ပြည်တွင်းဆန်များ တရုတ်နယ်စပ်ကို အဝင်များလို့ ဆလပ် (ဆန်ကွဲကြီးအဆင့်) အဝယ်ရပ်နေ

တရုတ်နိုင်ငံကို ပြည်တွင်းမှဆန်များ တင်ပို့မှုများနေခြင်းကြောင့် ဈေး ကွာဟမှုနည်းပြီး ဆလပ် (ဆန်ကွဲကြီး အဆင့်) အဝယ်ရပ်သွားကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဌေးလွင်က "တရုတ်ဘက်ကို ငစိန်ဆန်တင်ပို့တော့ ဆလပ်ဆန်အဝယ် ရပ်သွားတယ်။ ဆလပ်ဈေးကတစ်ပိုင်းကို ယွမ် ၁၂၀ (ကျပ် ၁၅၈၀ဝ)ရှိပြီး၊ ဆန်ဈေးက တစ်ပိုင်းကို ယွမ် ၁၂၇ (ကျပ် ၁၆၈၀ဝ)၊ ၁၂၈ ယွမ် (ကျပ် ၁၆၉၀ဝ) ဆိုတော့ ဈေးမကွာတော့ဘူး။ ငွေဈေးမမှန်လို့ တင်ပို့ရတာလဲ မကိုက်ဘူး။ ဈေးကွက်တွက် မရဘူးပေါ့''လို့ ပြောပါတယ်။တရုတ်နိုင်ငံကို ရန်ကုန်၊ မန္တလေး၊ တောင်ငူနဲ့ ပြည်မှ ဆန်စီးနဲ့ ဆန် ကြမ်းများ နေ့စဉ်တင်ပို့နေပြီး၊ အပိုင်း (တစ်တင်းခွဲအိတ်) ၂၀ဝ ပါ  ကားအစီး ၃၀ နဲ့ ၄၀ ကြား တင်ပို့နေကြောင်း သိရပါတယ်။                           ဇူးဇူး