ဇေယျာရွှေမြေမှ သင်္ဘောသီးဝါဝါ
မြန်မာနိုင်ငံနေရာအနှံ့မှာ သင်္ဘောစိုက်ပျိုးနိုင်ပြီး၊ ရာသီအလိုက် ထွက်ပေါ်လာတဲ့ သစ်သီးဝလံအမျိုးမျိုး အနက် သင်္ဘောသီးကို တစ်နှစ်ပတ်လုံး တွေ့ရှိနိုင်ပါတယ်။ သင်္ဘောပင်များဟာ ၃ နှစ်သားအရွယ်ထိ အသီးသီးနိုင် ပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်နယ်က အပင်တွေကတော့ ကာဘိုး၊ ကင်းတပ်၊ သဖန်းဆိပ်ဆည်ကြီး ၃ ခုရဲ့ ရေလမ်း ကြောမှာရှိနေလို့ မိုးများချိန်ရေလွှတ်ပါက အပင်တွေ ပျက်စီးတတ်တယ်။ တစ်နှစ်တစ်ခါ အောက်တို ဘာလခန့်မှာ ပြန်စိုက်ရတတ်ပေမယ့် မိမိတို့ဒေသထွက်ကိုထိန်းသိမ်းပြီး၊ ဈေးကွက်တစ်ခုအဖြစ် များပြားစွာ ထွက်ရှိအောင် ဇွဲကောင်းစွာနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ဇေယျာရွှေမြေမှ သင်္ဘောစိုက်တောင်သူများဖြစ်ပါတယ်။ ဝက်လက်မြို့နယ်ရှိ တည်တော၊ သမရိုး၊ ရွှေပန်းကုံးနဲ့ အနီးကျေးရွာများမှာ သင်္ဘောစိုက်တောင်သူ ၁၀၀ ဦးခန့် ရှိပြီး၊ စိုက်ဧက ၅၀ ကျော်ရှိပါတယ်။ တစ်ဧကမှာ အပင် ၅၀၀ ခန့်စိုက်ပျိုးကြပြီး၊ ထိုင်ဝမ် ၇၈၆ မျိုး အစိုက်များကာ တစ်ပင်ကို တစ်နှစ်ပတ် ပျမ်းမျှအသီး ၅၀ ဆွတ်ခူးနိုင် ကြောင်း သိရပါတယ်။ တစ်ဧကကို ကျပ် ၇ သိန်းခန့်ကုန်ကျပြီး အမြတ်ငွေ ၁၀ သိန်းခန့်ရရှိကြပါတယ်။ လက်ကားထုပ်ပိုး ရောင်းချပုံကတော့ သင်္ဘောသီးကို စက္ကူနဲ့ပတ်ပြီး၊ အိတ်ထဲကို ၂ လုံးမှ ၄ လုံးအထိ ဝင်သလောက်ထည့်ပြီး၊ တစ်အိတ်ကို ရာသီအလိုက် ၂၀၀ ကျပ်မှ ၇၀၀ ကျပ်ထိ ဈေးရကြောင်းသိရပါတယ်။ စက်တင်ဘာလမှ ဇန်နဝါရီလအထိ သင်္ဘောသီး လှိုင်လှိုင်ပေါ်ချိန်မှာ ရန်ကုန်ကိုပါတင်ပို့ရပြီး၊ ပုံမှန်အဓိက မန္တလေးဈေးကွက်ကို တင်ပို့ပါတယ်။ မန္တလေးကို သင်္ဘောသီး အဝင်အများဆုံးမှာ ဝက်လက်နယ်ကပင်ဖြစ်ပြီး၊ မူဆယ်ဈေးထိရောက်ရှိပါတယ်။ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှာ စိုက်ပျိုးသူများ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် အရည်အသွေးနဲ့ ဈေးကွက် မြှင့်တင်နိုင်ရေး ဆက်လက်ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ရီလင်းထွဋ်
