ငါးရှဉ့်များ တိုက်ရိုက်ရောင်းဝယ်မှုများရှိနေ၍ ငါးရှဉ့်လုပ်ငန်းရှင်များ စိုးရိမ်မှုရှိ
ငါးရှဉ့်များကို ရန်ကုန်နှင့် မန္တလေး ဒေသတစ်ဝိုက်မှ တင်ပို့ရောင်းချလျက် ရှိရာ ယခင်ကလေလံတင်ပြီး တရုတ် နိုင်ငံကို တင်ပို့ရောင်းချမှုရှိရာမှ ယခု အခါ လေလံမဖြတ်ဘဲ မူဆယ်ကို တိုက် ရိုက်ရောင်းချနေခြင်း၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်ဘက်မှ ကုန်သည်များ တိုက်ရိုက်ဆင်းဝယ်နေခြင်းများကြောင့် ဈေကွက်အမှန် ပျောက်နေပြီး၊ ငါးရှဉ့် လုပ်ငန်းရှင်များ ရေရှည်မှာ ငါးရှဉ့်သယံ ဇာတအတွက်စိုးရိမ်ကြောင်း ငါးရှဉ့် လုပ်ငန်းရှင်အချို့က ပြောကြားပါတယ်။မန္တလေးတိုင်းဒေသကြီး ငါးရှဉ့်လုပ် ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ် ဦးက "လိုင်စင်ဆောင်စရာ မလိုဘဲ တိုက်ရိုက်ရောင်းလို့ရတော့ သွားချင် သလို သွားနေကြတယ်။ လမ်းမှာ ငါး လုပ်ငန်းက စစ်ဆေးတာလဲမရှိတော့ ဆိုဒ်အကြီးရော၊ အသေးရော ရောင်းချ နေကြတဲ့အတွက် ရေရှည်မှာ ငါးရှည့် သယံဇာတဆုံးရှုံးမှာ စိုးရတယ်။ အရင် တုန်းက ဆိုဒ်အသေးဆို လယ်ထဲပြန် လွှတ်ပေးရတာ။ အခုကျတော့ ၁၀၅ မိုင်ကျော်ပြီး မူဆယ်မှာ ဆိုဒ်အကြီး တိုက်ရိုက်ရောင်းတယ်။ ဆိုဒ်အသေးကို ၁၀၅ မိုင်လေလံရုံမှာ ရောင်းတော့ဈေး ကွက်အမှန်လည်း မသိရတော့ဘူး။ ဈေး ကွက်ပျောက်နေပြီ။ ချင်းရွှေဟော်နဲ့ လောက်ကိုင်က ကုန်သည်တွေဆို ဧရာ ဝတီတိုင်းဒေသကြီးအထိ ငွေထုတ်ပေး ပြီး တိုက်ရိုက်ဆင်းဝယ်နေကြတယ်။ ကျွန်တော်တို့ လုပ်ငန်းပျောက်မှာ စိုးရိမ် နေရပါတယ်။ အရင်က လေလံစနစ်က ကောင်းပါတယ်။ တရုတ်ကုန်သည် ကုမ္ပဏီနဲ့ပဲ လေလံဈေးညှိတော့ ကျွန် တော်တို့ကုန်သည်တွေ မပါရတာပေါ့။ ကျွန်တော်တို့ ကုန်သည်တွေပါဝင်ပြီး၊ လေလံဈေးညှိရမယ်ဆို ဒီစနစ်က ကောင်းပါတယ်။ ရေရှည်မှာ ပြည်တွင်း ကို ဆင်းဝယ်နေရင် အခက်အခဲဖြစ် နိုင်ပါတယ်။ တိုက်ရိုက်ရောင်းဝယ်စနစ် ကြောင့် ကုန်ဆိုဒ်မထိန်းလို့ သယံဇာတ လည်း ပျောက်ကွယ်သွားနိုင်ပါတယ်'' လို့ ပြောပါတယ်။ယခုအချိန်မှာ ငါးရှဉ့်ထွက်နှုန်း နည်း ချိန်ဖြစ်လို့ မူဆယ်ကို တစ်ရက်ကား နှစ် စီးဝန်းကျင် တင်ပို့မှုရှိကြောင်း သိရပါ တယ်။ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကို ကားကြီး တစ်စီးစာ (တာ ၁၀၀ နှုန်း ဝန်းကျင်)သွားနေကြောင်း သိရပါတယ်။ ချင်းရွှေဟော်မြို့ကို တရုတ်ကုန်သည် များ တိုက်ရိုက်ရောင်းဝယ်မှုမှာ ခြောက် လကျော်ကာလ ရောက်ရှိနေပြီး၊ လောက်ကိုင်မြို့မှ ယခုရက်ပိုင်းအတွင်း တိုက်ရိုက်ရောင်းဝယ်မှုများ ရှိနေ ကြောင်း သိရပါတယ်။ ဇူးဇူး
