မန်းမြန်မာပလာဇာ မြေညီထပ်ဈေး ဆိုင်ခန်းများအား ရင်းနှီးမြှုပ်နှံမှုအနေနဲ့ဝယ်ယူနေလို့ ဆိုင်ခန်းဈေးမြင့်တက်
မန်းမြန်မာပလာဇာ မြေညီထပ်ဈေး ဆိုင်ခန်းများအား ရင်းနှီးမြှုပ်နှံမှုတစ်ရပ် အနေနဲ့ လွန်ခဲ့တဲ့နှစ်လက လိုက်လံဝယ် ယူခဲ့ခြင်းကြောင့် ယခုလမှာ ဆိုင်ခန်း ဈေးနှုန်း မြင့်တက်နေပြီး ငှားရမ်းခဈေး များပါ မြင့်လာကြောင်း သိရပါတယ်။ "မန်းမြန်မာပလာဇာမှာ အရောင်း အဝယ်ကောင်းတော့ ရင်းနှီးမြှုပ်နှံကြ တာ။ ရွှေဝယ်လည်း အမြတ်များများ မရနိုင်သလို မန္တလေးမြေကွက်ကလည်း ဈေးကွက်အေးနေတယ်။ ဈေးဆိုင်ခန်း က ပိုင်ဆိုင်မှုတစ်ရပ်အနေနဲ့ အာမခံလို့ မရပေမဲ့ ဝယ် ထားပြီး ပြန်ငှားမယ်ဆို တွက်ခြေကိုက်တယ်။ ဒီမှာဆိုင်ခန်း ပေါင်း ၇၀၀ မှာ လွန်ခဲ့တဲ့နှစ်လက လိုက် ဝယ်ထားတဲ့သူက သူတို့ဆွေမျိုးေ တွ ပေါင်းလိုက်ရင် ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးရှိမယ်။ သူတစ်ဦးထဲကို ၁၀ ခန်းရှိ တယ်။ သူကဆိုင်ခန်းတွေဝယ်ပြီး ပြန် ငှားထားတာ။ သူလည်း လိုက်ဝယ်ပြီး ရော ဆိုင်ခန်းဈေးက မြင့်လာတော့ ရောင်းမယ့်သူမရှိဘူး။ ဆိုင်ခန်းတစ်ခန်း ကို ကျပ်သိန်း ၃၀၀ ရှိရင် ငှားရမ်းခက ကျပ် ၃ သိန်း၊ ၃ ဒသမ ၅ သိန်း၊ နေရာ ကောင်းရင် ကျပ် ၄ ဒသမ ၅ သိန်းထိ ပေးငှားရတယ်။ အပြင်မှာအိမ်ဝယ်ပြီး ငှားမယ်ဆိုတောင် ဒီလောက်ဈေးထိ ငှားခမရဘူး။ ငှားခကတစ်အားမြင့်ေ န တော့ ဈေးဆိုင်ခန်းရှင်ကို ရှာပေးသလို ဖြစ်နေ တယ်။ ဈေးရောင်းရတာ မကိုက် တော့ဘူးပေါ့။ ငှားရမ်းဖွင့်ရမယ်ဆို မကိုက်တော့ တချို့ဆို မောင်နှမတွေစု ပြီး ဆိုင်ခန်းတစ်ခန်းေ တာ့ ဖြစ်အောင် ဝယ်ရတော့တယ်။ ငှားဖွင့်တာက ဒီနှစ် မှာ ဒီနေရာဖွင့်ပြီး ငှားခမကိုက်လို့ ပြောင်းရွှေ့ဖွင့်မယ်ဆိုလည်း ဖောက် သည် ပျက်ရဦးမယ်။ ဒါကြောင့် ခုလို ဆိုင်ခန်းဈေး အဆမတန်မြင့်တက်မှု မရှိ အောင်ဈေးကြီးတွေများများပေါ်ပေါက် ဖို့လိုနေပါပြီ''လို့ အမျိုးသား၊ အမျိုးသမီး ဝတ်အမျိုးမျိုး ဖြန့်ချိရေးဆိုင်ခန်းရှင် တစ်ဦးက ပြောပါတယ်။ မန်းမြန်မာပလာဇာ မြေညီထပ်ရှိ ဈေးဆိုင်ခန်းများမှာ ယခုငှားရမ်းခနှုန်း တစ်လ ကျပ် ၃၊ ၄ သိန်းခန့်ရှိကြောင်း သိရပါတယ်။ ငှားရမ်းခဈေးမြင့်သော် လည်း ငှားမယ့်သူများပြီး ဆိုင်ခန်းအရေ အတွက် နည်းနေပါတယ်။ ဆိုင်ခန်း ၅ ခန်းဆက်ရက်လိုချင်ပါက ငှားရမ်းရန် ဆိုင်ခန်းမရှိကြောင်း၊ မိမိရောင်းနေကျ ဆိုင်ခန်းအား ငှားရမ်းခတိုးမြှင့် တောင်း လာသော်လည်း ဖောက်သည်ပျက်မှာစိုး လို့ မပြောင်းရွှေ့လိုခြင်းကြောင့် ဈေး တိုးပေးပြီး ငှားလာကြကြောင်း သိရပါ တယ်။ ဆိုင်ခန်း အရောင်းဈေးနှုန်းမှာ ကြိုက်ရောင်းကြိုက်ဝယ်ဖြင့် အရောင်း အဝယ်ရှိပြီး၊သတ်မှတ်ချက်မရှိကြောင်း၊ နေရာပေါ်မူတည်ကာဈေးနှုန်းအပြောင်း အလဲရှိကြောင်း သိရပါ တယ်။ နေရာ ကောင်းတဲ့ ဈေးဆိုင်ခန်း ရောင်းဈေး များမှာ နှစ်လတာကာလအတွင်း နှစ်ဆ မြင့်တက်လာပါတယ်။ ၈၄ လမ်းဘက် အပြင်တန်းမှာ ကျပ်သိန်း ၂၅၀၀ ဆိုင် ခန်းမှာ ကျပ်သိန်း ၅၀၀၀ ကျော်ရှိလာ သော်လည်း ရောင်းမယ့်သူမရှိကြောင်း သိရပါတယ်။ ဇူးဇူး
