Dry process နည်းပညာသုံး ဘိလပ်မြေစက်ရုံကို ကျောက်ဆည်မြို့နယ်မှာ ယခုလအတွင်းဖွင့်မယ်
မြန်မာဆင် ဘိလပ်မြေ စက်ရုံမှ Dry Process နည်းပညာသုံးကာ ယခု လအတွင်း ဖွင့်လှစ်မှာဖြစ်ကြောင်း သိရ ပါတယ်။ မြန်မာဆင်ဘိလပ်မြေစက်ရုံကို ကျောက်ဆည်မြို့နယ်၊ တောင်တော်ဒေ သမှာတည်ဆောက်ထားပြီး ကျောက် ဆည်မြို့နယ်မှာ Dry Process နည်း ပညာသုံးဘိလပ်မြေစက်ရုံ သုံးရုံသာရှိ ကြောင်း သိရပါတယ်။မြန်မာဆင်ဘိလပ်မြေစက်ရုံပိုင်ရှင် ဦးအောင်ဝင်းခိုင်က " ဖွံ့ဖြိုးတဲ့နိုင်ငံမှန် သမျှ Dry Process ပဲသုံးတယ်။ Wet Process ဆိုရင် လောင်စာ တအား ကုန်တာ၊ Dry Process က Quality Control ဖြစ်တယ်။ လောင်စာသုံးစွဲမှု အား ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင် နှုန်းထိ လျှော့ချပေးနိုင်တယ်။ ကျောက် မီးသွေး တန် ၁၀၀ သုံးစွဲမှုကနေ တန် ၆၀ ထိ လျှော့ချနိုင်တယ်။ စက်ရုံတည် ဆောက်မှုကပြီးသလောက်ရှိနေပြီ။ စက်ရုံမှာနေထိုင်မယ့် ဝန်ထမ်းတွေအတွက် ဝန်ထမ်းအိမ်ရာ၊ ကလေးမူကြိုေ ကျာင်း၊ နောက်ပြီး ဈေးဆောက်ဖို့လုပ်နေတယ်။ မီးမရသေးလို့ မလည်နိုင်သေးတာ။ ဇူလိုင်လ မီးရတာနဲ့ စက်လည်မယ်။ ကမ္ဘာမှာ Wet Process သုံးတဲ့ ဘိလပ် မြေစက်ရုံက မရှိတော့ဘူး။ လောင်စာ သုံးစွဲရတဲ့အပြင်ကုန်ကျစရိတ်က အရမ်း များတယ်" လို့ ပြောပါတယ်။ ကျောက်ဆည်မြို့နယ်မှာ Dry Process နည်းပညာသုံး ဘိလပ်မြေ စက်ရုံများမှာ မြန်မာဆင်၊ ဦးပိုင်နဲ့ မြင်း ခေါင်းဘိလပ်မြေစက်ရုံ သုံးရုံရှိပြီး Wet Process နဲ့ Dry Process ထုတ် ဘိလပ်မြေတစ်အိတ်ကို ကျပ် ၂၀၀ ဈေးကွာဟကြောင်း သိရပါတယ်။စက်ရုံဝင်းအတွင်း သဘာဝပတ် ဝန်းကျင်ကာကွယ်နိုင်ရန်အတွက် ဇူလိုင် ၁ ရက်က အရိပ်ရပင် ၂၀၀၀ ကို စိုက် ပျိုးပွဲပြုလုပ်ခဲ့ပြီး ယခင်က အရိပ်ရပင် ၃၀၀၀ စိုက်ပျိုးခဲ့ကြောင်း သိရပါတယ်။ စက်ရုံအနီးတစ်ဝိုက်ရှိ တောင်သူများ လေ့လာနိုင်ရန်အတွက် ဇီဝမြေသြဇာ သုံး စိုက်ခင်း ၁၅ ဧက စိုက်ပျိုးထားပြီး Organic Fertilizer နည်းပညာများ အား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရပါ တယ်။ မြန်မာဆင် ဘိလပ်မြေစက်ရုံမှ စက်လည်ပတ်ပါက တစ်ရက်ကို တန် ၆၀၀ လည်ပတ်နိုင်မှာ ဖြစ်ကြောင်း သိရ ပါတယ်။ ဇူးဇူး
