စားသုံးပိုလျှံ ရှမ်းပဲပုပ် စီးထွက်မှန်မှန်
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပဲမျိုးစုံ စိုက်ဧက ၂၁၈၈၀၀ ရှိတဲ့အနက် စုစု ပေါင်းစိုက်ဧကရဲ့ ၃၆ ဒသမ ၀၆ ရာ ခိုင်နှုန်းဖြစ်တဲ့ ၇၈၉၀၀ ဧကကို ပဲပုပ် စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ပဲပုပ်ဟာ ဒေသခံတိုင်းရင်းသား တို့ရဲ့ မိရိုးဖလာ စားသုံးသီးနှံဖြစ်သလို ပြည်နယ်ရဲ့ အားထားရတဲ့ စီးပွားဖြစ် သီးနှံလည်းဖြစ်ပါတယ်။ ပဲပုပ်စိုက်ပျိုး ခြင်းဟာ မိရိုးဖလာ ရှေးယခင်ကာလ တည်းက စိုက်ပျိုးလာခဲ့ကာ စိုက်ပျိုး အလေ့အကျင့်ရှိပြီး၊ မိသားစုများ ဝိုင်း ဝန်းစိုက်ပျိုးလုပ်ကိုင်ကြ၍ အလုပ်သမား ငှားရမ်းခ သက်သာကာ စီးပွားရေး တွက်ခြေကိုက်သီးနှံလည်း ဖြစ်ပါတယ်။ နေ့စဉ် စားသုံးရာမှာ ပဲပုပ်မပါရင် မပြီးပါ။ ဟင်းလျာများအဖြစ်လည်း ကောင်း၊ သွားရေစာများပြုလုပ်စားသုံး ရာမှာလည်းကောင်း ကျယ်ကျယ်ပြန့် ပြန့် လုပ်ကိုင်စားသောက်ခြင်းမှာ ဒေသ ခံတိုင်းရင်းသားတို့ မိရိုးဖလာ အစဉ် အဆက်ကတည်းကဖြစ်ပါတယ်။ ပြည် နယ်မှာ ၂၀၁၀-၂၀၁၁ စာရင်းအရ လူဦးရေ ၂၂ ဒသမ ၀၅ သိန်းကျော်ရှိပြီး၊ ပဲပုပ်စားသုံးမှုမှာ ၈၅၆၀ မက်ထရစ် တန်ရှိတာကြောင့် ပဲပုပ်ဟာ ပြည်နယ်ရဲ့ အရေးပါတဲ့ စားနပ်ရိက္ခာသီးနှံဖြစ်သ လို ပြည်တွင်းပြည်ပကုန်သွယ်မှုများရှိလို့ စီးပွားဖြစ်သီးနှံလည်းဖြစ်ပါတယ်။ပြည်နယ်မှာ ပဲပုပ်သီးနှံကို မိုးကြို၊ မိုးဦး၊ မိုးလယ် သုံးကြိမ်စိုက်နိုင်ပြီး မိမိ စိုက်ကွက်မြေနဲ့ကိုက်ညီတဲ့ ကာလများ မှာ စိုက်ပျိုးကြပါတယ်။ လုံးကြီး၊ လုံး လတ်နဲ့ လုံးသေးအရွယ်များရှိသလို ဝါ၊ စိမ်း၊ ဖြူ၊ အရောင် အမျိုးမျိုးရှိပါတယ်။ ဝါကြီးမှာ တရုတ်မျိုးဖြစ်ပြီး ပြည်ပဈေး ကွက်ဝင်ဖြစ်ပါတယ်။ ကျန်မျိုးများကို ပြည်တွင်းနဲ့ဒေသ စားသုံးဖို့ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ မေလထိ ဈေးကွက်ရှိရာ ရန်ကုန်၊ မန္တလေး၊ ရမည်းသင်း စတဲ့ မြို့များကို မက်ထရစ် တန် ၁၃၃၇ စီးထွက်ပြီး ဒေသကုန် သွယ်မှု တန်ဖိုး ကျပ် ၇၇ ဒသမ ၆ သန်း အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးလာခြင်းဖြစ်လို့ အရောင်းအဝယ်သွက်လက်ပြီး ဆက် လက်အရှိန်အဟုန်မပျက် စီးထွက်လျက် ရှိပါတယ်။၂၀၁၂ - ၂၀၁၃ ခုနှစ် ပဲပုပ်စိုက် ပျိုးထုတ်လုပ်မှု တိုးမြှင့်သင့်တယ်လို့ ယူဆမိပါတယ်။ ကမ္ဘာ့အများဆုံး စိုက် ပျိုးထုတ်လုပ်ရောင်းချ တဲ့ တောင်အမေ ရိကတိုက်က နိုင်ငံများမှာ မိုးခေါင်မှု များရှိပြီး ၂၀၁၂-၁၃ ခုနှစ်မှာ ပဲထုတ် လုပ်မှု ကျဆင်းနိုင်တယ်လို့ ခန့်မှန်းသုံး သပ်ထားခြင်း၊ အများဆုံး ဝယ်ယူတင် သွင်းတဲ့ တရုတ်နိုင်ငံဟာ ၂၀၁၂-၁၃ မှာတန် ၆၀ သန်းထိ တိုးမြှင့်တင်သွင်း မယ့် စီးပွားရေးသတင်းအချက်အလက် ရှိခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်း၊ ဝယ် ယူမှု မြှင့်တင်ခြင်း ဖြစ်စဉ်သတင်းများ ကြောင့် ပဲပုပ်တိုးမြှင့်ထုတ်ဖို့ အားသာ ချက်နှစ်ချက်ပင် ဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း အနေနဲ့ သီးနှံကြိုက် သဘာဝအရင်းအမြစ် အားသာချက်၊ စိုက်ပျိုးရာမှာ ကျွမ်းကျင် လိမ်မာအားသာချက် ရှိသူများဖြစ်လို့ တိုးချဲ့စိုက်ပျိုးဖို့ အခက်အခဲမရှိလို့ ဈေးကွက်သတင်းအချက်များနဲ့ ပေါင်း စပ်ကာ တိုးချဲ့စိုက်ပျိုးသင့်တယ်လို့ သုံးသပ်မိပါတယ်။ ဒါကြောင့် ၂၀၁၁-၁၂ ခုနှစ်အနေနဲ့ ပဲပုပ်သီးနှံအား "စားသုံးပိုလျှံ- ရှမ်းပဲပုပ် စီးထွက်မှန်မှန်'' ကုန်သွယ်မှုရှိနေသော်လည်း ၂၀၁၂-၁၃ ခုနှစ်တွင်း ပဲပုပ်သီးနှံအား "စားသုံးပို လျှံ-ရှမ်းပဲပုပ်-ပို့ချက်-မြန်ဆန်'' စကား ရပ်နဲ့ ကူးသန်းရောင်းဝယ်မှု လျင်မြန် သွက်လက်တိုးတက်ခြင်းနဲ့ အကျိုး အမြတ်များ ပိုမိုလာမယ်လို့ ရေးသား တင်ပြအပ်ပါတယ်။ဉာဏ်လင်း
