တရုတ်နိုင်ငံက ထိုင်းဆန်တန်ချိန် တစ်သန်း ပိုမိုဝယ်ယူသွားမယ်

    တရုတ်ပုဂ္ဂလိကကုန်သည်များက ထိုင်းဆန်တန်ချိန် ၃ သိန်းဝယ်ယူထားပြီးတဲ့အပြင် ယခုနှစ်ထိုင်းနိုင်ငံနဲ့ အစိုးရ အချင်းချင်း ကုန်သွယ်မှုတစ်ခုအရဆန်တန်ချိန်တစ်သန်းထက်မနည်း ဝယ်ယူဖို့ တရုတ်နိုင်ငံက သဘောတူညီကြောင်း ထိုင်း စီးပွားကူးသန်း ဝန်ကြီးဌာန မှ ထုတ်ပြန်ပြောကြားပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံမှာ အခြေခံအဆောက်အဦလုပ်ငန်းများ ချဲ့ထွင်ဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မှာ အများပြည်သူဆိုင်ရာ ရေမီး ဖြန့်ဖြူးရေးလုပ်ငန်းတွေမှာလည်း စိတ်ဝင်စားနေတယ်လို့ ထိုင်း စီးပွားကူးသန်း ဝန်ကြီးမှ ထုတ်ဖော်ပြောကြားပါတယ်။    တရုတ်နိုင်ငံက ထိုင်းမှာ အခြေခံအဆောက်အဦဆိုင်ရာ စာချုပ်များချုပ်ဆိုစဉ်က ပါဝင်တဲ့အချက်တွေ့နဲ့ အညီ ယခုနှစ်မှာ ထိုင်းဆန်တန်ချိန် တစ်သန်းထက် ပိုမိုဝယ်ယူဖို့ သဘောတူညီခဲ့ပြီးကြောင်း ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် နှစ်စဉ် တရုတ်နိုင်ငံကို ထိုင်းဆန်တန်ချိန် ၂ သန်းရောင်း ချရမယ့် စာချုပ် အပြီးသတ် ရေးဆွဲမယ့် ၂ နိုင်ငံအကြား ပူးတွဲ လုပ်ငန်းအဖွဲ့ တစ်ခုကိုလည်း မကြာမီ ဖွဲ့စည်းမှာဖြစ်ကြောင်း ပြောကြားပါတယ်။    ပြည်တွင်း အပေါင်ခံအစီအစဉ်အရ ဝယ်ယူဈေး မြင့်တက်မှုကြောင့် ယခုနှစ်ထိုင်းဆန်တင်ပို့မှု ကျဆင်းခဲ့ရာ ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၈ ရက်အထိ တင်ပို့မှု ပမာဏဟာယခင်နှစ်တင်ပိုခဲ့တဲ့ တန်ချိန် ၅ ဒသမ ၄၈ သန်းကနေ တန်ချိန် ၃ ဒသမ ၀၄ သန်းကို ၄၄ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပါတယ်။                                  လမင်း၊ Source:oryza.com