တမူးဒေသမှ ကသည်းကျပ်တင်ခြောက်

တမူးမြို့၊ နန်းဖာလုံဈေးတွင် အများဆုံးရောင်း ချနေသော ရေထွက်ကုန်ပစ္စည်းမှာ ကသည်းကျပ် တင်ခြောက်နှင့် ငါးလေးခြောက်များဖြစ်ပါတယ်။ အဲဒီရေထွက်ကုန်များကို ဟုမ္မလင်း၊ ဖောင်းပြင်၊ ခန္တီးဒေသများမှထွက်ရှိပြီး  တုန်ဟဲ၊ ကက်ဖာမှ တစ်ဆင့် နယူးကျော်ဇေယျာ၊ ရွှေမင်းသား၊ ဟိုင်မွန် ဂျစ်လိုင်းကားများဖြင့် သယ်ဆောင်ကာ နန်းဖာ လုံဈေးမှာ လက်လီရောင်းချကြခြင်းဖြစ်ပါတယ်။  နန်းဖာလုံဈေးမှာရောင်းချတဲ့ ငါးလေးခြောက် ကတော့ မြန်မာနိုင်ငံအတွင်းအခြားဒေသများတွင် တွေ့ရတဲ့ ငါးလေးခြောက်များနဲ့အတူတူပဲ ဖြစ်ပါ တယ်။ဒါပေမဲ့ ကသည်းကျပ်တင်ခြောက်ကိုတော့ အခြားဒေသများတွင် မတွေ့ဖူးခဲ့ပါဘူး။ ကသည်း ကျပ်တင်ခြောက်ကို ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရှိ အင်းအိုင်၊ မြစ်ချောင်းများမှ ဖမ်းယူရရှိတဲ့ ငါး မျိုးစုံအား ကသည်းလူမျိုးများ ကြိုက်နှစ်သက်တဲ့ပုံစံ ဖြစ်သော ငါးကိုချေးမဖောက်၊ ဆားမထည့်ဘဲ မီးဖြင့်ကျပ်တင်ပြီး အခြောက်ခံထားခြင်းဖြင့် ရရှိပါ တယ်။ ကျပ်တင်ထားတဲ့အတွက် ငါးခြောက်ဟာ အပေါ်ယံ အမြင်အရ မည်းနေပြီးစားလျှင်လည်း ချေး မဖောက်ထားတဲ့အတွက် အရသာခါးသက် သက်ရှိပါတယ်။ ဆားမထည့်ထားတဲ့အတွက်တော့ မငန်ဘဲ ငါးရဲ့သဘာဝအချိုအတိုင်း ခံစားရတော့ ချိုခါးငါးခြောက်ပေါ့ဗျာ၊ အဲဒီချိုခါး  ကျပ်တင် ခြောက်ကိုပဲ အိန္ဒိယနိုင်ငံဘက်ရှိ ကသည်းလူမျိုး များက ကြိုက်နှစ်သက်ပြီး သူချည်းဖြစ်စေ အခြား သီးနှံများနှင့် ရောနှော၍ဖြစ်စေ ကြော်လှော်ချက် ပြုတ် စားကြပါတယ်။နန်းဖာလုံဈေးထဲမှာ ရေထွက်လုပ်ငန်း လုပ် ကိုင်သော ပွဲကြိုရုံ လုပ်ငန်းရှင် ၁၄ ဦးရှိပြီး ဆိုင်ခန်း ပေါင်း ၂၈ ခန်းခန့်ရှိပါတယ်။ ဟုန်ဟဲ၊ ကက်သာ ယာဉ်လိုင်းများနဲ့ ပါလာတဲ့ငါးခြောက်များကို ပွဲကြို ရုံလုပ်ငန်းရှင်များက ဈေးဖြတ်ဝယ်ယူပြီးဆိုင်ခန်း များမှာတင်ကာ လက်လီပြန်လည်ရောင်းချကြခြင်း ဖြစ်ပါတယ်။ ငါးအရွယ်အစားနှင့် အမျိုးအစားကို လိုက်ပြီး ကသည်းခြောက် တစ်ပိဿာကို ၁၅၀ ရူပီးမှ ၃၀၀ ရူပီး (ကျပ် ၂၂၅၀-၄၅၀၀) ထိရောင်းချ ကြပါတယ်။ ငါးလေးခြောက်တော့တစ်ပိဿာကို ၈၀ ရူပီးမှ ၁၂၀ ရူပီး (ကျပ် ၁၂၀၀-၁၈၀၀) အထိ ရှိပါတယ်။ ၂၀၁၂ ခုနှစ် မေလအတွင်းမှာတော့ ကန်ဒေါ်လာ ၃၄၀၀ တန်ဖိုးရှိ ကသည်းကျပ်တင် ခြောက် သုံးတန်တင်ပို့နိုင်ခဲ့တာတွေ့ ရပါတယ်။ ဒါကြောင့် နန်းဖာလုံဈေးမှာ ကသည်းကျပ်တင် ခြောက်ရောင်းဝယ်မှုဟာ နယ်စပ်ကုန်သွယ်ရေး တမူးစခန်းရဲ့ ပု့ိကုန်အမယ်တစ်ခုအဖြစ် ဝင်ငွေ ရလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။  သန့်စင်