အိန္ဒိယဈေးကွက်မှာ ဩစတြေးလျ ကုလားပဲဈေးပိုလာပြီး ပြည်တွင်းကုလားပဲဈေး အနည်းငယ်လျော့
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်ပက တင်သွင်းတဲ့ ကုလားပဲဈေးအနည်းငယ်ပိုလာပေမဲ့ ပြည်တွင်း ကုလားပဲဈေး ကတော့ အနည်းငယ်လျော့ကျမှုရှိတာ တွေ့ရပါတယ်။ လတ်တလောမှာ ပြည်တွင်းစားသုံးသူများမှ ဝယ်ယူမှုလျော့တဲ့အပြင် မိုးပဲစိုက်ပျိုးမှု ပိုမိုမယ့် ခန့်မှန်းချက်များအရလည်း ပြည်တွင်းကုလားပဲဈေး အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြည်ပမှ တင်သွင်းပဲများမှာ ရူပီးတန်ဖိုးကျဆင်းတဲ့အပြင် နိုင်ငံတကာ ကုလားပဲဈေးခိုင်မာနေခြင်းကြောင့် ဈေးပိုလာခြင်းဖြစ်ကြောင်း သိရပါတယ်။ ဇွန် ၂ ရက်မှ ၁၁ ရက်အတွင်း ချန်နိုင်းဆိပ်ကမ်းကို မြန်မာကုလားပဲဖြူလုံးကြီး ကွန်တိန်နာ ၅ လုံး ဝင်ရောက် ကြောင်း သိရပါတယ်။ ဒေါ်လာ/ တန် ၁၄-၆-၁၂ ၁၃-၆-၁၂ ၁၂-၆-၁၂ ၁၁-၆-၁၂မွန်ဘိုင်း ၇၈၉ ၇၈၃ ၇၉၉ ၇၉၄ဒေလီ ၇၅၇ ၇၅၂ ၇၆၇ ၇၆၂ကန်ပါ ၇၆၂ ၇၅၉ ၇၆၇ ၇၇၁MIRT(MAPT)
