မန်းပန်းဈေးကွက် ရက်ရှည်ခံပန်းများ အရောင်းသွက်

        မန္တလေးဈေးကွက်သို့ ပြင်ဦးလွင်မှ သစ္စာပန်းနဲ့ ပန်းတိမ်မနိုင်ပန်းများ လှိုင်လှိုင်ဝင်ရောက်နေပါတယ်။ ပန်းဒိုင်များမှ ဟော်လန်သစ္စာပန်းပွင့်ကြီးရောင်စုံ ၂၅ စည်းပါ တစ်ထုံး ၈၅၀၀ ကျပ်၊ ပွင့်သေးတစ်ထုံး ၅၀၀၀ ကျပ်၊ ပန်းတိမ်မနိုင် ၁၀ ခက်စည်း ၂၅ စည်းပါတစ်ထုံးကို ၁၂၀၀၀ ကျပ်နဲ့ ပန်းဒိုင်များမှဝယ်ယူကာ၊ တစ်ရက်ကို ပန်းဒိုင်များသို့ စည်းရေ ၂၅၀ မှ ၃၀၀ ဝင်ရောက်ကြောင်း လက်လီဈေးသမားများအနေနဲ့ ဟော်လန်ပွင့်ကြီး ၅ ခက်တစ်စည်း ၅၀၀ ကျပ်၊ ၄၀၀ ကျပ်၊ ဟော်လန်ရောင်စုံပွင့်သေးတစ်စည်း ၃၅၀ ကျပ်၊ ၃၀၀ ကျပ်၊ ပန်းတိမ်မနိုင် ၁၀ ခက်တစ်စည်း ၆၅၀ ကျပ်၊ ၇၀၀ ကျပ်ဈေးများနဲ့ရောင်းပြီး၊ တာရှည်ခံပန်းများဖြစ်တဲ့အတွက် အိမ်ရှင်မများ အကြိုက်တွေ့တဲ့ ပန်းများဖြစ် တာ ကြောင့် ရောင်းဝယ်မှု အားလည်းကောင်းကြောင်း သိရှိရပါတယ်။                               ယဉ်ယဉ်အေး