ရှမ်းပြည်နယ်တောင်ပိုင်း စိန်တလုံးသရက် ပြည်ပဈေးကွက်တင်ပို့ပြီ

    ရှမ်းပြည်နယ်တောင်ပိုင်း   အင်တောမြို့နယ်ခွဲရှိ ကျောက်ဆုံ သဘာ၀ သရက်ဥယျာဉ်ခြံ၊ ကမ္ဘောဇ စိုက်ပျိုးရေး ခြံနဲ့ ရွှေသံလွင်စိုက်ပျိုးရေးခြံတို့မှ စိန် တလုံးသရက် ၇၈၈၃ လုံးခန့် ၁၇၆ ဖာ၊ တောင်ကြီးမြို့နယ် ပန်းစုံကျေးရွာမှ စိန် တလုံးသရက် ၈၈၀၀၀ လုံးခန့် ၂၁၉၀ ဖာတို့ကို ဇွန် ၉ ရက်မှစပြီး ဇွန် ၁၄ ရက်နေ့ထိ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံကို တင် ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဈေးနှုန်းမှာ တစ်ဖာကို ၇၀ ယွမ် (၄၃၀၀၀ ကျပ်)မှ ၁၃၀ ယွမ် (၈၀၀၀၀ ကျပ်)အထိ ရရှိ ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း  သရက် အစုအဖွဲ့မှ စင်ကာပူနိုင်ငံကို ဇွန် ၁၄ ရက်အထိ စိန်တလုံး  သရက်သီး ၂ ဒသမ ၅ တန်ကို တစ်တန် ကျပ် ၈ သိန်းနှုန်းနဲ့ တင်ပို့ရောင်းချကြောင်း သိရ ပါတယ်။ ဆက်လက်တင်ပို့ဖု့ိလည်း စီစဉ် ထားကြောင်း မလေးရှားနိုင်ငံကိုလည်း ၃ တန် တင်ပို့ဖို့စီစဉ်ထားကြောင်း သိရ ပါတယ်။ခွန်ကျော်ဌေး