မုတ်သုံမိုး နှေးကွေးနေတဲ့အတွက် အိန္ဒိယဆန်အထွက် လျော့ကျနိုင်

    အိန္ဒိယမှာ အရေးပါတဲ့ မုတ်သုံမိုးနှောင့်နှေးခြင်းကြောင့် အိန္ဒိယရဲ့သီးနှံအများဆုံး ထုတ်လုပ်ရာ ပန်ဂျပ်မှာမိုးသီးနှံ စိုက် ပျိုးမှု လျော့ကျခဲ့တဲ့အတွက် နိုင်ငံရဲ့ စုစုပေါင်းဆန်စပါး ထုတ် လုပ်မှုဟာ အနည်းဆုံး တန်ချိန် ၂၅ သိန်း ခန့် လျော့ကျ နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဇွန်နောက်ဆုံးသီတင်းပတ် တိုင်အောင် မိုးခေါင်ကြာရှည်ခဲ့ပြီး မိုးရွာသွန်းမှုက ၇ ဒသမ ၇ မီလီမီတာရှိတဲ့အတွက် ပန်ဂျပ်မှာ မိုးမလုံလောက်မှုက ၇၈ ရာခိုင်နှုန်းထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ပုံမှန်မိုးရွာသွန်းမှုက ၃၄ ဒသမ ၅ မီလီမီတာ ရှိပါတယ်။     ယခုအထိ ပန်ဂျပ်မှာ စပါးစိုက်ပျိုးမှုက ဟက်တာ ၁၂ ဒသမ ၈ သိန်းသာရှိရာ ယခင်နှစ်ကာလတူ စိုက်ပျိုးမှု ဟက်တာ ၁၇ ဒသမ ၅ သိန်းထက်ကျဆင်းတယ်လို့ ပန်ဂျပ် စိုက်ပျိုးရေးဒါရိုက်တာ Mangal  Sandhu  မှ ပြောကြား ပါတယ်။ စပါးထုတ်လုပ်မှုနှုန်းက တစ်ဟက်တာ ၃ တန် - ၄ ဒသမ ၅ တန်နီးပါးခန့်ရှိပါတယ်။ နောက်ထပ် စိုက်ပျိုးဖို့ တစ်ဟက်တာ ၅ သိန်းကျန်သေးတဲ့အတွက် စပါးတန်ချိန် ၂၅ သိန်းခန့်အထွက်လျော့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဘာစ မာတီစိုက်ပျိုးမှု စတင်ရခြင်းမရှိသေးဘူလို့ Sandhu  မှ ဆိုပါတယ်။    ပျမ်းမျှအားဖြင့် ပန်ဂျပ်ပြည်နယ်မှ စပါးတန်ချိန် ၁၆၀ သိန်း ကြံတန်ချိန် ၄၈ သိန်းနဲ့ ပြောင်းတန်ချိန် ၃ ဒသမ ၅ သိန်း ထုတ်လုပ်လျက်ရှိပါတယ်။ မိုးလေဝသဌာနအရာရှိများ ရဲ့ ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံ ကျန်တဲ့ ဒေသတွေနဲ့ယှဉ်ရင် ပန်ဂျပ်ပြည်နယ်မှာ အပူချိန်ဆက်များဖွယ်ရှိတယ်လို့ ဆိုပါ တယ်။ ၂၀၁၂ ဇွန်၂၁ ရက်မှာ အမ်ရစ်စတာမြို့ရဲ့ အမြင့်ဆုံး အပူချိန် ၄၅ ဒသမ ၉  ံC အထိ ရောက်ရှိခဲ့ပါတယ်။    ပန်ဂျပ်ဒေသရဲ့ မိုးအခြေအနေက ဇူလိုင်လ ဒုတိယပတ် မှာသာ တိုးတက်ဖွယ်ရှိတယ်လို့ မိုးလေဝသနဌာန ဒါရိုက်တာ Surender  Pal မှ ပြောကြားပါတယ်။ မုတ်သုံမိုးက အိန္ဒိယ စိုက်ပျိုးမြေရဲ့ ၅၈ ရာခိုင်နှုန်းနီးပါးရေရရှိဖို့ အဓိကအရေးပါပြီး၊ ဇွန်မှာ မိုးရရှိမှုက ပျမ်းမျှအောက် ၃၁ ရာခိုင်နှုန်းသာ ရှိတဲ့ အတွက်နောက် သီတင်းပတ်မှာမုတ်သုံမိုးတိုးတက်ဖွယ်ရှိတယ် လို့ စိုက်ပျိုးရေးဝန်ကြီး ရှရတ်ပါဝါက ဇူလိုင် ၃ ရက်မှာ ကြေ ငြာထားပါတယ်။    စိုက်ပျိုးမြေရဲ့ ၉၃ ရာခိုင်နှုန်းခန့်မှာ ရေသွင်းထားပြီး ဖြစ်တဲ့ ပန်ဂျပ်နဲ့ ဟာရာနာအတွက် မိုးရွာခြင်းက ဆန်နဲ့ကြံ သီးနှံကိုကြီးမားတဲ့ထိခိုက်မှုမရှိနိုင်ဘူးလို့အချို့ စီးပွားရေး ပညာ ရှင်များက ယုံကြည်ကြပေမယ့် မြေအောက် ရေခန်းခြောက် ခြင်းကြောင့် စပါးထုတ်လုပ်မှုစရိတ်တိုးတက်မယ်လို့ အချို့က ဆိုပါတယ်။    မိုးနည်းပါးခြင်းက သွင်းအားစုစရိတ်တိုးတက်ယုံသာမက ဆည်ရေသွင်းဖို့ လျှပ်စစ်လည်း ပြတ်တောက်နေတယ်လို့ ဆိုပါ တယ်။                        လမင်း၊ Source: riceonline