၂၀၁၅ ခုနှစ်အမီ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မှတ်ပုံတင် ဗိသုကာလိုင်စင် ထုတ်ပေးမည်

    ဗိသုကာပညာဖြင့် ဘွဲ့ရပြီး အရည် အချင်းပြည့်မီတဲ့ ဗိသုကာပညာရှင်ဖြစ်ဖို့ မြန်မာနိုင်ငံ  ဗိသုကာပညာရှင်များ အသင်း (မန္တလေး)မှ ကြိုးပမ်းပေးသွား မှာဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌဖြစ်သူ ကိုဇင်မင်းဆွေက ပြောပါတယ်။မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်း (မန္တလေး)ကို ဇွန် ၃ ရက်က အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရာ   ဥက္ကဋ္ဌ အဖြစ် ဦးကိုကိုနိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးဇင် မင်းဆွေအပါအဝင် အလုပ်အမှုဆောင် ၁၃ ဦးကို အများဆန္ဒနဲ့အညီ ရွေးချယ် ပြီး အသင်းသား ၂၀၀ ကျော် ဝင် ရောက်ခဲ့ကြောင်း သိရပါတယ်။"ကျွန်တော်တို့အသင်းကို လုပ်ငန်း လုပ်နေတဲ့  ဘွဲ့ရရော၊ ကျောင်းသား ရော ဝင်လို့ရမယ်။ ဗိသုကာ ကျောင်း တက်တာ ဟုတ်၊ မဟုတ် စစ်ဆေးပြီးမှ လက်ခံပေးမယ်။ ကျောင်းသားတွေဆို ဘွဲ့မရခင်မှာ အသင်းဝင်ပြီး၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ ဖြတ်သန်းပြီးရင် မှတ်ပုံ တင်ဗိသုကာလိုင်စင်ကို  ဘွဲ့ရတဲ့အခါ ယူလို့ရမယ်။ ဒါ့အပြင်  Asean  Architect   ထုတ်ပေးနိုင်ဖို့ ဆောင်ရွက် မယ်။ Asean  Architect   က ကမ္ဘာ မှာသုံးနေတဲ့   (Building Code)  အဆောက်အအုံ စံချိန်စံညွှန်းသတ်မှတ် ချက်တွေ   ညှိနှိုင်းမယ့်   Asean  Architect   ရရင် သူတို့နိုင်ငံသွားလို့လဲ ရမယ်။ သူတို့ကန့်ကွက်လို့မရဘူးပေါ့။ Profectional   Code   ရအောင်လဲ အသင်းက ဦးဆောင်ပေးမယ်။ အာရှ နိုင်ငံတွေမှာ ဒီဇိုင်းခ ဘယ်လိုယူလဲ။ ဆိုဒ်ထဲကြီးကြပ်ပေးရင် ဘယ်လိုလဲဆို တာ တခြားနိုင်ငံတွေနဲ့  ညှိနှိုင်းဆောင် ရွက်သွားဖို့ရှိတယ်''လို့ အဆိုပါပုဂ္ဂိုလ်  ကပြောပါတယ်။ မြန်မာနိုင်ငံဗိသုကာ ပညာရှင်များအသင်း(မန္တလေး)ကို  ဗိသု ကာပညာရှင်များအား ကာကွယ်ပေးနိုင် ဖို့နဲ့ ပညာရှင်အဆင့်မြှင့်တင်နိုင်ဖို့ ရည် ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရ ပါတယ်။                       ဇူးဇူး