အသေးစား နို့စားနွားမွေးမြူသူများရဲ့ နို့ထုတ်လုပ်မှုတိုးတက်ရေးနဲ့ အခြေခံပညာကျောင်းများမှာ နွားနို့တိုက်ကျွေးရေးစီမံကိန်း ဆွေးနွေး
အသေးစား နို့စားနွားမွေးမြူသူများရဲ့ နို့ထုတ်လုပ်မှု တိုးတက်ရေးနဲ့ အခြေခံ ပညာကျောင်းများ မှာ နွားနို့တိုက်ကျွေး ရေးစီမံကိန်းဆွေးနွေးပွဲ ကို မန္တလေးမြို့ရှိ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီး ဌာနမှာ ဇွန် ၂၅ ရက်က ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါစီမံကိန်းကို မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တို့မှ အကောင်အထည်ေ ဖာ်ဖွဲ့စည်းခဲ့ပြီး၊ နို့နဲ့ နို့ထွက်ပစ္စည်းဈေးကွက် ကွင်းဆက်တိုး တက်ဖွံ့ဖြိုးစေရန်၊ နို့ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းထိ တိုးတက်ရန်၊ တန်ဖိုးမြှင့် နို့ ထွက်ပစ္စည်းများ ထုတ်လုပ်မှုဖွံ့ဖြိုးလာ စေရန်၊ ပြည်ပအစားထိုးထုတ်နိုင်စေရန်၊ သန့်ရှင်းတဲ့ပစ္စည်းများ ထုတ်လာစေရန်၊ ကျောင်း သားသူငယ်များအတွင်း နို့ သောက်သုံးမှုတိုးတက်ရန်နဲ့ နို့စားနွား မွေးမြူသူများ ဝင်ငွေတိုးတက်ရန် ရည် မှန်းကာ ဆောင်ရွက်ခြ င်းဖြစ်ကြောင်း သိရပါတယ်။ အသေးစား နို့စားနွားမွေးမြူသူများရဲ့ နို့ထုတ်လုပ်မှု တိုးတက်ရေးစီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှစကာ လေးနှစ်စီမံကိန်း သတ်မှတ်ပြီး အခြေခံပညာကျောင်းများ မှာ နွားနို့တိုက်ကျွေးရေး စီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှစကာ နှစ်နှစ်စီမံကိန်းနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ စီမံကိန်းမြို့ နယ်များမှာ နေပြည်တော်ကောင်စီနယ် မြေမှာ ပျဉ်းမနား၊ တပ်ကုန်း၊ ရန်ကုန် တိုင်းဒေသကြီးမှာ မင်္ဂလာဒုံ၊ လှည်းကူး နဲ့ တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသ ကြီးမှာ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ မန္တလေး၊ အမရပူရ၊ စဉ့်ကိုင်၊ တံတားဦး၊ ကျောက် ဆည်နဲ့ မိတ္ထီလာမြို့နယ်စုစုပေါင်း ၁၃ မြို့နယ်ရှိ ကျောင်းသား ၂၀၀၀ ဦးခန့် အား နွားနို့တိုက်ကျွေးရန် လျာထား ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာခင်လှိုင်က '' လက်ဖက်ရည်၊ ကော်ဖီသောက်မယ့် အစားနို့သောက်ရင် ကျန်းမာမယ်။ ကလေးတွေဆို ခန္ဓာကိုယ်ဖွံ့ဖြိုးမယ်။ သောက်သုံးမှုများရင် နွားမွေးမြူမှုလည်း တိုးလာမယ်။ တံတားဦး၊ စဉ့်ကိုင်၊ နွား ထိုးကြီးရွာတွေမှာကျန်းမာလတ်ဆတ်တဲ့ နို့ထုတ်ရာမှာ စနစ်တကျ ထုတ်လုပ်နိုင် ဖို့ ပညာပေးဆောင်ရွက်မှုတွေ လုပ်နေ တယ်။ အလူမီနီယံ နို့ညှစ်ပုံးများကို အစားထိုးသုံးနိုင်စေရန် အရစ်ကျစနစ်နဲ့ ရောင်းချပေးဖို့လည်း စီစဉ်နေပါတယ်" လို့ ပြောပါတယ်။ အခြေခံပညာကျောင်းများမှာ နွားနို့ တိုက်ကျွေးရေးစီမံကိန်းကြောင့် အသေး စားနို့စားနွားမွေးမြူသူဦးရေ ၁၅၀၀ ဦး ခန့်ကို အကျိုးပြုလာနိုင်ပြီး နို့နဲ့နို့ထွက် ပစ္စည်းထုတ်လုပ်သူများမှ တာဝန်ယူ တိုက်ကျွေးသွားမှာဖြစ်ကြောင်း သိရပါ တယ်။ ဇူးဇူး
