အိန္ဒိယအစိုးရက စပါးရဲ့ အနိမ့်ဆုံးထောက်ပံ့ဝယ်ဈေးကို တိုးမြှင့်

    အိန္ဒိယအစိုးရက လယ်သမားတွေဆီမှ စပါးဝယ်ယူရာ မှာ ပေးတဲ့အနိမ့်ဆုံး ထောက်ပံ့ဈေး (Minimum Support Prices-MSP)  ကို ၁၆ ရာခိုင်နှုန်း (ဒါမှမဟုတ်) တစ်ကွမ် တယ်လ်ကို ၁၇၀ ရူပီး (သို့) တစ်တန်ကို ကန်ဒေါ်လာ ၃၀ တိုးမြှင့်ပေးလိုက်တယ်။ ဒါကြောင့်  Grade A   အဆင့် စပါး တစ်တန်ကို အိန္ဒိယရူပီး ၁၂၈၀ (တစ်တန်ကို ကန်ဒေါ်လာ ၂၃၀ ဝန်းကျင်) အထိပေးပြီး   ဝယ်ယူသွားမှာဖြစ်တယ်လို့ သိရတယ်။     ဒါပေမဲ့ ဆန်အတွက် MSP  နှုန်းထားက အခြားသီးနှံ တွေအတွက်ပေးတဲ့  MSP  နှုန်းထားထက် နည်းတယ်လို့ သိရတယ်။ အိန္ဒိယပြည်တွင်းဆန်သိုလှောင်ထားမှု မြင့်မား ခြင်း၊ MSP  နှုန်းထား အနည်းငယ်သာတိုးပေးခြင်းနဲ့ နိုင်ငံ တကာ ဆန်ဈေးနှုန်းတွေ အားနည်းနေခြင်းတို့က အိန္ဒိယ လယ်သမားတွေကို စပါးတိုးမြှင့်စိုက်ပျိုးလိုစိတ်ကို အားနည်း စေလိမ့်မယ်လို့ သုံးသပ်ကြတယ်။Source:oryza.com၊ ပပ