ယူအေအီးနဲ့ ရုရှားတို့အတွက် အရန်ဆန်အဖြစ်ထားရှိဖို့ ထိုင်းနိုင်ငံက ကမ်းလှမ်း

    စားနပ်ရိက္ခာဖူလုံမှုတိုးတက်ရေးအတွက် ရေနံနဲ့လဲလှယ်ထောက်ပံ့ပေးနိုင်ဖွယ်ရှိတဲ့ ယူအေအီးလိုနိုင်ငံနဲ့ ရုရှားအပါအဝင် နိုင်ငံများစွာအတွက် အရန်ဆန်ထားရှိရေး ထိုင်းနိုင်ငံမှကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံရဲ့ များပြားနေတဲ့ စပါး သိုလှောင်မှုတန်ချိန် ၁၅ သန်းလျော့ပါးအောင် ပြည်ပတင်ပို့နိုင်ဖို့ကြိုးစားခြင်းဖြင့် အကျိုးအမြတ် ရရှိအောင် ဆောင်ရွက်တဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။    ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ ယူအေအီးတို့ပါဝင်တဲ့ ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ (GCC) ရဲ့ အဖွဲ့ဝင် ၆ နိုင်ငံအတွက် အရန်ဆန်ထားရှိရေး ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာနမှ ယူအေအီးအစိုးရနဲ့ ဆွေးနွေးလျက်ရှိတယ်လို့ ဝန်ကြီးဌာနမှဆိုပါတယ်။ ယင်းဆွေးနွေးပွဲက ယခုအခါ အောင်မြင် နေပြီဖြစ်ကြောင်း၊ ယူအေအီးက လည်း အပြန်အလှန်အနေနဲ့ ထိုင်းနိုင်ငံမှာ ၎င်းင်းတို့အတွက် အရန်ဆန်ထားရှိသလို ထိုင်းနိုင်ငံအတွက်လည်း ယူအေအီးမှာ ရေနံအရန်ထားရှိဖို့ ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။     အလားတူ ရုရှားကလည်း ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို စိတ်ဝင်စားမှုရှိတာ ဖော်ပြခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ အတည်ပြုပြောကြားပါတယ်။ ဒါ့အပြင် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု  (APEC)  ၊ အာဆီယံနဲ့ တရုတ်နဲ့ အိန္ဒိယအပါအဝင် FTA ကုန်သွယ်ဖက်အချို့မှနိုင်ငံများနဲ့လည်း သဘောတူညီချက် တစ်ခုထား ရှိဖို့ အစိုးရမှ ရည်မှန်းထား ကြောင်းလည်း ထပ်လောင်းပြောကြားပါတယ်။ လဝန်း၊Source: oryza.com