တရုတ်ပြည်ကို ဆန်ရောင်းရာမှာ အခက်အခဲတွေ့နေရတဲ့ ဗီယက်နမ် ကုန်သည်များ

    ဗီယက်နမ်ဆန်ကို တရုတ် မှာယူမှုများက ဝမ်းသာ စရာရော၊ ဝမ်းနည်းစရာပါ ဆောင်ကျဉ်း လာနေပါတယ်။  ယခုနှစ် အစပိုင်းမှာ တရုတ်နိုင်ငံရဲ့ မှာယူမှုများက ဈေးနှုန်း ပိုမိုမြင့်တက်စေပေမယ့် မကြာသေးခင်မှာတော့ ချုပ်ဆိုထား တဲ့စာချုပ်များ ဖောက်ဖျက်ပြီး၊ တင်သွင်းအမှာများစွာကို ပယ် ဖျက်ခဲ့တယ်လို့သိရပါတယ်။ဗီယက်နမ်ဆန်တင်ပို့မှုဟာ လက်ရှိ တရုတ်ဈေးကွက်မှာ စိတ်မကျေနပ်ဖြစ်မှုတွေနဲ့ မတည်မငြိမ် ဖြစ်နေတယ်လို့ ပြည်တွင်းသတင်းများက ဆိုပါတယ်။    ဗီယက်နမ်ကုန်သည်များရဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း VCCI  ရဲ့ ကင်ဘိုမြို့ အသင်းခွဲခေါင်းဆောင် ပြော ကြားရာမှာ တရုတ်နိုင်ငံဟာ ဗီယက်နမ်နဲ့ ကုန်သွယ်မှုပြုနေတဲ့ နည်းလမ်းကို သာမန်အသိနဲ့ တောင်သိနိုင် ပါတယ်လို့ ဆိုပါ တယ်။ ပထမပိုင်းမှာ တရုတ်ကုန်သည်များက ပမာဏကြီးကြီး မားမားနဲ့ ဝယ်ယူပြီး၊ အမှာ အော်ဒါ များစွာလည်း မှာယူလေ့ ရှိပါတယ်။ တရုတ်နိုင်ငံကို ဈေးအမြင့်နဲ့ ရောင်းချချိန်မှာ ဗီယက်နမ်တောင်သူများနဲ့ လုပ်ငန်းရှင်များအလွန်ပဲစိတ် ကျေ နပ်ကြပေမယ့် တရုတ်ကုန်သည်တွေက ဘယ်တော့မှ L/C  ဖွင့်ခြင်းမရှိတာကို ဗီယက် နမ်ကုန်သည် များ နားလည်မှု မရှိသေးဘူးလို့ ဆိုပါတယ်။    ကုန်ပစ္စည်းကောင်းတွေ စုဆောင်းပြီးချိန်မှာ တရုတ် ကုန်သည်များက ပစ္စည်းစုဆောင်းဝယ်ယူခြင်းကို ရုတ်တရက် ရပ်မယ်။ အထူးသဖြင့် ဗီယက်နမ်လုပ်ငန်းရှင်များက ပစ္စည်း များစွာ ထုတ်လုပ်တဲ့ အချိန်မှာ အဝယ် ရပ်တန့်တာဖြစ်တယ် လို့ ဆိုပါတယ်။ ဒါဟာ တရုတ်ကုန်သည်တွေ အသုံးပြုတဲ့ ပရိယာယ် ဖြစ်ပါတယ်။ ဒါမှမဟုတ် သူတို့ဆီမှာ ပစ္စည်း အလုံအလောက်ရှိနေတာကြောင့် တရုတ်ကုန်သည်တွေက ပစ္စည်းစုဆောင်းဝယ်ယူခြင်းကို ရိုးရိုးရှင်းရှင်းရပ်တန့်လေ့ရှိပါ တယ်လို့ ဆိုပါတယ်။ ၁၉၉၅-၁၉၉၆ ခုနှစ်မှာလည်း တရုတ် ကုန်သည်တွေနဲ့ စီးပွားရေးလုပ်တဲ့ ရော်ဘာနဲ့ ဆန် တင်ပို့သူ များစွာဟာ ဘဝပျက်ရတဲ့အထိ ဖြစ်ခဲ့ဘူးတယ်လို့ ၎င်းင်းက ဆက်လက် ပြောကြားပါတယ်။ အချို့ကိစ္စတွေမှာ တရုတ် တင်သွင်းသူများဟာ L/C  ဖွင့်ဖို့ လက်ခံကြပါတယ်။ ဒါပေမယ့် လည်း ဗီယက်နမ် လုပ်ငန်းရှင်တွေ အနေနဲ့ တရုတ်ကုန်သည် အချို့ရဲ့ ပင့်ကူအိမ်ထောင်ချောက်အတွင်း အလွယ်တကူကျ ဆင်းနေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက တည်ငြိမ်တဲ့ ဈေးကွက်တစ်ခု မဟုတ်ဘူး လို့ ပြောလိုပါတယ် လို့ ၎င်းင်းက ပြောကြားပါတယ်။    ဈေးနိမ့်ရင် တရုတ်က ကုန်ပစ္စည်း ယူလိမ့်မယ်။ ယေဘု ယျအနေနဲ့ တရုတ်ကုန်သည်တွေက ဘယ်စည်းမျဉ်း ဥပဒေ ကိုမှ လိုက်နာလိမ့်မယ်လို့ မမျှော်လင့်နဲ့လို့ ဆန်တင်ပို့သူများက ဆိုပါတယ်။ ဒါကြောင့် တရုတ်နဲ့ စီးပွားရေး  လုပ်တဲ့အချိန်မှာ အခက်အခဲ ပြဿာနာကြီးများနဲ့ ရင်ဆိုင်ရမှာကို နားလည် သင့်တယ်လို့လည်း ၎င်းင်းကဆိုပါတယ်။ အဲဒီလို တရုတ်နိုင်ငံရဲ့ ဉာဏ်ဆင်မှုတွေကြောင့် စာချုပ်များ ဖျက်သိမ်းမှုတွေအရ ဆုံးရှုံးမှုတွေ ပြန်ရရှိစေဖို့အလို့ငှာ ဆန်တင်ပို့သူတွေက လယ် ကွင်းပေါက်ဈေးကိုလျှော့ချဝယ်ယူလာကြတဲ့အတွက် ဗီယက် နမ် တောင်သူများပဲ နစ်နာကြရတယ်လို့ဆိုပါတယ်။လမင်း၊Source: riceonline