နိုင်ငံခြားဧည့်များ အဝင်များလာပြီဖြစ်သော်လည်း စပိန်ဧည့် အဝင်နည်း
ယခုလမှာ နိုင်ငံခြားဧည့်စတင်ဝင်ရောက်ချိန် အဝင်များလာသော် လည်း လာနေကျစပိန်ဧည့်များ အဝင်နည်းနေကြောင်း သိရပါတယ်။ယခင်နှစ်များက ဇွန်၊ ဇူလိုင်လမှာ စပိန်ဧည့် အဝင်များပြီး၊ သြဂုတ်လ ပိုင်းမှာ အီတလီဧည့်များ အဝင်များပြီး၊ ပြင်သစ်ဧည့်များမှာ တစ်နှစ်ပတ်လုံး ဝင်ရောက်လျက်ရှိသော်လည်း စပိန်ဧည့်များ ဝင်ရောက်မှုမှာ သိသိသာသာ နည်းနေကြောင်း သိရပါတယ်။" အခါတိုင်း နှစ်တွေက ဧပြီလနောက်ပိုင်းဧည့်ပါးခဲ့ပါတယ်။ ဇွန်ဆို ဧည့်စဝင်နေကျ ဒီနှစ်မှာ သိသိသာသာ ဝင်သလားဆိုတာ ထမင်းဆိုင် တွေကြည့်ရင် သိသာတယ်။ ခါတိုင်း အောက်တိုဘာမှ ဧည့်စဝင်တာ။ စပိန် ဧည့်ဆို နေရာတိုင်းမှာ တွေ့နေကျ။ ဒီလမှာ များများမတွေ့ဘူး။ ၂၀၁၀-၁၁ ကစပြီး၊ ဧည့်များလာလို့ Guide တွေ အလုပ်လုပ်ရတာလည်း လုံး၀ ပြောင်းလဲသွားပြီ။ အရင်က ကိုယ်ကအလုပ်ရှာရတာ။ ခုခရီးသွား Agency တွေက Guide လုပ်ဖို့ပြန်ခေါ်နေရတာ။ မန္တလေးမှာ Guide အရေအတွက် က အယောက် ၃၀၊ ၄၀ ပဲ လက်တွေ့လုပ်နေတော့ အရမ်းနည်းတယ်။ နောက်လတွေဆို ဧည့်ထပ်တိုးလာတော့မယ်။ ဟိုတယ်မလုံလောက်တော့တဲ့ အခက်အခဲတွေလည်း ဖြစ်လာနိုင်တယ်။ Family Tour က ပြဿနာမရှိ ပေမယ့် Group အနေနဲ့လာရင် ဟိုတယ်အခက်အခဲဖြစ်နိုင်တယ်။ ကားတွေ လည်း အဆင့်မီဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကဆို အဲယား ကွန်းအသံမြည်တာ။ ဓာတ်ဆီနဲ့ ဆူညံမှုဖြစ်တဲ့ ကားတွေနဲ့ ကြုံခဲ့ရတယ်။ ခုလည်း ကားသစ်တွေဝင်လာနေပေမယ့် ကားပိုင်ရှင်က ငွေလက်ငင်းမရ တော့ ဝန်ဆောင်မယ့်သူနည်းပါတယ်။ Agency တွေကလည်း ငွေလွှဲဖို့ခက် ခဲတဲ့အတွက် လက်ငင်းမချေနိုင်ဘူး။ တဖြည်းဖြည်းနဲ့ နိုင်ငံခြားငွေလွှဲနိုင်တဲ့ ဘဏ်တွေ များများပေါ်လာပြီဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်" လို့ ဧည့် လမ်းညွှန် ကိုကျော်ဇေယျကပြောပါတယ်။ဧည့်လမ်းညွှန်များရဲ့ အခြေခံလုပ်အားခအား တိုးမြှင့်ပေးဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကို တင်ပြထားကြောင်း သိရပါတယ်။ ဇူးဇူး
