ဒီတစ်ပတ် ဓာတ်မြေသြဇာ အများဆုံးဝင်

ဒီတစ်ပတ် ဓာတ်မြေသြဇာ အများဆုံးဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇူလိုင် ၁ ရက်မှ ၇ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ ၂၇၆၂ ဒသမ ၈၆၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းခြောက်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တော့ အိုက်စလန်နိုင်ငံမှ FOLIAR  မြေသြဇာ ၆၃ တန်၊ အစ္စရေးနိုင်ငံမှ FOLIAR  မြေသြဇာ ၈၄ တန်၊ ထိုင်းမှ အာမိုမြေသြဇာ တန်ချိန် ၂၄၀၀ နဲ့ အခြားမြေသြဇာက ၁၀ ဒသမ ၈၆၈ တန်၊ စင်ကာပူနိုင်ငံမှ မြေသြဇာတန်ချိန် ၁၀၀ နဲ့ ဗီယက်နမ် နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၁၀၅ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က မြေသြဇာတင်သွင်းမှုက တန်ချိန် ငါးရာ့နှစ်ဆယ်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာတန်ချိန် နှစ်ထောင်ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။                          MIRT(DOT) နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၀၀၀၀ ကျော်အသွင်းရှိမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၈၂ သန်းတန်ဖိုး ရှိတဲ့ ဓာတ်မြေသြဇာ ၁၀၀၂၀ တန်ခန့်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ကာလအတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၉၅၅ တန်ကျော်တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၉၃၇၂ တန်ကျော်၊ မြိတ်မှ တန် ၃၀၀၊ ရိဒ်မှ ၂၉၂ တန်ကျော်နဲ့ ကော့ သောင်းမှ ၅၈ တန်အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ကော့သောင်းနဲ့ ရိဒ်မှအသွင်းလျော့ခဲ့သော်လည်း မူဆယ်နဲ့ မြိတ်နယ်စပ်တို့မှ တင်သွင်းမှုပိုမိုခဲ့တာ တွေ့ရပါတယ်။ မူဆယ်နယ်စပ်က အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေက တော့ ယူရီးယား၊ တီစူပါဖော့စဖိတ်၊ နိုက်တြစ်ဖော့စဖိတ်၊ ကွန်ပေါင်း ၁၀း၁၀း၅ နဲ့ ၁၅ ပတ်လည်၊ စင်ဂဲလ်စူပါဖော့စဖိတ်တို့ ဖြစ်ကြပါတယ်။     MIRT(DOBT) ရာသီအလိုက် ဈေးကွက်အေးနေဆဲ မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်ဓာတ်မြေသြဇာက အရောင်းအေးလာ တယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး ကဆိုပါတယ်။ ကွန်ပေါင်းနဲ့ တီစူပါက ဈေးမတက်ဘဲ ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေပါတယ်။ ပုလဲအသေး ၄၆%က ငါးရာကျပ်ဈေးကျလာပါတယ်။ ဒီလိုဈေးကျလာတာကလည်း ကုန်သွယ်ခွန်လျော့ ကျလာတာကြောင့် လည်း ဖြစ်တယ်လို့သိရပါ တယ်။ ဒီတစ်ပတ်အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးတွေက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) က တစ် အိတ်ကို ၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅ ပတ် (ထိုင်း) က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း ၁၅ ပတ်လည် (ပန်းရောင်) က ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)က ၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၅၀၀ ကျပ် နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ်ဈေးတို့ဖြစ်ပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးနေတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ယူရီးယား-ပုလဲ(ကမ္ဘာလုံး-ရွှေတောင်) တရုတ်က ၅၀၀ ကျပ်၊ ပန်းဖူး (တရုတ်) ၂၀၀၀ ကျပ်၊ တီစူပါက ၅၀၀ ကျပ် ဈေးကျလာခဲ့ပြီး ဓာတ်ဆားက ၃၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၁၀၀၀ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ အရောင်းအဝယ် အေးပြီး အသုံးနည်းလာတာကြောင့် ဈေးကျလာတာဖြစ်တယ်လို့ဆိုပါတယ်။ ဈေး ကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ယူရီးယား-ပုလဲ(ကမ္ဘာလုံး-ရွှေ တောင်)(တရုတ်) ၂၀၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၈၅၀၀ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ကျပ်၊ ဓာတ်ဆား(တရုတ်) ၂၁၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) က ၁၉၀၀၀ ကျပ်နဲ့ မြားကမ္ဘာ ၁၄၅၀၀ ကျပ်ဈေးတို့နဲ့ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာအရောင်းကပုံမှန်ရှိတယ်လို့ အရောင်းဆိုင် မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာလည်း ယူရီးယားနဲ့ တီစူပါ မြေသြဇာဈေးက ယခင်တစ်ပတ်ဈေးထက် တစ်ရာကျပ်ဝန်းကျင် ဈေးထပ်ကျလာပြီး အာမို ၁၅း၁၅း၁၅ (တရုတ်)က ငါးရာကျပ် ဈေးကျလာပါတယ်။ ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၆၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး (တရုတ်) ၂၀၈၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၉၉၀၀ ကျပ်၊ တီစူပါ(GSSP ၁၆%-တရုတ်) ၈၁၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) က ၇၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်နဲ့ ကွန်ပေါင်း (တရုတ်) ၁၀း၁၀း၅ က ၁၃၃၀၀ ကျပ်ဈေးနဲ့ ဒီတစ်ပတ်အတွင်း ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက ပုံမှန်အရောင်းရှိနေပြီး မြေသြဇာ ဈေးက ယခင်တစ်ပတ်ရောင်းဈေးထက် ပိုပြီးဈေးကျလာတယ်လို့ သိရပါတယ်။ မြားကမ္ဘာ-တရုတ် ၁၂း၁၃ က ၃၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၄၀၀ ကျပ်၊  အာမို ၁၀း၁၀း၅ က ၇၀၀ ကျပ်၊ အာမို ၁၅ ပတ်လည်က ၈၀၀ ကျပ်၊ ယူရီးယား ပုလဲ(ပန်းဖူး-ရွှေတောင်) တရုတ်က ၁၀၀၀ ကျပ်၊ တောင်သူမမြေသြဇာက ၉၀၀ ကျပ်၊ ပိုတက်က ၁၅၀၀ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၅၀၀ ကျပ်အသီးသီး ဈေးကျလာပြီး အသုံးများတဲ့တီစူပါ (မြားနီ-တရုတ်)က ၁၀၀၀ ကျပ် ဈေးမြင့်လာ ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မြေသြဇာ ဈေးတွေက မြားကမ္ဘာ-တရုတ် ၁၂း၁၃ က (အပြာ) ၁၅၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၄၆၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၅၈၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၄၀၀၀ ကျပ်၊ ယူရီးယားပုလဲ(ပန်းဖူး- တရုတ်)က ၂၂၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၂၃၀၀၀ ကျပ်၊ တောင်သူမ ၁၄၆၀၀ ကျပ်၊ ပိုတက်ရှ်က ၂၂၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။                                 MIRT(DOT)