မိုးကုတ်၊ မြစ်ကြီးနား သစ်သီးတွေဝင်လို့ မြေပြန့်သရက်သီး အရောင်းအေး
စိန်တလုံးသရက်တွေ ရှားလာတဲ့ အတွက် မူဆယ်ရော၊ မန္တလေးရော ဈေးကောင်းရနေတယ်လို့ သိရပါတယ်။ မြေပြန့်သီးတွေက လက်လီသမားတွေ အတွက်ပဲရှိတော့တယ်လို့ သိရပါတယ်။ စိန်တလုံးတွေ ကုန်သလောက် ဖြစ် နေတဲ့အတွက် မူဆယ်ကို သိပ်မတက် တော့ပါဘူး။ ဟင်္သာကတော့ များသေး ပါတယ်။ မူဆယ်ရဲ့ သရက်သီးဈေးတွေ ကတော့ စိန်တလုံးအိတ်စွပ် တစ်ဖာ တရုတ်ငွေ ၁၅၀ ယွမ် (ကျပ် ၁၉၈၀၀)၊ ရိုးရိုး ၁၀၀ ယွမ် (ကျပ် ၁၃၂၀၀)၊ ဟင်္သာအိတ်စွပ် ၁၂၀ ယွမ် (ကျပ် ၁၅၈၀၀)၊ ရိုးရိုးက ၅၀ ယွမ် (ကျပ် ၆၆၀၀) ရှိတယ်လို့သိရပါတယ်။ ရင်ကွဲကတော့ အခုမှစပေါ်ပြီး ရန် ကုန်ဘက်ကို တင်ပါတယ်။ ရင်ကွဲခြံဈေး တစ်လုံး ၃၀ ကျပ်ရှိတယ်။ ရန်ကုန်ပို့တဲ့ အခါ သေတ္တာတွေနဲ့ပို့တယ်။ ၁ တာကို ၁၀၀၀၀ ကျပ်ကျော်ရတယ်လို့ ခြံရှင် တစ်ဦးထံမှ သိရပါတယ်။စိန်တလုံး မြေပြန့်သီးတွေ မရှိ တော့ပေမယ့် ရှမ်းပြည်သီးတွေ ဝင်နေ တာကြောင့် မန္တလေးသစ်သီးဈေးကွက် မှာ စိန်တလုံးတွေရှိသေးပါတယ်။ ပွဲရုံ ဈေး စိန်တလုံးအိတ်စွပ် ၁ လုံး ကျပ် ၅၀၀ ထိရှိပြီး၊ ရိုးရိုးစိန်က ၂၅၀ ကျပ် - ၂၈၀ကျပ်၊ ဟင်္သာတစ်တောင်း ၄၀၀၀ ကျပ်- ၆၀၀၀ ကျပ်ဈေးရှိပါတယ်။ သစ် သီးဈေးကွက်မှာ မိုးကုတ်ကမက်မန်းနဲ့ မြစ် ကြီးနားက လေချူ(လိုင်ချီးသီး) တွေ ဝင်နေတဲ့အတွက် မက်မန်းနဲ့ လေချူဘက်အဝယ်လှည့်နေတာကြောင့် သရက်သီး အရောင်းအေးနေတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။ အေးအေးတင့်
