ပြည်မြို့မှာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်း ဝယ်ရေး၊ တိုင်းဒေသကြီး၊ မန်နေဂျာရုံး  အစည်း အဝေးခန်းမမှာ စားသုံး သူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြော သင်တန်းကို ၂၀၁၂ ခုနှစ် ဇွန် ၂၈ ရက် နံနက် ၉ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဆိုင်ရာဝန်ကြီး၊ ဦးကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်အသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၆၄ ဦးတက်ရောက်ခဲ့ကြပါတယ်။ သင်တန်းကာလမှာ ဇွန် ၂၈ ရက်မှ ၂၉ ရက်အထိဖြစ် ကြောင်း သိရပါတယ်။      ခင်ဆွေဝင်း