ဗီယက်နမ်က တန်းမြင့်ဆန်များကို ဈေးအနိမ့်နဲ့ ရောင်းချ
ယခုနှစ် ပထမ ခြောက်လအတွင်း တင်ပို့ခဲ့တဲ့ ဆန်တန်ချိန် ၃ ဒသမ ၄ သန်းရဲ့ ထက်ဝက်ကျော်က အဆင့်မြင့် ၅ မှတ်ဆန်များ ဖြစ်ပါတယ်။ ဒါပေမယ် အဲဒီဆန်တင်ပို့ဈေးကတော့ အနိမ့်ဆုံးအဆင့် သာရှိခဲ့တယ်လို့ ဗီယက်နမ် စားနပ်ရိက္ခာ အသင်း (VFA) ဥက္ကဋ္ဌ Truongthanh Phong မှ ၂၀၁၂ ခုနှစ် ပထမခြောက်လအတွင်း ဆန်တင်ပို့ မှု ပြန်လည်သုံးသပ်ခြင်းညီလာခံမှာ ပြောကြားခဲ့တာဖြစ် ပါတယ်။ ဗီယက်နမ် ဆန်တင်ပို့သူတွေဟာ ကြီးမားတဲ့ အခက်အခဲ များနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ၎င်းင်းကဆိုပါတယ်။၂၀၁၁ ခုနှစ်မှာ ဗီယက်နမ်အတွက် အကြီးဆုံးဈေးကွက်ဖြစ် ခဲ့တဲ့ အင်ဒိုနီးရှားက ဆန်တင်သွင်းဖို့ ရည်ရွယ်ထားခြင်းမရှိသေးတဲ့ အခြေအနေဖြစ်နေပြီး၊ အပြောင်းအလဲမရှိသေးတဲ့ မလေးရှားဈေး ကွက်အတွက် အိန္ဒိယနဲ့ ယှဉ်ပြိုင်နေရပါတယ်။ ဒါပေမယ့် တရုတ်က ဗီယက်နမ်ဆန်ကို အများဆုံးဝယ်ယူသူအဖြစ် ပေါ်ထွက်လာပြီလို့ Phong က ဆိုပါတယ်။ ဆန်တင်သွင်းဖို့ အစီအစဉ်နဲ့ပတ်သက်လို့ ငြိမ်သက်နေဆဲဖြစ်တဲ့ အင်ဒိုနီးရှားအစား ဗီယက်နမ်ဆန်များ တရုတ် ကို ရောင်းချနေရပါတယ်။ယနေ့အချိန်ထိ ဗီယက်နမ်လုပ်ငန်းရှင်များဟာ တရုတ်နိုင်ငံ ကိုတင်ပို့ဖို့ ဆန်တန်ချိန် ၁ ဒသမ ၂ သန်းစာချုပ် ထားပြီး၊ တန်ချိန် ၉ သိန်းမှာ တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ တရုတ်ဈေးကွက် က အများဆုံးစားသုံးတဲ့ ဆန်များကတော့ စပယ်ဆန်နဲ့ ဆန်ဖြူ ၅ မှတ်ဆန်များဘဲဖြစ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်ဆန်တင်ပို့သူတွေ အနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနဲ့ လုပ်ငန်းလုပ်တဲ့အခါမှာ သတိထားဖို့ Phong မှ အကြံပြုထားကြောင်း သိရပါတယ်။တရုတ်လုပ်ငန်းရှင်အချို့က ၎င်းင်းတို့ထံကို မရောင်းမီ အမျိုး အစားမတူတဲ့ ဆန်များရောနှောဖို့ ဗီယက်နမ် လုပ်ငန်းရှင်များကို တိုက်တွန်းခြင်းများက ကမ္ဘာ့ဈေးကွက်မှာ ဗီယက်နမ်ဆန်ရောင်းချမှု ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ VFA ထုတ်ပြန်တဲ့စာရင်းအရ ၅ မှတ်ဆန်ဟာ စုစုပေါင်းတင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးရှိလို့ ယခင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၅၃ ရာခိုင်နှုန်းတိုးတက်နေပါတယ်။ ထိုင်း ဆန်တင်ပို့မှုကျဆင်းချိန်မှာ ဗီယက်နမ်က တန်းမြင့်ဆန် ပိုမိုတင်ပို့ခဲ့ ပါတယ်။ဒါပေမယ့် တန်းလတ်ဆန် (၁၅ မှတ်ဆန်)တင်ပို့မှုကတော့ မနှစ်ကာလတူနဲ့ယှဉ်ရင် ၅၆ ရာခိုင်နှုန်းကျဆင်း ပြီး၊ စုစုပေါင်းတင် ပို့မှုရဲ့ ၂၁ ရာခိုင်နှုန်းသာ ရှိပါတယ်။ အဲဒါကလည်း အင်ဒိုနီးရှားက မှာယူမှုမရှိတာကြောင့်လို့ ဆိုပါတယ်။ အထူးသဖြင့် တန်းနိမ့်ဆန်က စုစုပေါင်းတင်ပို့မှုရဲ့ ၉ ရာခိုင်နှုန်းသာရှိလို့ မနှစ်ကကာလတူနဲ့ယှဉ်ရင် ၄၄ ရာခိုင်နှုန်းကျဆင်းပါတယ်။ အကြောင်းကတော့ တန်းနိမ့်ဆန် အဓိက တင်သွင်းတဲ့ဖိလစ်ပိုင်က တင်သွင်းမှု လျော့ကျပြီး၊ အိန္ဒိယနဲ့ လည်း ယှဉ်ပြိုင်တင်ပို့နေရတာကြောင့် ဖြစ်ပါတယ်။ပုံမှန်ဖောက်သည်များမှ ဝယ်လိုအားနည်းတဲ့တိုင် ၂၀၁၂ခုနှစ် အတွင်း ပြည်ပတင်ပို့မှုနဲ့ပတ်သက်လို့ ဆက်ပြီးကောင်းဖို့ ဗီယက်နမ် ဆန်တင်ပို့သူတွေအတွက် အကြောင်းအရင်းတွေ ရှိနေပါတယ်။ Argimex မှ ငုယင်မင်တိုင်က ဗီယက်နမ်ဆန်ကို ဂျပန်၊ တောင်ကိုရီး ယား၊ တရုတ်တိုင်ပေနဲ့ ဟောင်ကောင်တို့လို ဈေးကွက် သစ်အချို့က ဝယ်ယူမယ်ဆိုတာ ယုံကြည်တယ်လို့ ဆိုပါတယ်။ ဗီယက်နမ်ဆန်တင်ပို့သူများဟာ တောင်ကိုရီးယားကို အရောင် မတင်ရသေးတဲ့ ဆန်၊ ဆန်ဖြူနဲ့ ဆန်ကွဲ တန် ၃ သောင်းတင်ပို့ဖို့ လေလံအောင်မြင်ထားပါတယ်။ ၂၀၁၁ ခုနှစ်အတွင်းမှာ တောင်ကိုရီး ယားက ဆန်တန် ၃ သိန်းတင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့ပေမယ့် ဗီယက် နမ်ဆန်တင်ပို့သူများ တင်ဒါမရရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဗီယက်နမ် နိုင်ငံက တန်းမြင့်ဆန်တင်ပို့တဲ့တိုင် တင်ပို့ဈေးက မြင့်မားခြင်းမရှိပါ ဘူး။ ဗီယက်နမ် ၅ မှတ်ဆန်ဈေးက ယခုအခါ ဈေးကွက်မှာ အနိမ့် ဆုံးအဖြစ်နဲ့ တစ်တန် ကန်ဒေါ်လာ ၄၁၅ ဝန်းကျင်ရှိနေပြီး၊ ထိုင်း ဆန်ဈေးထက် ကန်ဒေါ်လာ ၁၇၀ လျော့နည်းနေပါတယ်။ အထူးသဖြင့် ဗီယက်နမ်ဆန်ဈေးက ပါကစ္စတန်နဲ့ အိန္ဒိယ ဆန်ဈေး တစ်တန် ကန်ဒေါ်လာ ၄၆၅ နဲ့ ၄၃၀ ထက်ပင် လျော့နည်း နေပါသေးတယ်။ ဆန်တင်ပို့ဈေး နိမ့်နေတဲ့အတွက် အကျိုးအမြတ် ရအောင်မလုပ်နိုင်ဘူးလို့ ဆန်တင်ပို့သူတွေက ဆိုပါတယ်။ ဗီယက်နမ် အစိုးရဟာ ကနဦးစီစဉ်ထားတဲ့ နွေဆန်တန်ချိန် ၁ သန်းဝယ်ယူသို လှောင်ထားဖို့အစား တန်ချိန် ၅ သိန်းဝယ်ယူဖို့ ဆုံးဖြတ်ချက်ထုတ်ပြန် ထားကြောင်း သိရပါတယ်။လမင်း၊ Source: riceonline
