မြေဩဇာတန်ချိန် ခြောက်ရာကျော်အဝင်ပို
မြေဩဇာတန်ချိန် ခြောက်ရာကျော်အဝင်ပိုထိုင်းနိုင်ငံမှ ဓာတ်မြေဩဇာတန်ချိန် ၁၅၀ နဲ့ အခြားမြေဩဇာ တန်ချိန် ၉၆၀၊ အိန္ဒိယမှပိုတက်ဆီယမ် ကလိုရိုဒ်အမျိုးအစား မြေဩဇာ ၄ ဒသမ ၃၅ တန်၊ ဗီယက်နမ်နိုင်ငံမှ ဩဂဲနစ်မြေဆီ ၂၈၇ တန်နဲ့ အခြားမြေဩဇာ ၁၂ တန်တို့ကို ဇွန်ပထမပတ်ဖြစ်တဲ့ ဇွန် ၃ ရက်မှ ၉ ရက်တာ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ မြေဩဇာတန်ချိန်က စုစုပေါင်း ၁၄၁၃ ဒသမ ၃၅ တန်ဖြစ်ပြီး တန်ဖိုးက ကန်ဒေါ်လာ လေးသိန်းကျော် ဖိုး ဖြစ်ပါတယ်။ ယခင်သီတင်းပတ်မြေဩဇာအဝင်က တန်ချိန် ခုနစ်ရာကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မြေဩဇာအဝင်တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် ခြောက်ရာကျော် ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်မြေဩဇာတန် ၁၁၀ဝ၀ ကျော်အသွင်းရှိမြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ထိုင်းနယ်စပ်ရှိ ကော့သောင်း၊ မြဝတီ၊ တာချီလိတ်၊ မြိတ်နဲ့ အိန္ဒိယနယ်စပ်ရှိ ရိဒ်စခန်းတို့မှ ကန်ဒေါ်လာ ၂ ဒသမ ၃၂၁ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာ ၁၁၄၄၂ တန်ကျော်ကို ဇွန် ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့ရာ ယခင်အပတ် တင်သွင်းမှုထက် တန်ချိန် ၈၈၅ တန်ခန့် လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၀၄၇၉ တန်ကျော်၊ တာချီလိတ်မှ တန် ၄၀၊ မြဝတီမှ တန် ၅၀၊ မြိတ်မှ ၁၆၅ တန်၊ ကော့သောင်းမှ ၂၇၁ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှာ အများဆုံး တင်သွင်းတဲ့ ဓာတ်မြေဩဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ နိုက်ထရိတ်ပိုတက်ရှ်၊ စင်ဂဲလ်ဆူပါဖော့စဖိတ်နဲ့ ကွန်ပေါင်း (၁၅း၅း၅) တို့ ဖြစ်ပါတယ်။ MIRT(DOBT)ရာသီအေး အရောင်းအဝယ်အေးနေတဲ့ ဓာတ်မြေဩဇာမော်လမြိုင်ဈေးကွက်တွင် ဓာတ်မြေဩဇာက အရောင်းအေးလာတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ မိုးကလည်းကောင်းလာတာကြောင့် အရောင်းအဝယ်ကလည်း အေးလာပါတယ်။ အရောင်းက အေးတာနဲ့အမျှ ဈေးက လေးပတ်ဆက်တိုက် ငြိမ်နေပါတယ်။ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်)(တရုတ်)က ၂၄၀ဝ၀ ကျပ်၊ ကွန်ပေါင်းအစိမ်း ၁၅း၁၅း၁၅ က ၃၅၀ဝ၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) က ၃၁၀ဝ၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)က ၃၀ဝဝဝ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၄၀ဝ၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ) တရုတ်က ၁၁၅၀ဝ ကျပ်ဈေးနဲ့ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေပါတယ်။တောင်ကြီးဈေးကွက်မှာ မြေဩဇာက မှန်မှန်လေးရောင်းနေရာမှ ဒီရက် ပိုင်းလေးမှာ အရောင်းအဝယ်အေးလာတယ်လို့ ဆိုပါတယ်။ မိုးကလည်း ကောင်း လာတာကြောင့် အရောင်းကအနည်းငယ်ထိုင်းလာပြီး ဈေးကလည်း အကျဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယား-ပုလဲက ၂၀ဝ၀ ကျပ်၊ တီစူပါက ၁၀ဝ၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ က ၂၅၀ဝ ကျပ်၊ ဓာတ်ဆားက ၅၀ဝ ကျပ်၊ မြားကမ္ဘာက ၁၅၀ဝ ကျပ် ဈေးကျပြီး တီစူပါ ၁၅ ပတ်လည်က ၅၀ဝ ကျပ် ဈေးမြင့်လာပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား-တရုတ်(ကမ္ဘာလုံး-ရွှေတောင်) ၁၉၈၀ဝ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၁၉၅၀ဝ ကျပ်၊ တီစူပါ ၁၂% (တရုတ်) က ၉၀ဝ၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၉၅၀ဝ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀ဝ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၂၅၀ဝ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၇၅၀ဝ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀ဝ၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၀ဝ၀ ကျပ်နဲ့ မြားကမ္ဘာ ၁၅၀ဝ၀ ကျပ် တို့ဖြစ်ကြောင်း သိရပါတယ်။ပဲခူးဈေးကွက်မှာ ဓာတ်မြေဩဇာက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ယခင်တစ်ပတ်အတု်င်း ဒီတစ်ပတ်မှာလည်း အရောင်းပုံမှန်ရှိနေတဲ့ မြေဩဇာထဲမှာ ယူရီးယား-ပုလဲက ၅၀ဝ ကျပ် ဈေးကျ လာပါတယ်။ ဒီတစ်ပတ် မြေဩဇာဈေးက ယူရီးယား-ပုလဲ (ပန်းဖူး) တရုတ်က ၂၂၅၀ဝ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) က ၂၂၀ဝ၀ ကျပ်နဲ့ ယူရီးယား (ကမ္ဘာလုံး-တရုတ်) က ၂၁၅၀ဝ ကျပ်ဈေး ဖြစ် တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေဩဇာက အရောင်းပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ယူရီးယားမြေဩဇာတွေထဲမှာ တံဆိပ်အမျိုးမျိုးက သူ့ဈေးနဲ့သူရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ ယူရီးယား(တရုတ်)က ၁၇၃၀ဝ ကျပ်၊ ယူရီးယား (နေရွက်လှေ) (တရုတ်) ၁၃၀ဝ၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၃၅၀ဝ ကျပ်၊ ပိုတက်(ကနေဒါ) က ၁၃၅၀ဝ ကျပ်၊ ပိုတက်(ထိုင်း)က ၃၄၀ဝ၀ ကျပ် ဈေးရှိနေပြီး ကွန်ပေါင်း ၁၅ ပတ်လည် အမျိုးအစားတွေထဲမှာတော့ တံဆိပ်အလိုက်ဈေးကလည်းရှိနေပါတယ်။ တစ်အိတ်ကို ၂၉၅၀ဝ ကျပ်မှ ၃၄၅၀ဝ ကျပ်အတွင်း ဈေးအမျိုးမျိုးရှိနေကြောင်း သိရပါတယ်။ ကွန်ပေါင်း ၁၀း၁၀း၅ (တရုတ်) က ၁၇၅၀ဝ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ က ၃၇၃၀ဝ ကျပ်၊ ကွန်ပေါင်း ၁၅းရး၁၈ က ၃၃၀ဝ၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေဩဇာက အရောင်းက သွက်ပေမဲ့ ဒီရက်ပိုင်း မှာတော့ အရောင်းနည်းနည်းလေး အေးလာပါတယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အာမို ၁၅း၁၅း ၁၅ က ၇၀ဝ ကျပ်နဲ့ တောင်သူမက ၁၀ဝ၀ ကျပ် ဈေးတက်ပြီး အာမို ၁၆း၁၆း ၈ က ၂၀ဝ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၅၀ဝ ကျပ်၊ တီစူပါ (မြှားနီ-တရုတ်) ၂၀ဝ၀ ကျပ်၊ ဈေးကျပြီး ကျန်မြေဩဇာတွေက ယခင်ဈေး အတိုင်းပဲရှိနေခဲ့ပါတယ်။ ဒီတစ်ပတ် မြေဩဇာဈေးတွေက မြားကမ္ဘာ (၁၂း၁၃) ၁၆၀ဝ၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၀ဝ၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၆၅၀ဝ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၆၈၀ဝ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၄၃၀ဝ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၃၀ဝ၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်- တရုတ်) ၂၂၅၀ဝ ကျပ်၊ တီစူပါ(မြှားနီ-တရုတ်) ၂၂၀ဝ၀ ကျပ်၊ တောင်သူမက ၁၆၀ဝ၀ ကျပ်၊ ပိုတက် ၂၃၅၀ဝ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀ဝ၀ ကျပ်ဈေးတွေ အသီးသီးရှိနေတယ်လို့ သိရပါတယ်။ MIRT(DOT)
