ယခုနှစ် ကျောက်ပန်းတောင်း ထန်းလျက် အထွက်လျော့သလို ဈေးလည်းလျော့

ယမန်နှစ်က ကျောက်ပန်းတောင်း မြို့နယ်အတွင်း   ထန်းလျက်အထွက် ပိဿာချိန် သိန်း ၅၀ ခန့်  ထွက်ရှိပြီး၊ ထန်းလျက်အကြမ်း တစ်ပိဿာ ၅၀၀ ကျပ်၊ ရိုးရိုးထန်းလျက်တစ်ပိဿာ ၆၀၀ ကျပ်၊ ဆေးခပ်ထန်းဖြူတစ်ပိဿာ ၇၀၀ ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ ယခုနှစ်  ထန်းလျက်  အထွက်မှာ ပိဿာချိန် ၁၅ သိန်းခန့် ထွက်ပါတယ်။ ယခုနှစ် ထန်းလျက်အထွက်နည်းရခြင်း မှာ  ထန်းလုပ်တောင်သူနည်းပါးသလို ရာသီဥတု  ပူပြင်းတာကြောင့်လည်း ဖြစ်ပါတယ်။ ထန်းလျက်အကြမ်း တစ် ပိဿာ ၄၀၀ ကျပ်၊ ရိုးရိုးထန်းလျက် တစ်ပိဿာ ၄၂၀ ကျပ်နဲ့ ဆေးခပ်ထန်း ဖြူ တစ်ပိဿာ ၄၅၀ ကျပ်တို့ရှိကြောင်း သိရပါတယ်။ ပွဲရုံအဆိုအရ သကြားဈေးလည်း ယခင်နှစ်က တစ်ပိဿာ ၁၇၀၀ ကျပ် - ၁၈၀၀ ကျပ်ရှိရာမှ ယခုနှစ်မှာ ၉၀၀ ကျပ်-၉၅၀ ကျပ်ဈေးသာဖြစ်လို့ ထန်း လျက်အစား သကြားကို အစားထိုးသုံး ကြတာကြောင့် ထန်းလျက်ဈေးလည်း အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ထားအိဝင်း