ပခုက္ကူဈေးကွက်မှာ ကုလားပဲဈေးမာပြီး ပဲစင်းငုံနီ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

    ပခုက္ကူဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲ သွက်နေသလို ကုလားပဲ(ထိုင်ဝမ်)ကိုလည်း မြို့ခံပဲခွဲစက်တွေက ဝယ် လိုအားများလာလို့ ယခင်အပတ်နဲ့စာရင် ဈေးစွာလာကြောင်း သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၀၇၈ ကျပ်(တစ်တန်ကို ၆၆၀၁၅၆ ကျပ်)၊ ကုလားပဲတစ်ပိဿာကို ၁၀၅၂ ကျပ်(တစ်တန်ကို ၆၄၄၂၃၄ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း အိတ် ၁၀၀၀ ခန့့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို မူတည်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်ပိဿာကို ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။