယ်။                                                          MIRT (DOBT) အရောင်းသွက်ပေမဲ့ ဈေးနှုန်းငြိမ်တဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်တွင် ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ယခင်တစ်ပတ် အရောင်းသွက်ခဲ့တဲ့ မြေသြဇာက ဒီတစ်ပတ်မှာတော့ အရောင်းက ပုံမှန်ပဲရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းပဲသွက်သွက်၊ ပုံမှန်ပဲဖြစ်ဖြစ် ဈေးကတော့ အတက်အကျ မရှိပါဘူး။ အရင်ဈေးအတိုင်းပဲ ရောင်းပါတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်မှာလည်း မြေ သြဇာဈေးက ယခင်ဈေးအတိုင်းပဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ပုလဲအသေး ၄၆%(ရွှေ တုံး၊ရွှေပျား၊ ရွှေတောင်)(တရုတ်)က ၂၄၀၀၀ ကျပ်၊ ကွန်ပေါင်း အစိမ်း ၁၅း၁၅း၁၅ က ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) က ၃၁၀၀၀ ကျပ်၊ ကွန် ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၄၀၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ်ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာက အရောင်းအေးတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းအေးတဲ့ မြေသြဇာက ဈေးကလည်း ငြိမ်နေပါတယ်။ ရောင်းအားရှိနေတဲ့ ဓါတ်ဆားနဲ့ တီစူပါက ဒီတစ် ပတ်မှာ အရောင်းအေးနေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ် နေတဲ့ဈေးနှုန်းတွေက ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၂၀၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၂၀၅၀၀ ကျပ်၊ ရွှေတောင်-တရုတ်က ၂၂၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်)က ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၅၀၀၀ ကျပ်၊ ဓါတ်ဆား(တရုတ်) ၁၈၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၀၀၀ ကျပ်နဲ့ မြှားကမ္ဘာ ၁၆၅၀၀ ကျပ်တို့ ဖြစ်ပါတယ်။ပဲခူးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ယခင်တစ်ပတ်အရောင်းသွက်ပြီး ဒီတစ်ပတ် မှာ ပုံမှန်အရောင်းရှိနေတဲ့ မြေသြဇာက ဈေးလည်းငြိမ်နေပါတယ်။ မြေသြဇာဈေး က ယူရီးယား-ပုလဲ (ပန်းဖူး)  တရုတ်က ၂၃၀၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) က ၂၂၀၀၀ ကျပ်နဲ့ ယူရီးယား (ကမ္ဘာလုံး-တရုတ်) က ၂၁၅၀၀ ကျပ် ဈေးဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာဓာတ်မြေသြဇာက အရောင်းပါးနေတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းပါးလာတာနဲ့ အမျှ ဈေးကလည်း အကျဘက်မှာရှိနေတယ်လို့ ဆိုပါတယ်။ ဈေးကျတာကလည်း တစ်အိတ်ကို နှစ်ရာ သုံးရာလောက်သာ ဈေးကျလာတာဖြစ်တယ်လို့ ၎င်းင်း ဝန်ထမ်းမှ ပြောပြပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ မြေသြဇာ ဈေးတွေက ယူရီးယား(ပန်းဖူး-တရုတ်)က ၂၁၇၀၀ ကျပ်၊ တီစူပါ (GTSP ၄၆% တရုတ်) ၂၀၅၀၀ ကျပ်၊ တီစူပါ (GSSP ၁၆% တရုတ်)က ၉၀၀၀ ကျပ်၊ တီစူပါ (GTSP ၁၂% တရုတ်) ၈၃၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) က ၃၇၅၀၀ ကျပ်၊ အာမိုဒိုင်းမွန်း စတားက ၃၈၀၀၀  ကျပ်နဲ့ အာမို  ၁၀း၁၀း၅ ၁၄၁၀၀ ကျပ်ဈေးဖြစ်တယ်လို့ သိရ ပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းသွက်တယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းသွက်ပေမဲ့ ဒီတစ် ပတ်မှာ မြားကမ္ဘာ ၁၂း၁၃ (တရုတ်) မြေသြဇာတစ်မျိုးသာ လေးရာကျပ်ဈေးမြင့်ပြီး ကျန်မြေသြဇာ များက ဈေးကျလာပါတယ်။ အာမိုမြေသြဇာက သုံးရာကျပ်မှ ခုနစ်ရာကျပ်ကြား၊ ယူရီးယား(ပန်းဖူး)က ၁၅၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်)က ၅၀၀ ကျပ်၊ တီစူပါက ၁၀၀၀ ကျပ်၊ တောင်သူမနဲ့ ပိုတက်က ၁၅၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ငါးရာကျပ်ထိဈေးကျလာတာကို တွေ့ရပါတယ်။ ဒီတစ်ပတ်အဝယ်လိုက်တဲ့ ဈေးတွေက မြားကမ္ဘာ-တရုတ် (၁၂း၁၃) ၁၇၀၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၆၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၆၁၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၄၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၃၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်- တရုတ်) ၂၃၀၀၀ ကျပ်၊ တီစူပါ(မြှားနီ-တရုတ်) ၂၄၀၀၀ ကျပ်၊ တောင်သူမက ၁၅၀၀၀ ကျပ်၊ ပိုတက် ၂၃၅၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်ဈေးဖြစ်တယ်လို့ သိရပါတယ်။                          MIRT (DOT)