ကော်ဖီဈေးကွက်ဝင်ဖို့ ချိတ်ဆက်စို့

       ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကော်ဖီကို ဧက ၁၀၀၀၀ ကျော်စိုက်ပျိုးပါတယ်။ ဈေးကွက်အနေနဲ့ ယခင်နှစ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဂျာမနီနိုင်ငံကို ကော်ဖီစေ့(အဆန်) တန် ၆၀ ခန့် တင်ပို့မှုရှိခဲ့လို့ ပြည်တွင်းဈေးကွက်မှာ (အဆန်)တစ်ပိဿာ ၄၅၀၀ ကျပ်ထိ ဈေးရရှိခဲ့ပါတယ်။ ယခုနှစ်မှာ ပြည်ပမှ ဝယ်ယူမှုမရှိလို့ ၃၃၀၀ ကျပ်နဲ့ ဈေးငြိမ်ပြီး၊ အရောင်းအဝယ်ပုံမှန်ရှိနေပေမယ့် လာမယ့်နှစ်အတွက် ပြည်ပမှာစာချုပ် ချုပ်ဖို့ ကမ်းလှမ်းလာလို့ လာမယ့်နှစ်မှာ ဈေးကောင်းရရှိမယ်လို့ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူထံမှ သိရပါတယ်။                          ရွှေစင်