ပြည်တွင်းဈေးကွက်မှာ မတ်ပဲရောင်းဝယ်မှုသွက်နေ ဈေးကွက်အတွင်းသို့ ပြင်ပငွေများစီးဝင်လာ
တစ်ပတ်အတွင်း တင်ပို့မှုမှာ ပဲတီစိမ်းကစံချိန်ချိုးလာတစ်ပတ်အတွင်း ပဲမျိုးစုံတင်ပို့မှုမှာ ပဲတီစိမ်းက စံချိန် ချိုးပြီး တင်ပို့မှုပိုလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တရုတ်ဘက် က အဆွဲအေးသွားတဲ့အတွက် တင်ပို့မှု တန် ထောင်ဂဏန်းသာ တင်ပို့နိုင်ခဲ့ရာမှ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တော့ တန်ချိန် ၂၅၀၀၀ နီးပါးအထိ ဆတိုးတင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေမှာလည်း အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားအပြင် ယူအေအီး၊ တရုတ်၊ ဗီယက်နမ်နဲ့ ဂျပန်တို့ကိုပါ တင်ပို့လာတာ တွေ့ရပါတယ်။မတ်ပဲကတော့ အရင်သီတင်းပတ်တွေလိုပဲ အရှိန် ကောင်းကောင်းနဲ့ သွားနေဆဲဖြစ်တာ တွေ့ရပါတယ်။ ပဲစင်းငုံ ကတော့ တင်ပို့မှုပမာဏနည်းနည်းလျော့ပြီး ကုလားပဲမှလည်း အနည်းငယ်သာတင်ပို့မှုရှိတာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာ နှစ်အတွင်း ဇူလိုင် ၇ ရက်အထိ ပဲမျိုးစုံစုစုပေါင်းတင်ပို့မှုကို လေ့လာကြည့်ရင် တန်ချိန် ၅၄၀၀၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင် ငွေမှာ ကန်ဒေါ်လာ ၃၁၈ သန်းကျော် ရရှိပြီးဖြစ်လို့ ယခင် ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု တန်ချိန် ၄၂၀၀၀၀ ကျော် ရရှိတဲ့ ဝင်ငွေ ကန်ဒေါ်လာ ၃၈၂ သန်းနီးပါးနဲ့ယှဉ်ရင် ပမာဏအား ဖြင့် လက်ရှိနှစ်မှာ တန်တစ်သိန်းကျော် ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိ တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၇၀ နီးပါး လျော့ကျတာ တွေ့ရပါ တယ်။ ပြည်တွင်းဈေးကွက်မှာ မတ်ပဲက ဦးဆောင်နေ ရန်ကုန်ဈေးကွက်မှာ ပဲမျုးိစုံ အရောင်းအဝယ်ဖြစ်တဲ့ အနက် မတ်ပဲက ဦးဆောင်နေပါတယ်။ မတ်ပဲ SQ တွေ တင်ပို့ မှုသွက်နေလို့ ဈေးကွက်မှာ SQ ပစ္စည်းပြတ်သလောက်ရှိနေပြီး FAQ ကို အဓိကထား ရောင်းဝယ်နေတယ်လို့သိရပါတယ်။ လက်ကြီး သမားတွေက မတ်ပဲ ၁ တန် ကျပ် ၄ သိန်းကျော်မှာ ရောင်းထုတ် ခဲ့ကြလို့ လက်ရှိမှာ ပစ္စည်းလွတ်နေပြီး ဈေးကွက်မှာ တစ်တန် ကျပ်၅ သိန်း တစ်ပတ်လည်မှာ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါ တယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လပိုင်းကနေ သြင်္ကန်အထိ ပဲဈေးကွက် မကောင်းခဲ့လို့ အခြားလိုင်းဘက်ပြောင်းလုပ်ကြတဲ့ ပဲသမားတွေက လည်း ဇွန်၊ ဇူလိုင်ထဲမှာ ဈေးကွက်ပြန်ကောင်းလာလို့ ဈေးကွက်ထဲ ပြန်ဝင်လာသလို ပဲလောက အပြင်ဘက် အခြားလိုင်းက လည်း ဝင်လာတဲ့အတွက် ပြင်ပပိုက်ဆံတွေ ဈေးကွက်မှာ ပုံလာတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါကြောင့် ပဲဈေးကွက် က ပြန်ပြီး တက်လာတဲ့ အနေအထားရှိတယ်လို့ သိရပါတယ်။ ဈေးကွက်မှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ မတ်ပဲက ပြည်ပ အဝယ်ရှိသလို ပြည်တွင်းမှာကိုပဲ ဒေသတွင်း ကုန် သည်ကြီးတွေ ရောင်းဝယ်မှုက သွက်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံကတော့ အိန္ဒိယက အဆွဲထိုင်းနေတယ်လိ့ု သိရပါတယ်။ အာဖရိကဘက်က လက်ကျန်ပဲစင်းငုံတွေကို တွန်းရောင်းနေတဲ့ အတွက် မြန်မာပဲစင်းငုံကို အဝယ်ထိုင်းတဲ့ သဘောရှိပေမဲ့ အိန္ဒိယမှာလည်း ရာသီပေါ်ချိန်ထိ လက်ကျန်မလုံလောက်တဲ့ အခြေအနေရှိလို့ မြန်မာပဲစင်းငုံဘက်က တစ်ဖန်ပြန်လှည့် လာ နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ပဲတီစိမ်းအနေနဲ့ အညာပဲတီစိမ်းတွေ ဝင်လာပြီဖြစ်သလို အရည်အသွေးကလည်း ကောင်းတဲ့ဘက်မှာရှိလို့ အရောင်း အဝယ် အသင့်အတင့်ရှိနေပါတယ်။ ပဲတီစိမ်းက ဈေးကွက် ကျယ်ပြန်တာမို့ အရည်အသွေးကောင်းရင် ဈေးကောင်းဖို့ပဲရှိ တယ်လို့ ကုန်သည်တချို့က ဆိုပါတယ်။ ပဲစားသုံးတဲ့ နိုင်ငံမှာ ရော ပဲထုတ်လုပ်တင်ပို့တဲ့ အမေရိကန်၊ ကနေဒါတို့မှာလည်း ရာသီဥတု အခြေအနေတွေအရ စိုက်ဧရိယာတွေ တိုးစိုက်ပေမဲ့ ပဲထုတ်လုပ်မှုတိုးတက်နိုင်တဲ့ အခြေအနေအားနည်းလို့ မြန်မာ ပဲဈေး အကျဘက် ထပ်မဆင်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။ရန်ကုန် FOB ဈေးအနေနဲ့ မတ်ပဲနဲ့ ကုလားပဲဖြူလုံး ကြီးမှာ ယခင်တစ်ပတ်ဈေးထက်ပိုလာပေမဲ့ ပဲစင်းငုံဈေးမှာ အနည်းငယ်ေ လျာ့ပြီး ပဲတီစိမ်းဈေးမှာ ငြိမ်နေတာ တွေ့ရပါ တယ်။ ပြည်တွင်းဈေးအနေနဲ့ မတ်ပဲဈေးမှာ တစ်ပတ်အတွင်း တစ်တန် ကျပ်တစ်သောင်းကျော်၊ ပဲတီစိမ်းမှာလည်း တစ်တန် နှစ်သောင်းကျော်တက်လာပေမဲ့ ပဲစင်းငုံမှာ ကျပ် နှစ်သောင်း ကျော်လျော့ကျ တာ တွေ့ရပါတယ်။
