အိန္ဒိယဆန်နဲ့ စားအုန်းဆီကုန်ပစ္စည်းချင်းဖလှယ်ဖို့ မလေးရှား စဉ်းစားနေ
မလေးရှားနိုင်ငံဟာ ၎င်းမှ ပို့ကုန်စားအုန်းဆီနဲ့ အိန္ဒိယနိုင်ငံမှ ဆန်တို့ကို ပစ္စည်းချင်းဖလှယ်ရေး အိန္ဒိယကို တင်ပြဖို့ မကြာမီ စဉ်းစားမယ်လို့ မလေးရှားဝန်ကြီးတစ်ဦးမှ ဆိုပါတယ်။ မလေးရှားစိုက်ပျိုးရေးလုပ်ငန်းနဲ့ ကုန်စည် ဝန်ကြီးမှ ထုတ်ပြန်ရာမှာ အိန္ဒိယနိုင်ငံမှ ဂျုံနဲ့ဆန်များတင်သွင်းနိုင်တယ်လို့ ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပြောကြား ပါတယ်။ ယင်းကဲ့သို့ ကုန်ပစ္စည်းဖလှယ်တဲ့ ကုန်သွယ်မှုမှ ကြီးမားတဲ့ အခွင့်အရေးရရှိမယ်လို့ ဝန်ကြီးမှ ဆိုပါတယ်။ လေ့လာဆန်းစစ် သူများမှ ပြောကြားရာမှာ ကုန်ပစ္စည်းချင်း ဖလှယ်ခြင်းဟာ ၂ နိုင်ငံလုံးကို အထောက်အပံ့ပြုမယ်လို့ ဆိုပါတယ်။ မလေးရှား နိုင်ငံဟာ နှစ်စဉ်ဆန်တန်ချိန် တစ်သန်းတင်သွင်းနေရပြီး၊ ဂျုံလိုအပ်ချက်အတွက် တင်သွင်းမှုအပေါ် လုံးဝမှီခိုနေရတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆန်နဲ့ဂျုံအမြောက်အမြား သိုလှောင်ထားရှိပေမယ့် အသီးအရွက်ဆီကိုတော့ နှစ်စဉ်လိုအပ် ချက်နဲ့ ၅၅ ရာခိုင်နှုန်းခန့် တင်သွင်းနေရတာဖြစ်ပါတယ်။ မကြာသေးခင်က အိန္ဒိယစားနပ်ရိက္ခာ ဝန်ကြီးမှ ၎င်းင်းတို့တွင် သီးနှံသိုလှောင်ဖို့ သိုလှောင်ရုံအားလပ်ခြင်း မရှိတာကြောင့် ကုန်ပစ္စည်းချင်းဖလှယ်တဲ့ ကုန်သွယ်မှုအရ မလေးရှားနိုင်ငံမှ စားအုန်းဆီတင်ပို့မှုနဲ့ ဖလှယ်ဖို့ ဂျုံနဲ့ ဆန်များ ပိုမိုတင်သွင်းရေး မလေးရှားကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။လဝန်း၊Source: oryza.com
